Nausicaä ရဲ့ Möwe ကိုအမှန်တကယ်တီထွင်လိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦး

အားလုံးပဲ Ghibli ရဲ့ရုပ်ရှင်ကိုနှစ်သက်ကြပါသလား?
သဘောကျစရာကောင်းတဲ့ ရုပ်ရှင်အမျိုးမျိုးရှိတဲ့အထဲ ကျွန်တော်အကြိုက်ဆုံး ၃ ခုထဲမှာတော့ Nausicaa of the Valley of the Wind ကလည်းပါဝင်ပါတယ်။
ထူးခြားတဲ့ကမ္ဘာ့အမြင်ဆန်း နောက်ပြီးစကားမပြောနိုင်တဲ့အစစ်အမှန်နဲ့စိတ်ကူးယဥ်ကြားက စက်ပစ္စည်းတွေ…

ဒီအထဲမှာတော့ လူစွမ်းကောင်းလေးဖြစ်တဲ့ Nausicaa စီးခဲ့တဲ့ Möwe ဟာ အရမ်းကိုအားကျဖို့ကောင်းခဲ့ပါတယ်။

https://item.rakuten.co.jp/algos-online/ens7038119565/

 

လေထဲမှာစီးမျှောပြီး ပျံသန်းနေတဲ့ Möwe..
လေယာဥ်မှာအဓိကအတောင်ပံ ၂ ဖက်ပါဝင်ပေမဲ့၊ vertical stabilizer တော့မရှိပါဘူး။
ရွေ့လျားနေတဲ့စွမ်းအင်ကိုမသိရဘဲ ဝေ့ဝဲပျံသန်းပုံမျိုးဖြစ်ပါတယ်။
စက်ဘီးမဟုတ်ဘဲ Möwe ကိုပဲလိုချင်ခဲ့တဲ့ ကျွန်တော်ရဲ့အလယ်တန်းကျောင်းသားဘဝကို ကောင်းကောင်းကြီးအမှတ်ရပါသေးတယ်။

ဒါနဲ့ Möwe ကိုတကယ်ကြီးစီးရမယ်ဆိုရင်ရော မကောင်းဘူးလာ?

ဒီလိုအိပ်မက်မျိုးမက်ခဲ့တာက ကျွန်တော်တစ်ယောက်တည်းမဟုတ်ခဲ့ဘဲ Möwe ကိုအိပ်မက်ထားပြီး တကယ့်လက်တွေ့ဖန်တီးခဲ့သူရှိပါတယ်။
မီဒီယာအနုပညာရှင်တစ်ဦးအဖြစ် တက်ကြွစွာလှုပ်ရှားသူဖြစ်တဲ့ Kazuhiko Hachiya ဆိုသူပဲဖြစ်ပါတယ်။

 

https://miraisozo.mizuhobank.co.jp/people/80193?utm_source=gunosy&utm_medium=curation&utm_campaign=mirai_gb&utm_content=ad_at_all_cr1_80193&gunoad_cid=a88f2d08-8639-4d19-a126-cf947835a2aa

 

လက်တွေ့ Möwe ကိုစီးပြီး ပျံသန်းနေပုံကိုလည်းကြည့်လိုက်ပါအုံး…

 

 

စိတ်လှုပ်ရှားစရာ ဂျက်အင်ဂျင်နေရာမှာ Möwe နဲ့အနည်းငယ်ကွဲပြားပေမဲ့၊ ၎င်းဟာလက်တွေ့ကမ္ဘာမှာ ရနိုင်တဲ့စွမ်းအင်အရင်းအမြစ်တစ်ခုပဲဖြစ်ပါတယ်။
animation ထဲမှာတော့ မတ်တပ်ရပ်စီးရတဲ့လက်ကိုင်ကို ဆုတ်ကိုင်လိုက်တာနဲ့ထပျံတဲ့ပုံစံပါ .. သို့ပေမဲ့ လက်တွေ့မှာတော့လုံခြုံစိတ်ချမှုအတွက်မလုပ်ထားလို့မရပါဘူး
မြေပြင်ပေါ်ဆင်းသက်ဖို့အတွက် ဘီးတွေလိုအပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်လက်တွေ့အခြေအနေနဲ့ကိုက်ညီဖို့ မတူညီကွဲပြားမှုတွေရှိသွားလည်း အံ့သြစရာကောင်းတဲ့လက်ရာပဲလို့ပြောနိုင်ပါတယ်။
ပုံစံဒီဇိုင်းကတော့ လုံးဝကွက်တိဖြစ်တဲ့…Möwe အတိုင်းလုပ်ထားပါတယ်။

ဒီအိပ်မက်ကိုလက်တွေ့အကောင်အထည်ဖော်လိုက်တဲ့ Hachiya ဟာဘယ်လိုလူမျိုးလဲလို့ အားလုံးလည်းသိချင်ကြမယ်လို့ထင်ပါတယ်။
သူဟာကျောင်းသားဘဝကတည်းက လူတွေမလုပ်ချင်ဆုံးအရာကိုရွေးချယ်တတ်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်.
အထက်တန်းကျောင်းသားဘဝမှာ ကျွမ်းဘားကိုလေ့လာသင်ယူခဲ့တယ်။
ဘာကြောင့် ဒီယှဥ်ပြိုင်မှုကိုရွေးချယ်ခဲ့ရသလဲဆိုရင် ပြိုင်ပွဲဝင်သူနည်းတာက အဓိကအချက်ပါပဲတဲ့…
ဘေ့စ်ဘောတို့ ဘောလုံးပွဲတို့ဟာ ကစားကြသူတွေများသလို ပြိုင်ပွဲကလည်းပြင်းထန်ပြီး, တစ်ယောက်တည်းဆိုဘယ်လိုမှ ဆော့နိုင်မယ့်ကစားပွဲတွေမဟုတ်ပါဘူး။
ကျွမ်းဘားမှာတော့ တစ်ယောက်ချင်းစီဆော့ရသလို၊ ပြိုင်ပွဲဝင်သူကလည်းနည်းတာက ကောင်းတယ်ဆိုပြီး ရွေးချယ်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း Kyushu အနုပညာနှင့်နည်းပညာတက္ကသိုလ်သို့ဆက်ပြီးတက်ရောက်ခဲ့ပါတယ်။
ဘွဲ့ရပြီးနောက်ကုမ္ပဏီများအတွက်အလတ်စားနှင့်ရေရှည်မဟာဗျူဟာများကိုရေးဆွဲပြီးအမှတ်တံဆိပ်များထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုတွင်အလုပ်ရခဲ့ပါတယ်။
ဒါကလည်း ယှဥ်ပြိုင်မှုနည်းတဲ့နယ်ပယ်ကိုရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။

လုပ်ငန်းကြီးတွေထက်စာရင် ကုမ္ပဏီသေးဆိုရင် လုပ်ငန်းခွင်စီးဆင်းမှုကိုအလွယ်တကူနားလည်နိုင်ပြီး ကျွမ်းကျင်သူတစ်ဦးဖြစ်ရလွယ်တယ်လို့ စဥ်းစားခဲ့ပါတယ်။
အဲ့ဒီနောက် သူလွတ်လပ်စွာဖန်တီးခဲ့တာကတော့ အလွန်ရေပန်းစားလူကြိုက်များခဲ့တဲ့ Postpet ဆိုတဲ့ အီးမေးလ်ဆော့ဖ်ဝဲတစ်ခုပဲဖြစ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်တစ်ကောင် (အထူးသဖြင့်ပန်းရောင်ဝက်ဝံ) ကိုကွန်ပျူတာဖန်သားပြင်ပေါ်မှာမွေးထားပြီး၊ ဒီအိမ်မွေးတိရစ္ဆာန်ဟာ သူငယ်ချင်းအိမ်တွေထိစာလိုက်ပို့ပေးကာ၊ မိန်းကလေးတွေကိုပါစွဲလန်းစေခဲ့တဲ့ software တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။

မျက်နှာပြင်မှာလျှောက်သွားနေတဲ့ ဝက်ဝံ..
သူငယ်ချင်းရဲ့အိမ်မွေးတိရစ္ဆာန်က စာကိုယူလာပေးပြီးလာဆော့နေတာကတော်တော်လေးချစ်စရာကောင်းပြီး၊ မိမိရဲ့အိမ်မွေးတိရစ္ဆာန် အထူးသဖြင့်မိမိလက်ထဲကိုသူနားမလည်တဲ့စာလာပို့ပေးတဲ့အမူအရာဟာ အရမ်းချစ်စရာကောင်းပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော်လည်း ဒီ software ကိုအသုံးပြုခဲ့ပါတယ်။

Hachiya ရဲ့အိုင်ဒီယာက ဈေးကွက်ဝယ်လိုအားကိုထည့်သွင်းစဥ်းစားပြီး အသေးစိတ်နည်းဗျူဟာတွေချမှတ်ခြင်းထက်စာရင် ကိုယ်သာဆို ဘာကိုလိုချင်မလဲ ဆိုတဲ့တွေးပုံတွေးနည်းဖြစ်ပါတယ်။
လူသန်း ၁၀၀ လောက်ကလက်မခံရင်တောင်မှာ လူပေါင်း ၃၀၀၀ လောက်ပဲ ဒီ software ကိုအသုံးပြုရင်တော်ပြီလို့ အစကတည်းကတွေးခဲ့သူပဲဖြစ်ပါတယ်။

ဒီလိုတွေးခေါ်မှုမျိုးရှိတဲ့ Hachiya ရဲ့နောက်ထပ်တီထွင်လိုက်တာကတော့ တကယ့်အစစ် Möwe ပါပဲ။
ဒါဟာ ဝါသနာတစ်ခုသာလျှင်မကဘူးဆိုတာ စာဖတ်သူတို့ခံစားမိပါသလား?
နောက်ပိုင်းမှာ သူရဲ့လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်နေသင့်တယ်လို့ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: