အဲ ! ? ဒီလူတွေဒီလောက်တောင်ရနေတာလား? Anime လောကထဲက အားကျစရာဖခင်တွေရဲ့ တစ်နှစ်ပတ်လုံးဝင်ငွေ

Anime လောကလို့ပြောရင်၊ နေ့စဥ်လှုပ်ရှားမှုတွေလည်းရှိနေပြီး၊ အောက်ခြေမှာအလုပ်လုပ်နေတဲ့လူတွေလည်း အများအပြားရှိပါတယ်။
သို့သော် သူတို့ဟာလက်တွေ့လောကမှာ ရှိမယ်သာဆိုဘယ်လောက်ဝင်ငွေရနေမလဲ?
အဲ့ဒီနှစ်စဥ်ဝင်ငွေကို ခန့်မှန်းကြည့်တဲ့အခါ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။
ထင်ထားတာထက်ပိုပြီး အံ့သြဖို့ကောင်းတဲ့လူတွေပဲဖြစ်ပါတယ်….

“ Crayon Shin-chan” (Hiroshi Nohara)

 

アニメキャラの年収を徹底調査 | サザエさん、ドラえもんなど

 

ခြေထောက်ကနံပြီး မုတ်ဆိတ်မွေးတွေကလည်းကျိုးတိုကြဲတဲ၊ နောက်ပြီးကောင်းတဲ့အချက်ကိုပြောရရင်တော့ အနောက်သန်တဲ့အဖေပေါ့..
animation ထဲမှာ အသက် ၃၅ နှစ်လို့သတ်မှတ်ထားပါတယ်။
Saitama စီရင်စု Kasukabe မြို့မှာ လုံးချင်းတိုက်အိမ် ၁ လုံးရှိပြီး၊ ကားလည်းပိုင်ဆိုင်ထားတယ်။ လခစားဝန်ထမ်းအဖြစ်အလုပ်လုပ်နေပါတယ်။
နောက်ပြီး လူ ၄ ယောက် + ခွေးလေး ၁ ကောင်ရှိတဲ့ မိသားစုလို့ animation ထဲမှာဆွဲထားပြီး၊ episode 94 မှာတော့ ထီဟာသူ့ရဲ့ နှစ် ၂၀ စာလစာပဲလို့ပြောခဲ့တယ်။
ဆိုလိုတာက တစ်နှစ်ပတ်လုံး ယန်းသောင်း ၆၅၀ ရမယ်.
ဒါပေမဲ့ လစဥ်ဝင်ငွေယန်းသောင်း ၃၀ (အခွန်မနုတ်ခင် ယန်းသောင်း ၄၀ လောက်) လို့စဥ်းစားလိုက်ရင်၊ bonus ကြေးမြင့်တဲ့ကုမ္ပဏီမှာအလုပ်ဝင်နေတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

 

“ Chibi Maruko-chan” (Sakura Hiroshi)

 

ဒီ animation ထဲမှာလည်း အဖေနေရာကပါဝင်ရတဲ့ Hiroshi ဆိုတဲ့ဇာတ်ကောင်
ဒီလူကို ရယ်စရာကောင်းအောင် ဟာသတွေလုပ်ထားပါတယ်။
Hiroshi ဆိုတဲ့နာမည်ကို မေ့ပြီးပြန်သုံးထားသိတာလားလို့မေးစရာရှိပေမဲ့၊ တကယ်က အလုပ်မတူပါဘူး။
ဒီ animation ထဲမှာ Hiroshi ကတော့ ဟင်းသီးဟင်းရွက်ဆိုင်ရှင်ဖြစ်ပါတယ်။
ဆိုင်မှာရောင်းနေတဲ့အပြင် အနီးမျာရှိတဲ့စားသောက်ဆိုင်၊ ဆေးရုံနဲ့ တိရစ္ဆာန်ရုံမှာလက်ကားရောင်းသွားမယ်ဆို နှစ်စဥ်ဝင်ငွေဟာ ယန်းသောင်း ၄၀၀ လောက်ရှိမလားလို့ ထင်ရပါတယ်။
‌နောက်ပြီး မိသားစုဝင် ၆ ဦးရှိတာကြောင့် နည်းနည်းတော့ကြပ်တည်းလောက်မယ်။

 

 

“ Doraemon” (Nobisuke Nobi)

 

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ လခစားကုမ္ပဏီဝန်ထမ်း လက်ထောက်မန်နေဂျာ ( Nobita Kun ရဲ့ဖခင် )
Nerima ရပ်ကွက်ရှိသီးသန့်အိမ်မှာနေပေမဲ့ ငှားနေတဲ့အိမ်တစ်လုံးပဲဖြစ်ပါတယ်။
အသက်နဲ့အနေအထားကိုစဥ်းစားကြည့်ရင် နှစ်စဥ်ဝင်ငွေဟာ ယန်းသောင်း ၆၀၀ ခန့်ရမယ်လို့ထင်ပါတယ်။
လူသုံးယောက် + Doraemon တို့အတူနေဖို့ လုံလောက်နိုင်ပါတယ်။

 

စုံထောက် Conan (Kogoro Mouri)

 

သူဟာစုံထောက်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းသိပ်ပြီးမမြင့်ဘူးဆိုတာ အားလုံးသိကြမှာပါ။
သို့သော် animation လောကအနေနဲ့ကြည့်မယ်ဆိုရင်ရော?
ဒီလူ အိပ်နေရင်းနဲ့တောင် အမှုတိုင်းကိုဖြေရှင်းတယ်
Conan ဖြေရှင်းနေတာဘယ်သူမှမထင်မိပါဘူး။
အဲ့ဒီလို animation လောကမှာတော့ နာမည်ကြီးစုံထောက်က Conan မဟုတ်ဘဲ၊ Kogoro Mouri ဖြစ်တာကြောင့် အလုပ်တွေများများလုပ်ဖို့စိတ်ကူးရခက်ပါတယ်။
နောက်ပြီးသူဟာ တီဗွီအစီအစဥ်တွေမှာပါဝင်ပြီး အိမ် / ရုံးအဆောက်အအုံကလည်း အမွေရထားတဲ့အဆောက်အဦးဖြစ်ပြီး၊ ပထမဆုံးအထပ်မှာရှိတဲ့ ကော်ဖီဆိုင်ကနေ ယန်းသောင်း ၃၀ ဝင်ငွေရှိပါတယ်။
ဒါကြောင့်တစ်နှစ်ပတ်လုံးအတွက် ဝင်ငွေယန်းသန်း ၁၅၀ လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။

 

Death Note (Soichiro Yagami)

သေပြီးတဲ့အခါ လုံးဝပျော်ရွှင်စရာမကောင်းတဲ့ပုံစံအဖြစ်ရောက်သွားတဲ့ Light ရဲ့ဖခင်ဖြစ်သူ
အသက် ၄၈ နှစ်ရှိပြီး၊ ရဲတပ်ဖွဲ့ရဲ့ မှုခင်းဆိုင်ရာအကြီးအကဲနေရာမှာပါဝင်ပါတယ်။
နှစ်စဥ်ဝင်ငွေက ယန်းသောင်း ၁၀၀၀ လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။
အပေါ်က Kogoro Mouri နဲ့နှိုင်းယှဥ်ရင် နည်းနေတယ်လို့ထင်ရပေမဲ့၊ အစိုးရဝန်ထမ်းဖြစ်တဲ့သူဟာ ပင်စင်လစာလည်းများမှာအသေအချာပါပဲ။ နောက်ပြီး ဒေါင်ဒေါင်မီကျန်းမားတဲ့လူလည်းဖြစ်တယ်.

 

 

Dragon Ball (Son Goku)

 

အပြစ်မဲ့တဲ့ဇာတ်ကောင်တစ်ဦးကနေ ရုတ်တရက်မင်္ဂလာဆောင်ပြီး၊ ကလေး ၂ ယောက်ရသွားတယ်ဆိုတာ ဘယ်လိုကြီးလဲ?
သူဟာကမ္ဘာကြီးကိုအကြိမ်ကြိမ်ကယ်တင်နေတာကြောင့် သတိမထားမိကြပေမဲ့ တကယ်တော့ သူဟာအလုပ်လက်မဲ့ဖြစ်ပါတယ်။
တိုက်ခိုက်တယ်.. (ကမ္ဘာကြီးကိုကယ်တင်တယ်)
ဆိုလိုတာက ဝင်ငွေမရှိ။
လူနေမှုကုန်ကျစရိတ်အတွက် ဇနီးရဲ့မိဘထံကအမွေတွေနဲ့နေထိုင်ကြပေမဲ့၊ ဒီလောက်ကမ္ဘာကြီးကိုကယ်တင်နေတဲ့သူရဲကောင်းက အလုပ်လက်မဲ့ဖြစ်တယ်ဆိုတာ သင့်တော်ရဲ့လား?

ကဲ… သင်ရောဒီဖခင်တွေထဲမှာ ဘယ်သူ့ကိုအားကျပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: