မိန်းကလေးခန္ဓာကိုယ်ပေါ် ရေးဆွဲလာတဲ့ ခေတ်သစ်မှင်ပန်းချီပညာရှင်

လက်ရှိအချိန်ထိ ပုံဆွဲတဲ့အခါအားလုံးဟာ စာရွက်ဒါမှမဟုတ် နံရံ စသည်တို့မှာ မိမိတို့ဝါသနာဖြစ်တဲ့ပန်းချီဆွဲခြင်းကိုပြုလုပ်ကြပါတယ်။
သို့သော် tatto လည်းမဟုတ်ဘဲ မှင်ဖြင့်သာမိန်းကလေးခန္ဓာကိုယ်တစ်ခုလုံးမှာဆွဲတဲ့ ပန်းချီပညာရှင်တစ်ယောက်ရှိပါတယ်။ သူကတော့ Gaku Azuma ဆိုသူပဲဖြစ်ပါတယ်။

 

https://grapee.jp/en

 

multimedia artist တစ်ယောက်ဖြစ်တဲ့ Gaku Azuma ဟာ ဂျပန်ပန်းချီလောကထဲမှာ နှစ်ပေါင်းကြာရှည်စွာဖြစ်သန်းလာခဲ့ပါတယ်။ သူဟာ ဂျပန်ရိုးရာယပ်တောင်အပေါ်ရေးဆွဲတဲ့ ōgi-e (扇絵) ပန်းချီပညာရှင်အဖေဖြစ်သူဆီကနေ မွေးဖွားလာသူတစ်ဦးဖြစ်ပါတယ်။

 

 

https://www.instagram.com/p/CGxBE1ohvxB/?utm_source=ig_web_copy_link

 

https://www.instagram.com/p/B_Jhlwzh9uU/?utm_source=ig_web_copy_link

 

သူဟာဖခင်ဆီမှအတတ်ပညာကိုအမွေရခဲ့ပြီး၊ ငယ်ရွယ်စဥ်အချိန်ကပင် သူရဲ့ကိုယ်ပိုင်အနုပညာကိုဖန်တီးခဲ့ပါတယ်။ ပန်းချီလောကမှာနှစ်ပေါင်းများစွာကျင်လည်နေခဲ့ပြီး၊ အနုပညာဒါရိုက်တာတစ်ဦးအဖြစ် သူ့ရဲ့အလုပ်ကိုဟန်ချက်ညီညီထိန်းနေစဥ်မှာပဲ သူဟာပန်းချီများကိုပြပွဲသဖွယ်ကျင်းပခဲ့ပါတယ်။

သို့‌သော် မကြာသေးမီနှစ်အတွင်းမှာပဲသူဟာ စာရွက်ပေါ်မှာမဟုတ်တော့ဘဲ လူ့ခန္ဓာကိုယ်အရေပြားပေါ်မှာ ပန်းချီများဖန်တီးလာပါတယ်။ ၂၀၁၂ ခုနှစ်လောက်မှာ Azuma ဟာ ခန္ဓာကိုယ်ပေါ်မှာရေးဆွဲခြင်းကိုအစပြုခဲ့ပါတယ်။ သူကိုယ်တိုင်သဘောကျတဲ့ ကိုယ်ခန္ဓာပန်းချီကားများကို Instagram မှာပုံမှန်တင်လေ့ရှိခဲ့ပါတယ်။

သူရဲ့ခန္ဓာကိုယ်ခန္ဓာပန်းချီကားပေါင်းဟာ ၁၈၀ ခုနှင့်အထက်ရှိပြီး တစ်ခုချင်းစီမှာမတူညီကွဲပြားတဲ့ပုံစံဖြင့်အသေးစိပ်ကျစွာဆွဲခဲ့ပါတယ်. သူရဲ့ပန်းချီပုံရိပ်များကိုလည်းစုစည်းပြီး “Dress Code” ဆိုတဲ့ နာမည်နဲ့စာအုပ်ကို မကြာသေးမီကပဲထုတ်ဝေခဲ့ပါတယ်။ စာအုပ်ထုတ်ဝေမှုအတွက် Azuma ဟာ အိုဆာကာ၊ ကျိုတိုနှင့် ကိုဘေးရှိ နေရာအမျိုးမျိုးမှာသူ့ရဲ့ ကိုယ်ခန္ဓာပန်းချီကားများကို ပြသသွားမယ်လို့သိရပါတယ်။

 

JPAO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: