ရန်ဖြစ်ပြီးနောက်တစ်နေ့ အိမ်သူသက်ထားတို့ရဲ့ပညာပြနည်း !!!!

ကျောင်းနဲ့အလုပ်ကိုထမင်းဗူးယူသွားသူတွေ ရှိပါတယ်။
ကိုယ်တိုင်ထမင်းချက်ပြုတ်လုပ်ကြသူတွေရှိပေမဲ့၊ အများစုကတော့ အမေတို့ဇနီးဖြစ်သူတို့ကလုပ်ပေးကြပါတယ်။
ကျန်းမာရေးအတွက်‌ရော၊ အာဟာရမျှတအောင်စဥ်းစားပြီးထည့်ပေးနေကြထမင်းဗူးတွေတောင် ရန်ဖြစ်ပြီးတဲ့နောက်တစ်နေ့ကျရင် အမျိုးသမီးတွေဟာမလုပ်ပေးချင်တော့ပါဘူး။ ဒါပေမဲ့မလုပ်ပေးလည်းမရပြန်ဘူး။ ဒွိဟတွေဖြစ်လာတယ်။

ဒါနဲ့ပဲ ဒေါသထွက်နေကြောင်း ထမင်းဗူးနဲ့ပညာပြကြပါတော့တယ်။


https://grapee.jp/897333

 

အဓိကဟင်းတောင်မပါဘဲ၊ ထမင်းပေါ်မှာရေညှိနဲ့ “くそ” လို့ရေးထားတယ်.
“ shit” တဲ့..
နောက်ပြီး အဓိကဟင်းတောင်မပါဘူးဆိုတော့ ဘယ်လောက်စိတ်ဆိုးနေမှန်းသိလိုက်ပါတော့…

 

စိတ်ပျက်ပျက်နဲ့ထမင်းကိုစပြီးစားလိုက်တဲ့အချိန် အထဲမှာ “ အချစ်တွေထွက်လာခဲ့တယ်”

ဟုတ်ပါတယ်။ အသားဟင်းကိုဖုံးထားတာပါ။
ကြင်နာလိုက်တဲ့ ဇနီးလေး…

 

နောက်ထပ်ကြည့်လိုက်ရအောင် …
မိမိရဲ့ ချစ်ဇနီးလေးက ဒီလိုထမင်းဗူးတွေ ထည့်ပေးနေပြီးဆိုရင်သတိထားလိုက်ပါ….

https://selfkleptomaniac.org/

“ ハゲ” (ပြောင်ကြီး) တဲ့…
ချစ်စရာကောင်းလိုက်တာနော် ဇနီးလေးက…

 

ကိုယ့်လုပ်ရပ် မှန်မမှန် ပြန်စဥ်းစားပါ။


https://www.yamasa.com/shokubunka/hanami2018/recipes/87227

အိမ်ပြန်ရောက်တဲ့အခါ “ အားလုံးကိုယ့်အမှားပါပဲ” လို့ပြောမှ အိမ်ထဲပေးဝင်မယ့်အခြေအနေမှာ ရှိချင်လည်းရှိနိုင်ပါတယ်။ (ရယ်လျက်)

 

ရှင်က ဘာလဲ?

https://foundia.net

အဲ့ဒီတော့ ထမင်းဗူးကိုစကားပြန်ပြောရမလားမသိဘူးနော်…

 

ဒီလအတွက် အိတ်ဆောင်ပိုက်ဆံ+ ယန်း ၅၀၀၀ !!

https://grapee.jp

ဝမ်းသာစရာ အသိပေးချက်တွေထမင်းဗူးကနေတစ်ဆင့်ဖော်ပြပေမဲ့၊ အနှုတ်ကိုလည်းထမင်းဗူးကနေကြော်ငြာပြန်တယ်။
(ဒီလအတွက် အိတ်ဆောင်ပိုက်ဆံ ယန်း ၇၀၀၀ နှုတ်မယ်တဲ့)

 

ထမင်းဘူးကတော့ ကြားခံအဆက်အသွယ်လုပ်ပေးတဲ့အရာလိုဖြစ်နေပါပြီ။
စိတ်တိုပြီး ဒီလိုတွေလုပ်နေတာက ပိုပြီးအချိန်ဖြုန်းသလိုဖြစ်မနေဘူးလား?

ရေညှိနဲ့စာတွေရေးနေရတာလည်း တော်တော်လေးစိတ်ရှည်ရမယ်။
စိတ်ဆိုးမာန်ဆိုးနဲ့လုပ်ပေးနေတဲ့ အမေဒါမှမဟုတ်ဇနီးဖြစ်သူရဲ့မျက်နှာကိုပြေးမြင်ယောင်ကြည့်လိုက်ရင် တော်တော်လေးတော့ရယ်ချင်မိမှာပါ။
ဒါပေမဲ့ ရယ်လိုက်လို့မဖြစ်သေးဘူး။ ကိုယ်ကစိတ်ဆိုးခံထားရတာလေ။ ဒါကြောင့် အိမ်မပြန်ခင်ချော့မယ့်နည်းတွေကိုစဥ်းစားထားပါတော့ …

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: