“ The Great Wave off Kanagawa” တော်ဝင်ပန်းချီကားကို LEGO ဖြင့် 3D ပုံသဏ္ဍာန်ဖန်တီးလိုက်သူ

အသိအမှတ်ပြုပရော်ဖက်ရှင်နယ် LEGO တည်ဆောက်သူတစ်ဦးဖြစ်တဲ့ Jumpei Mitsui ဟာ ဂျပန်ရဲ့အပြောင်မြောက်ဆုံးတော်ဝင်ပန်းချီကားဖြစ်တဲ့ Hokusai ရဲ့ “ The Great Wave off Kanagawa” ပန်းချီကားကို LEGO ဖြင့်ပြန်လည်သရုပ်ဖော်ထားတာဖြစ်ပါတယ်။

 

https://www.spoon-tamago.com

 

Mitsui ဟာ Hokusai ရဲ့ အထင်ကရ သစ်သားပုံနှိပ်ခြင်းကိုဆောက်လုပ်ချင်ခဲ့ပေမဲ့ အခုချိန်အထိသူ့အတွက်အခွင့်အရေးမရခဲ့ပါဘူး။ တစ်ခုချင်းစီကိုစေ့စပ်သေချာစွာလုပ်ထားတဲ့ သူ့ရဲ့ 3D lego ပုံတူပန်းပုဟာ မူရင်းပန်းချီကားရဲ့အနှစ်သာရကိုမပျက်စေရုံသာမက လွှမ်းမိုးလာမယ့်လှိုင်းပုံသဏ္ဍာန်ကိုပါ အမိအရပုံဖော်နိုင်ခဲ့ပါတယ်။

 

 

ဒီလိုသက်ဝင်လှုပ်ရှားဖို့ သူဟာ ကြီးမားတဲ့လှိုင်းလုံးတည်ဆောက်ခြင်းအတွက် စနစ်တကျပြုစုထားတဲ့စာတမ်းအမျိုးမျိုးကိုဖတ်ခဲ့ပါတယ်။ ထိုနည်းထူစွာပဲ နာရီပေါင်းများစွာအချိန်ပေးပြီး YouTube မှာလှိုင်းနဲ့ပတ်သက်တဲ့ video ကိုကြည့်ခဲ့ပါတယ်။ ဒါတင်မကသေးပဲ သူဟာနောက်ဆုံးအချောသတ်မော်ဒယ်ကိုဖန်တီးဖို့ ပုံကြမ်းကိုပါရေးဆွဲခဲ့ပါတယ်။

 

 

Mitsui ရဲ့ LEGO ပန်းပုကိုမကြာသေးမီကပဲ အိုဆာကာမှာရှိတဲ့ HANKYU BRICK MUSEUM မှာပြသလိုက်ပါတယ်။
ဒီပြတိုက်ကတော့ ဂျပန်ရဲ့တစ်ခုတည်းသော အသိအမှတ်ပြုပရော်ဖက်ရှင်နယ် LEGO ဆောက်လုပ်သူတစ်ဦးဖြစ်တဲ့ Jumpei Mitsui ရဲ့ အနုပညာတွေကို ပြသထားတဲ့အံ့သြဖွယ်နေရာပဲဖြစ်ပါတယ်။

 

 

 

ကဲ .. သဘောကျပြီး museum အကြောင်းသိချင်သူများအတွက် အောက်မှာ link ချပေးလိုက်ပါတယ်နော်….

https://www.h-sanbangai.com/attraction/brick-museum/

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: