မစင်ဟာ ကမ္ဘာမြေကြီးကို ကယ်တင်ပေးနိုင်မလား?

သဘာဝပတ်ဝန်းကျင်ပြဿနာတွေဆိုးဝါးလာတဲ့အထဲမှာ SDGs လို့ခေါ်တဲ့ စကားလုံးက ခေတ်စားလာခဲ့တယ်။
SDGs ဆိုတာ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များလို့ အဓိပ္ပါယ်ရပြီး အဲ့ဒီသော့ချက်ကိုဆုတ်ကိုင်ထားတဲ့ ၁ ချက်ဟာ၊ ဖြစ်နိုင်တာကတော့ “ မစင်” ပဲလို့တွေးနေတဲ့လူတစ်ယောက်ရှိပါတယ်။

အဲ့ဒါကတော့ အခုဖော်ပြပေးမယ့် Yuzawa ဆိုသူပဲဖြစ်ပါတယ်။

https://gendai.ismedia.jp/articles/-/78153

 

ဒီပုဂ္ဂိုလ်ဟာ ကမ္ဘာမြေကြီးကိုကယ်တင်မယ့်သုတေသနအတွက်၊ အချိန် ၄၆ နှစ်တာကာလပတ်လုံး Toilet မှာမဟုတ်ဘဲ၊ တောင်ကုန်းတစ်ခုပေါ်မှာ မစင်စွန့်လေ့ရှိခဲ့ပါတယ်။
အရင်က မှိုတွေနဲ့မော့စ်ပင်လေးတွေရဲ့ ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ခဲ့တဲ့သူဟာ ဘာကြောင့်မစင်ကိုစိတ်ဝင်စားလာခဲ့ရသလဲ။ အမှန်ကိုသိဖို့ မေးမြန်းခဲ့ပါတယ်။

သူဟာ ၁၉၇၀ ခုနှစ်ကနေစပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းလှုပ်ရှားမှုထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မိလ္လာအညစ်အကြေးစွန့်ပစ်တဲ့စက်ရုံကိုဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမှာလည်း မြို့နေထိုင်သူတွေနဲ့အတူပါဝင်ခဲ့ပါတယ်။
အဲ့ဒီကနေပြီးတော့မှ အမှန်တကယ် မစင်နဲ့သဘာဝတရားကြီးတို့ရဲ့ပတ်သက်မှုကို စပြီးတွေးမိခဲ့ပါတော့တယ်။

မစင်နဲ့လူသေကောင်တို့မှာ မှိုတွေစွဲလာပြီးသူတို့ဟာတစ်ဖြည်းဖြည်းပုံစံပျက်သွားပြီး မြေကြီးအဖြစ်ကိုရောက်သွားပြီး၊ နောက်ထပ်သက်ရှိနဲ့ဆက်နွယ်နေပါတယ်။ ဒါဆိုရင် သဘာဝတရားထဲမှာပဲ မစင်စွန့်ရင်ကောင်းတယ်မဟုတ်လား?
အဲ့ဒီကနေသူဟာ အချိန် ၄၆ နှစ်တာကာလပတ်လုံး တောင်ကုန်းပေါ်မှာ မစင်စွန့်ခဲ့ပါတယ်။

ဒါပေမဲ့ သူလုပ်ခဲ့တာက နည်းနည်းအံ့သြဖို့ကောင်းပါတယ်။ ၄၆ နှစ် တောင်းကုန်းပေါ်မှာပဲမစင်စွန့်ခဲ့တာမဟုတ်ပါဘူး။
လူသားတွေအတွက်ရော သဘာဝတရားအတွက်ရော မကောင်းတဲ့အကျိုးသက်ရောက်မှုတွေမရှိစေဖို့၊ မှန်ကန်တဲ့မစင်စွန့်ခြင်းနည်းလမ်း ဆိုတဲ့သုတေသနကိုလုပ်နေပါတယ်။
တကယ့်ကိုမစင်ပညာရှင်လို့ခေါ်ရပါမယ်။

စာအုပ်တောင်ထုတ်ထားပါတယ်။

 

‌တောင်ကုန်းပေါ်မှာ မစင်စွန့်တာကိုဂျပန်လို့ “ 野ぐそ” Noguso လို့ခေါ်ပါတယ်။
မှန်ကန်တဲ့ “ 野ぐそ” Noguso ကို သင်ပေးပါမယ်။

“ 野ぐそ” လို့ပြောလိုက်ရင် ထိုအတိုင်းပဲထားခဲ့တယ် ဆိုတဲ့ပုံရိပ်ကိုမြင်ယောင်ကြပေမဲ့၊ အမှန်တကယ်သတိမထားဘူးဆိုရင် ကျန်းမာရေးအတွက်ဆိုးကျိုးဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အဲ့ဒီနေရာမှာမှန်ကန်တဲ့နည်းလမ်းကတော့…

အရင်ဆုံးမြေကြီးပေါ်မှာ ချိုင့်ခွက်ဖြစ်အောင်တူးလိုက်ပါတယ်။
အဲ့ဒီနေရာမှာစွန့်ပြီးသွားရင်တော့ သစ်ရွက်နဲ့ရေနဲ့မိမိကိုယ်ပေါ်ကကိစ္စကိုရှင်းပါ၊ ဆေးပါ။ စက္ကူမသုံးပါနဲ့..
ပြီးရင်တော့ ချိုင့်ခွက်ကိုဖုံးပါ။
နောက်ဆုံးမှာတော့ အကိုင်းအခက်တစ်ခုခုကိုယူပြီး အမှတ်အသားတစ်ခုအနေနဲ့မှတ်သားပါ။

 

 

အမှတ်အသားကဘာအတွက်လည်းဆိုတော့ တစ်နေတည်းမှာပဲမစင်စွန့်မိမယ်ဆိုရင် မြေဆီလွှာအာဟာရဓါတ်တွေများလွန်းပြီး ပတ်ဝန်းကျင်ကိုဝန်ထုပ်ဝန်ပိုးဖြစ်စေပါလိမ့်မယ်။
မျှတဖို့လည်းအရေးကြီးတာကြောင့် ၁ နေရာမှာပဲစွန့်ချင်လို့မရပါဘူး။ အနည်းဆုံး ၁ နှစ်ကို ၁ ခေါက်လောက်ပဲရပါမယ်။

သေးငယ်သောဇီဝသက်ရှိများဟာအရင်ဆုံးဖျက်ဆီးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဖျက်ဆီးနိုင်တဲ့အားကအရမ်းအံ့သြဖို့ကောင်းလွန်းတာကြောင့် ဆေးဝါးနဲ့အစားအစာတွေကဲ့သို့ ဓာတုပစ္စည်းတွေက အချိန်ကြာလာတာနဲ့အမျှပြိုကွဲသွားကြပါတယ်။

ဒီလိုပုံစံနဲ့ တောင်ပေါ်သဘာဝပတ်ဝန်းကျင်ဟာ ပိုပြီးကြွယ်ဝလာပါတယ်။
သူဟာ ဂျပန်လူမျိုးတိုင်း “ 野ぐそ” လုပ်ကြမယ်ဆိုကောင်းမယ်လို့ သူ့ရဲ့ထင်မြင်ချက်ကိုပြောပေမဲ့၊ ပြဿနာ ၁ ခုတော့ရှိပါတယ်။
အဲ့ဒါကတော့ မြို့ပြရဲ့လူဦးရေထူထပ်မှုပါပဲ။
လူဦးရေထူထပ်မယ်ဆိုရင် သစ်တောတွေနဲ့သစ်ပင်ပြုန်းတီးပြီး၊ သဘာဝတရားရဲ့လုပ်ဆောင်နိုင်စွမ်းကိုလည်းလျှော့ချနိုင်ချေရှိကာ မစင်သာပိုများလာပါလိမ့်မယ်။
လူတွေကခွဲဝေသင့်တယ်လို့ပြောပါတယ်။
ဒီနေရာမှာ ကိုရိုနာကိုကျေးဇူးတင်ရမလိုတောင်ဖြစ်နေပါတယ်။
work from home သာအဓိကဖြစ်သွားရင် မြို့ပြဧရိယာမှာလူဦးရေထူထပ်မှုမရှိတော့ပါဘူး။

သို့သော် ပြဿနာက ဒါတစ်ခုတည်းတင်မကပါဘူး။
“ ရှက်စရာကောင်းတယ်” ဆိုတဲ့အချက်ပါ။

ဒါကိုတော့ဖြေရှင်းနိုင်ပါ့မလား ….

စကားမစပ် လူသေရုပ်အလောင်းတွေလည်းဒီအတိုင်းပါပဲ။
ပုံမှန်က သဘာဝတရားထဲမှာပဲပြန်သွားပြီး၊ နောက်ထပ်သက်ရှိနဲ့ဆက်နွယ်သွားသင့်တဲ့အရာဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဟာ မီးရှို့သင်္ဂြိုလ်ကြတယ်။
စာဖတ်သူတို့ရော သိထားပြီးပြီလား? မီးမရှို့ရင်အရိုးဟာ ဆွေးပြီးမြေသားအတိုင်းဖြစ်သွားပေမဲ့၊ မီးရှို့လိုက်မယ်ဆိုရင်တော့ အရိုးဟာထိုအတိုင်းပဲ ဆက်လက်ရှိနေပါလိမ့်မယ်။

သူသားတွေရဲ့ နေထိုင်မှုပုံစံက သဘာဝတရားကိုဖျတ်ဆီးပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင်ပြဿနာမှာ ဒါဟာအခြေခံဖြစ်ပါတယ်။

မစင်ဟာလည်းလက်ရှိ လျစ်လျှူရှုထားလို့မရတဲ့အရာတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ အပြင်လေဟာနယ်ကြီးမှာတော့ မလုပ်ချင်ဘူးနော်.. လေတိုက်ရင်အေးနေမှာ….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: