Narita ဆိုလေဆိပ်လောက်ပဲသိကြတယ် !သို့သော် လျှို့ဝှက်ဆာမူရိုင်းရွာကလေးရှိနေတယ် !

စာဖတ်သူတို့ဂျပန်ကိုသွားတဲ့အခါ ဘယ်လေဆိပ်ကအကောင်းဆုံးလို့ထင်လဲ?
ကိုရိုနာကြောင့်လေဆိပ်ကိုရပ်ထားပေမဲ့၊ မူလကပုံမှန်လမ်းကြောင်းနဲ့ပဲ Narita၊ Haneda၊ Nagoya၊ Kansai, Fukuoka နဲ့ အမျိုးမျိုးသောနေရာတွေဆီ တိုက်ရိုက်လေယာဥ်နဲ့သွားနိုင်ပါတယ်။

ထိုအထဲမှာ အသုံးအများဆုံးကတော့ Narita လေဆိပ်ပဲပေါ့။
ဒါပေမဲ့ Narita လေဆိပ်ကိုရောက်ပြီး Narita ရှိလည်ပတ်လို့ရတဲ့နေရာကိုမသွားဘဲ တိုကျိုကိုတန်းသွားခဲ့သူအများကြီးပဲမဟုတ်လား?
ဒါဟာ နှမြောစရာတစ်ခုပါ။

ဘာကြောင့်လဲဆိုတော့ တကယ်က Narita မြို့မှာအရမ်းကောင်းတဲ့အဆောက်အဦးတွေရှိနေလို့ပဲဖြစ်ပါတယ်။
ထိုအထဲကတစ်ခုကို အခုမိတ်ဆက်ပေးပါမယ်။ အဲ့ဒါကတော့ “ 房総のむら” (Boso no Mura)
Chiba ခရိုင်ကဖွင့်လှစ်ထားတဲ့ ပြင်ပပြတိုက်ဖြစ်ပြီး အဲဒိုခေတ်ရဲ့မြို့ပြရှုခင်းနှင့်အဆောက်အဦးတွေပဲဖြစ်ပါတယ်။
အဆောက်အဦးအားလုံးကိုပေါင်းလိုက်ရင် အကျယ်ဟာတိုကျို Disneyland အကျယ်လောက်‌တောင်ရှိတယ်တဲ့…
ဒါဟာ တော်တော်လေးကျယ်တဲ့ဧရိယာလို့ပြောနိုင်ပါတယ်။
ကီမိုနိုငှားဝတ်နိုင်တဲ့နေရာလည်းရှိတာကြောင့် ကီမိုနိုဝတ်ပြီးရှေးဂျပန်ခေတ်ထဲစီးမျှော်နိုင်မယ့်အကောင်းဆုံးနေရာလို့လည်းထင်ပါတယ်။
အရင်ဆုံးကို မြို့ကိုလည်ပတ်ကြည့်ရ‌အောင် ….

ဒီလိုနေရာမှာ ဓါတ်ပုံရိုက်ကြည့်ချင်တယ်နော် …
ဒီထက်ပိုပြီးအံ့သြဖို့ကောင်းတာက ဒီအိမ်တွေထဲ ဝင်လို့ရတယ်တဲ့…
နောက်ပြီး ဒီဆိုင်တွေမှာ အမျိုးမျိုးသောအရာတွေကိုတွေ့ကြုံခံစားနိုင်တာကလည်းစိတ်ဝင်စားစရာပါပဲ။
ဥပမာဒါလေးပါ။ ဂျပန်ဖယောင်းတိုင်ကို ကိုယ်တိုင်လုပ်နိုင်တဲ့အတွေ့အကြုံ…..
လာရောက်လည်ပတ်သူတွေကိုယ်တိုင် ဂျပန်ဖယောင်းတိုင်လုပ်နိုင်ပါတယ်။

 

ရုပ်ပုံလေးတွေကိုကိုယ်တိုင်ရွေးချယ်ပြီး စာရွက်ကိုညှပ်ကာ ဖယောင်းတိုင်မှာကပ်လိုက်ပြီးရင်တော့ ရပါပြီ။
အိမ်ပြန်လက်ဆောင်အတွက်ဆိုရင်ရော သင့်တော်မယ်မထင်ဘူးလား?
ဒီအပြင် ရာသီအလိုက်အမျိုးမျိုးသောပွဲတော်တွေကျင်ပတဲ့အပြင်၊ ၄၀၀ ထက်များတဲ့ကိုယ်တိုင်ပါဝင်နိုင်တဲ့ပွဲတွေလည်းရှိပါတယ်။

လမ်းဆက်လျှောက်လိုက်ရင်တော့ ရောက်ပါပြီ။ “ ဆာမူရိုင်းနေအိမ်”

ဆာမူရိုင်းတွေရှေးခေတ်က ဒီလိုအိမ်မှာနေထိုင်ခဲ့တာပဲနော်..
အထဲဝင်ပြီး ဓါတ်ပုံရိုက်ကြည့်တဲ့အခါမှာတော့ ….

 

နောက်ထပ်ဆက်သွားကြည့်လိုက်တဲ့အခါ လယ်သမားအိမ်တွေ့ခဲ့ပါတယ်…

 

လယ်သမားအိမ်ရှေ့မှာရှိတဲ့ယာခင်းရှိ အသီးအနှံအပင်တွေကို ရှေးပုံစံစိုက်ပျိုးရေးစနစ်အတိုင်း စိုက်ပျိုးထားကြပါတယ်။
နောက်ပြီး ပိုးသတ်ဆေးတွေမပါတဲ့ အော်ဂဲနစ်ဟင်းသီးဟင်းရွက်တွေကို ဝယ်သွားနိုင်တယ်တဲ့…

 

 

Narita လေဆိပ်ရဲ့အနီးမှာပဲ ဒီလိုရှေးဟောင်းယဥ်ကျေးမှုအဆောက်အဦးတွေရှိနေသေးတယ်ဆိုတာ အံ့သြစရာပါ။
သို့သော် ဒီနေရာကိုလူတွေသိပ်မသိပါဘူး။
ဒါဟာလည်းဓါတ်ပုံရိုက်ချိန် တစ်ခြားသူတွေနဲ့ရှုပ်နေမှာမဟုတ်လို့ ကောင်းပါတယ်လို့ပြောရမယ်။

ဒါပေမဲ့ JAPO မှာကြော်ငြာလိုက်ပြီဆိုတော့ သွားချင်သွားကြပြီမဟုတ်ပါသလား?
သွားမယ်ဆိုရင်တော့ စောစောသွားတာကပိုပြီးကောင်းပါမယ်။

 

 

 

စကားမစပ် ကျွန်တော်အကြံပေးချင်တာကတော့ မိမိတိုင်းပြည်မပြန်ခင် ၁ ရက်အလိုလောက်မှာ Narita မှာတည်းခိုပါ။
မပြန်ခင် ၁ ရက်မှာ ဟိုတယ်ကိုစောစောသွားပြီး၊ အထုတ်တွေထားပြီးနောက် 房総のむら မှာဓါတ်ပုံတွေရိုက်ပါ။
နောက်ပြီး Aeon Mall ကြီးကလည်းအနီးမှာပဲရှိလို့ ဒီစင်တာမှာအိမ်ပြန်လက်ဆောင်တွေဝယ်ပြီးမှ ဟိုတယ်ပြန်ပါ။

ကျွန်တော်ကတော့အမြဲတမ်း Narita View Hotel မှာတည်းပါတယ်။
ရေပူစမ်းလည်းရှိလို့ဇိမ်ကျကျအနားယူနိုင်ပြီး နံနက်အေးအေးဆေးဆေးမှထပြီး မနက်စာစားကာ bus နဲ့တိုက်ရိုက် Narita လေဆိပ်ကိုသွားပါတယ်။

ပြည်တော်ပြန်မယ့်နေ့ရောက်မှ လူပြည့်ကျပ်နေတဲ့ရထားနဲ့ တိုကျိုကနေလေဆိပ်ကို တိုးဝေ့လာရမယ်ဆိုပင်ပန်းပါလိမ့်မယ်။
ဒါကြောင့် Narita မှာတည်းခိုမယ်ဆိုရင် ပြန်ဖို့အထုပ်အပိုးတွေများပါစေ ပြဿနာရှိတော့မှာမဟုတ်ပါဘူး။

ဒါဆို နောက်ဆုံးနေ့ Narita မှာတည်းခိုပြီး 房総のむら သို့သွားလည်ကြပါ…

 

မေတ္တာဖြင့် ….
Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: