နှစ်ကုန်နှစ်သစ်ကူးပိတ်ရက်တွေမှာ အရေးကြီးလူနာတွေကိုလက်ခံပေးတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေကို ယန်းသောင်း ၃၀ ထောက်ပံ့ပေးမည်။

တိုကျိုမြို့ကတော့ နှစ်ကုန်နှစ်သစ်ကူးတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ကျန်းမာရေးစောင့်‌ရှောက်မှုပေးတဲ့စနစ်ကိုသေချာစေဖို့ ထိုကာလအတွင်း ဆေးရုံတက်ရတဲ့လူနာတွေကိုလက်ခံပေးတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေအား၊ လူနာ ၁ ယောက်ကို ၁ ရက်နှုန်းနဲ့၊ ရောဂါလက္ခဏာပြင်းထန်ရင် ယန်းသောင်း ၃၀၊ ရောဂါလက္ခဏာအလယ်အလတ်နဲ့ လက္ခဏာပေါ့မယ်ဆို ယန်း ၇ သောင်းထောက်ပံ့ပေးမယ့်အပြင်၊ နှစ်ကုန်နှစ်သစ်ကူးအတွင်း ဆေးဆိုင်တွေဖွင့်ပေးမယ်ဆို ထိုဆေးဆိုင်တွေကိုလည်း ပူးပေါင်းတဲ့အခကြေးငွေပေးမယ်လို့သိရပါတယ်။

 

https://www3.nhk.or.jp/news/html/20201221/k10012776221000.html?utm_int=news-social_contents_list-items_001

 

ဒါကိုတော့ ကျန်ခဲ့တဲ့ ၂၆ ရက်နေ့က အမှုဆောင်အရာရှိများတက်ရောက်ကျင်းပခဲ့တဲ့ ကာကွယ်တားဆီးမှုဌာနချုပ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂျပန်ပိတ်ရက်များဖြစ်ကြတဲ့ ယခုလ ၂၉ ရက်နေ့ကနေ၊ လာမယ့်လ ၃ ရက်နေ့အထိ ၆ ရက်ကြာ ဆေးရုံတက်ရမယ့်လူနာတွေကိုလက်ခံပေးတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေကို၊ လူနာ ၁ ယောက်ကို ၁ ရက်နှုန်းနဲ့ ရောဂါလက္ခဏာပြင်းထန်မယ်ဆို ယန်းသောင်း ၃၀ နဲ့၊ ရောဂါလက္ခဏာအလယ်အလတ်နဲ့ပေါ့ပါးမယ်ဆို ယန်း ၇ သောင်းထောက်ပံ့ပေးမယ်လို့ သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်။

ဒါဟာဆေးရုံတက်နေတဲ့လူနာတွေကို ဆက်လက်ကြည့်ပေးမယ်ဆိုရင်လည်း အကြုံးဝင်တယ်လို့သိရပါတယ်။

တိုကျိုမြို့မှာတော့ ကူးစက်မှုသံသယရှိပြီးဖျားနေတဲ့လူတွေရဲ့ကြည့်ရှုကုသမှုကို နှစ်သစ်ကူးပိတ်ရက်မှာလည်းမနားဘဲ ဖွင့်လှစ်ပေးမယ့် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပူးပေါင်းမှုအတွက်ထောက်ပံ့ငွေပေးမယ်လို့သတ်မှတ်လိုက်ပြီး၊ ဒီအပြင် ပိတ်ရက်တွင်းမှာ ဆေးဆိုင်တွေဖွင့်ပေးမယ်ဆိုရင်လည်း ထိုဆေးဆိုင်တွေဟာလည်း ဒီထောက်ပံ့မှုမှာအကြုံးဝင်မယ်လို့ သတ်မှတ်လိုက်ပါတယ်။

ပူးပေါင်းငွေပမာဏကတော့ ဆေးကုသမှုစင်တာဆို ၄ နာရီအတွင်း ယန်း ၁၅ သောင်းဖြစ်ပြီး၊ ဆေးဆိုင်ကတော့ ၁ ရက် ၈ နာရီနှင့်အထက်ဖွင့်ပေးမယ်ဆိုရင် ယန်း ၃ သောင်းဆိုပြီးတော့ပဲဖြစ်ပါတယ်။

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: