ဂျပန်ရဲ့အလေးအနက်ထားမှုက ကြောက်စရာကောင်းလွန်းတယ်။ Moonshot အစိုးရစီမံကိန်းတစ်ခု !!

ဂျပန်နိုင်ငံရှိ anime ကမ္ဘာတွေဟာ အမှန်တကယ်ဖြစ်လာတာတွေရှိပါတယ်။
ဥပမာတိုကျိုမြို့ကိုသွားတဲ့မြို့တော်အဝေးပြေးလမ်းမကြီး။
အဲဒါက နာမည်ကြီးကာတွန်း Tetsuwan Atomu ထဲမှာပါတဲ့လမ်းဖြစ်ပါတယ်။

 

အဆောက်အဦးများအကြား ပြေးနေသော အဝေးပြေးလမ်းမကြီး။ Metropolitan အမြန်လမ်းမကြီးအတိုင်းအတိအကျပေါ်ပေါက်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ပြည်ပမှာလည်းပရိသတ်တွေအများကြီးရှိတဲ့အရာတစ်ခုကို ကျွန်တော်ရှာဖွေတွေ့ရှိခဲ့ပြီး၊ ကျွန်တော်လည်းနှစ်သက်တဲ့ shell corps ရဲ့ကမ္ဘာကိုမျှော်လင့်နေပါတယ်။

 

 

ဒီ Anime ထဲမှာလူ့ခန္ဓာကိုယ်ကို စက်မှုကိုယ်ထည်အဖြစ်ပြောင်းလဲနိုင်ပါတယ်။
တစ်နည်းပြောရရင် ကိုယ်ခန္ဓာနဲ့သိစိတ်တို့ကိုခွဲခြားနိုင်တဲ့ကမ္ဘာတစ်ခုပေါ့။
အဲ့ဒီလိုသာလုပ်နိုင်ရင် ကျွန်တော်လည်းအခုချက်ချင်း ချောတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲတော့မှာပေါ့.. ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ? လို့သင်ထင်လိုက်ရင်တော့…
ဒီမှာအစီအစဥ်တစ်ခုရှိပါတယ်….

Moonshot  ဆိုတဲ့အစီအစဥ်….

ဒါကတော့ ဂျပန်ပြည်ထဲရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာနမှထုတ်ဝေသော ‌page ဖြစ်ပါတယ်။

 

https://www8.cao.go.jp/cstp/moonshot/index.html

 

ဟုတ်ပါတယ်၊ အစိုးရကဒီစီမံကိန်းကိုအကောင်အထည်ဖော်ဖို့ရင်းနှီးမြှုပ်နှံနေတာဖြစ်ပါတယ်။

 

နေရာနှင့်အချိန် အကန့်အသတ်မဲ့၊
ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်မဲ့၊
ဦးနှောက်ထိန်းချုပ်မှု အကန့်အသတ်မဲ့။

ဤသည် shell corps ရဲ့ အတိအကျကမ္ဘာကြီးဖြစ်ပါတယ်။
ဘယ်အချိန်မှာဖြစ်မယ်ဆိုတာတော့မပြောနိုင်သေးပေမယ့်။ကျွန်တော်ထင်တာကတော့ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ကြီးကျယ်တဲ့အရာတွေကို စောစောစီးစီးအကောင်အထည်ဖော်ဖို့စီစဉ်ထားတာပါပဲ။

၂၀၃၀ခုနှစ်မှာ လူတစ်ဦးက avatars (ကိုယ်ပိုင် alter ego စက်ရုပ်) ၁၀ ခု ကိုလည်ပတ်ပြီး၊ အလုပ်တစ်ခုကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာနိုင်မယ်။

၂၀၅၀ ခုနှစ်မှာတော့ ရှုပ်ထွေးပြီးကြီးမားတဲ့လုပ်ငန်းများ လုပ်ဆောင်ဖို့ရန်အတွက် များပြားသော avatars နှင့်စက်ရုပ် (self-dependiant) များကိုပေါင်းစပ်လာလိမ့်မယ်။

ဟမ်?
၂၀၃၀? နောက်ထပ် ၁၀ နှစ်လား။
၂၀၅၀ခုနှစ်? ကျွန်တော်အသက်ရှင်သေးတယ်ဆိုရင်တော့ တွေ့မြင်နိုင်ဖို့အခွင့်အရေးရှိဦးမှာပေါ့။

ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဒီလိုပြောရင်အိပ်မက်မျှသာဖြစ်သော်လည်း ဂျပန်အစိုးရကပြောတယ်ဆိုတော့ အထူးအံ့သြဖွယ်ကောင်းပါတယ်။

အကယ်၍ သင်ဟာဒီလိုကမ္ဘာကြီးကိုမျှော်လင့်ရင်း အလုပ်လုပ်နိုင်သည့်လူတစ်ယောက်မဖြစ်ဘူးဆိုရင် အလုပ်အကိုင်ဆုံးရှုံးနိုင်ခြေရှိပါတယ်။
ယခုအချိန်အထိအလုပ်မလုပ်နိုင်တဲ့မသန်စွမ်းသူများ၊ အခြားသောနိုင်ငံက မသန်စွမ်းသူတွေကတော့ အလုပ်လုပ်နိုင်လာပါပြီ။
ထို့အပြင် ၂၀၃၀ ခုနှစ်အတွက်ရည်မှန်းချက်ကတော့ အလုပ်ကြမ်းသမားအရေအတွက်ကို လျှော့ချဖို့ဖြစ်ပါတယ်။

ဒါဟာတကယ့်ကိုကျေနပ်စရာပါပဲ၊ ဒါပေမယ့်တစ်ချိန်တည်းမှာပဲအလုပ်အတွက်ပြိုင်ဆိုင်မှုတွေရှိလာနိုင်ပါတယ်။

၁၀ နှစ်သာကျန်ပါတော့တယ်။ နောက် ၁၀ နှစ်မှာဒီလိုခေတ်ကြီးရောက်လာလည်းအဆင်ပြေနေဖို့ အလုပ်မှာကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုကိုတိုးတက်အောင်လုပ်ထားကြပါစို့။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: