ဘက်တရီတောင်မရှိသေးတဲ့ခေတ်မှာ လှုပ်ရှားနိုင်တဲ့ Karakuri အရုပ်ကိုဖန်းတီးနိုင်ခဲ့သူ ပါရမီရှင် Hisashige Tanaka !!

ကမ္ဘာတစ်ဝှမ်းမှာ အမျိုးမျိုးသောအရာတွေကိုတီထွင်ဖန်တီးနိုင်တဲ့ ပါရမီရှင်ထူးချွန်သူတွေရှိပါတယ်။
တီထွင်သူတွေထဲမှာ ဆရာတစ်ဆူလို့ပြောရင် အများစုကအမေရိကန်နိုင်ငံရဲ့ Thomas Edison ကိုတန်းပြီးမြင်ယောင်မိကြပါတယ်။
ဒါပေမဲ့ အခုပြောပြမယ့်ပုဂ္ဂိုလ်ကလည်း တော်တော်လေးကိုအံ့သြစရာကောင်းတဲ့တီထွင်မှုတွေမှာ ဆရာတစ်ဆူပါပဲ။

からくり偽衣紋(ぎえもん)လို့လူတွေသိကြတဲ့ Hisashige Tanaka ဆိုသူပဲဖြစ်ပါတယ်။

 

ဒီပုဂ္ဂိုလ်ဖန်တီးခဲ့တဲ့ Karakuri လူရုပ်ဟာအံ့အားသင့်စရာကောင်းပေမဲ့၊ အရင်ဆုံး Karakuri လူရုပ်ကဘာလဲဆိုတာ နည်းနည်းလောက်ကြည့်ရအောင်…

Karakuri လူရုပ်ပေါ်ပေါက်လာတဲ့ခေတ်မှာ ဘက်ထရီဆိုတာမကျယ်ပြန့်သေးပါဘူး။ ဒါဖြင့် ဘာနဲ့လှုပ်ရှားသလဲဆိုတော့ အားလုံးသိကြတဲ့ spring နဲ့လှုပ်ရှားခြင်းဖြစ်ပါတယ်။
သူတီထွင်ဖန်တီးခဲ့တဲ့အရာကို လက်တွေ့ကြည့်ကြရ‌အောင်…

 

 

စာလုံးတွေရေးနေတာလည်း အင်မတန်အံ့သြစရာကောင်းပေမဲ့၊ ဒီထက်ပိုတာက ဆွဲနေတဲ့မျဥ်းတစ်ကြောင်းဆီမှာ မျက်လုံးကလိုက်ကြည့်နေပါတယ်။
ဒါဟာ လွန်ခဲ့တဲ့နှစ် ၂၀၀ မတိုင်ခင်ကဖန်တီးထားတဲ့အရာတဲ့ !? နှစ် ၂၀၀ မတိုင်ခင်ကတည်းကဖန်တီးနိုင်ခဲ့တာဆိုတော့ အံ့သြစရာကောင်းလွန်းတယ်လို့ မထင်မိဘူးလား?

စကားမစပ် ဒီ 万年時計(まんねんどけい)Myriad year clock ကတော့ သူ့ရဲ့အပြောင်မြောက်ဆုံးလက်ရာလို့ပြောကြပါတယ်။

 

 

မှန်ကန်တိကျပြီးအကောင်းဆုံးလက်ရာနဲ့နာရီပဲလို့လည်းပြောကြပါတယ်။ spring ကိုလှည့်ပြီးနောက် ၁ နှစ်ကြာတိုင် ထိုအတိုင်းလှုပ်ရှားနေပါတယ်။
Celestial globe ခေါ် ဂြိုလ်နက္ခတ်များကိုကြည့်သည့်စိတ်ကူးယဥ်စက်ဝန်းကို ကျိုတိုကနေမြင်ရတဲ့ နေနဲ့လရဲ့ရွေ့လျားမှုကနေပြန်လည်တီထွင်လိုက်ပါတယ်.
အချိန်နဲ့ရာသီဥတုကိုပါဖော်ပြတဲ့ နာရီ ၆ ခုနဲ့အတူရွေ့လျားနေတဲ့နာရီဖြစ်ပြီး၊ လက်ရှိနည်းပညာနဲ့တောင် ဒီလိုပုံစံတူကိုမပြုလုပ်နိုင်ဘူးလို့ ပြောကြပါတယ်။

ဒီလိုပါရမီရှင် Tanaka တီထွင်ခဲ့တဲ့လက်ရာဖြစ်တဲ့ Karakuri လူရုပ်ဟာ အမှားတစ်ခုလုပ်မိပုံရပါတယ်။
မြှား ၄ ချောင်းပစ်တဲ့အထဲမှ ၁ ချောင်းကို တမင်လွဲချော်အောင်လုပ်ထားတယ်တဲ့…..။

 

https://mag.japaaan.com

 

တပ်ဆင်ထားပုံမှာ ၁၀၀ ရာခိုင်နှုန်းထိမှန်အောင်လုပ်နိုင်ပေမဲ့ ၄ ချောင်းမှာ ၁ ချောင်းကိုအတိအကျလွဲချောင်အောင် ဖန်တီးထားပါတယ်။
ဘယ်နံပါတ်ကလွဲချော်သွားသလဲဆိုတာ မသိရတာကြောင့်လည်း၊ ဖွဲ့စည်းတည်ဆောက်ထားတဲ့ရှုပ်ထွေးမှုကို ခန့်မှန်းကြည့်လို့မရပါဘူး။

မဖြစ်မနေပစ်မှတ်ကိုထိမှန်ရမယ်လို့မဟုတ်ပေမဲ့ ထိမှန်သွားတဲ့အခါ ဝမ်းသာရပါတယ်။
ဒီလောက်အထိတွက်ချက်ထားတဲ့ Hisashige Tanaka ဟာ ပါရမီရှင်ပါပဲ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: