အဲဒိုခေတ်မိန်းကလေးများ အပင်ပန်းခံပြီးလေ့လာဆည်းပူသမျှဟာ လက်ထပ်ဖို့အတွက်သာ …..

ဆာမူရိုင်းတွေ တော်တော်များများရှိနေသေးတဲ့ အဲဒိုခေတ်မှာလူတွေဘယ်လိုနေထိုင်ခဲ့ကြသလဲဆိုတာ စာဖတ်သူတို့ပုံဖော်ကြည့်နိုင်ပါသလား?
အလုပ်, သင်ယူမှု, ကိုယ်ခံပညာ စတာတွေဟာအမျိုးသားတွေလုပ်ရတဲ့အရာလို့ ပိုပြီးသိကြပါတယ်။
ဟုတ်ပါတယ်။ ဒါဟာ ယောက်ျားလေးမှန်ရင်ကလေးဘဝကတည်းက သင်ယူရတဲ့ပညာရပ်တွေပဲဖြစ်ပါတယ်။
ဒါဆို မိန်းကလေးကရော?
မိခင်နေရာရောက်လာခဲ့ရင် အိမ်အလုပ်၊ ကလေးပြုစုပျိုးထောင်ခြင်းတွေနဲ့အလုပ်ရှုပ်ကြပေမဲ့၊ လက်မထပ်ရသေးတဲ့မိန်းမငယ်လေးတွေကရော ဘယ်လိုနေထိုင်ခဲ့ကြပါသလဲ?
ဒါကိုဂျပန်လူမျိုးတွေတောင် သိပ်ပြီးမသိကြပါဘူး။
တကယ်ကတော့ တော်တော်လေးပင်ပန်းလှတဲ့နေစဥ်ဘဝကိုဖြတ်သန်းနေရသူတွေပဲဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ လက်ထပ်ရဖို့အတွက်တဲ့….. အံ့အားသင့်သွားရပါတယ်။
စကားမစပ် မျက်မှောက်ခေတ်ဂျပန်မှာရှိတဲ့မူလတန်းကျောင်းသားလေးတွေတောင် တော်တော်လေးအလုပ်များပါတယ်။ ကလေး ၈၀ ရာခိုင်နှုန်းခန့်ဟာကျောင်းကအပြန် တစ်စုံတစ်ခုကိုသင်ယူနေရပါတယ်။
သူငယ်ချင်းကောင်းတွေလည်းရနိုင်တာကြောင့် ကလေးတွေရဲ့အနာဂတ်ကောင်းစားဖို့အတွက်ပါဆိုပြီး မိဘတွေဟာကလေးတွေပြန်လာတာနဲ့ အိမ်မှာနောက်ထပ်ဘာသာရပ်တစ်ခုကိုသင်ကြားစေပါတယ်။
သို့သော် အဲဒိုခေတ်မိန်းကလေးတွေကတော့ အဆပေါင်းများစွာပင်ပန်းခဲ့ကြပါတယ်…
ထိုအချိန်ရဲ့ ဝတ္ထုထဲမှာဖော်ပြခြင်းခံရတဲ့ မိန်းမငယ်လေးတို့ရဲ့ ၁ ရက်တာကိုကြည့်ရအောင် ..
နံနက်မိုးလင်းတာနဲ့ 寺子屋 Terakoya ကိုသွားပြီးကြိုးစားရတယ်။
寺子屋ဆိုတာက ကျောင်းအစား စာသင်ကြားတဲ့နေရာဖြစ်ပြီး၊ ဒီဘက်ခေတ်စကားနဲ့ဆို ကိုယ်ပိုင်ကျောင်းလို့ပြောလို့ရပါတယ်။
ဒါပြီးသွားပြီဆိုရင် Shamisen လို့ခေါ်တဲ့ ကြိုး ၃ ချောင်းပါတူရိယာလေ့ကျင့်မှုအတွက်သွားရပါတယ်။
ပြီးသွားရင်တော့အိမ်မှာနံနက်စာစားပြီး
အဲ့ဒီနောက်အကလေ့ကျင့်မှုပါလုပ်ရပါတယ်။ ပြီးရင်တော့ 寺子屋 ကိုပြန်သွားရပါတယ်။
မွန်းလွဲ ၂ နာရီအိမ်သို့ပြန်ပြီး စားသောက်ပြီးနောက် အများသုံးရေချိုးကန်မှာ ရေသွားချိုးတယ်။ ထို့နောက် 琴koto (ဂျပန်စောင်းပညာရပ်) ကိုပါလေ့လာရပါတယ်။
အိမ်ပြန်ရောက်ပြီဆိုရင် မနက်ဖြန်သင်ခန်းစာအတွက် Shamisen, dance, koto ပြန်လေ့ကျင့်ရပါတော့တယ်။
အားလပ်ချိန်မရှိတော့ဘူးလား?
ဝတ္ထုမှာရေးထားတာက ချဲ့ကားပြောဆိုထားတာလည်း ဖြစ်ဖို့များပေမဲ့၊ ကောင်းမွန်တဲ့မိသားစုတစ်ခုမှာမွေးဖွားလာတဲ့ကလေးတွေဟာ တကယ်ပင်ပန်းပြီးအားလပ်ချိန်ဆိုတာမရှိခဲ့ဘူးလို့ဆိုပါတယ်.
ဘာကြောင့်ဒီလောက်အထိလုပ်နေရသလဲ? လို့မေးမယ်ဆိုရင်တော့ … အဖြေက..
လက်ထပ်ဖို့အတွက်တဲ့…
အစဥ်အလာယဥ်ကျေးမှုကိုမသိနားမလည်ဘူးဆိုရင် ကောင်းမွန်တဲ့မိသားစုရဲ့သတို့သမီးဖြစ်မလာနိုင်ဘူး လို့ဆိုတာကြောင့် မိန်းကလေးများရဲ့ပျော်ရွှင်မှု = ကောင်းမွန်တဲ့မိသားစုရဲ့သတို့သမီးဖြစ်ရခြင်း ဆိုတဲ့အယူအဆဟာ မိန်းကလေးတွေအပေါ်လွှမ်းမိုးခဲ့ပါတယ်။
ချမ်းသာကြွယ်ဝတဲ့ကုန်သည်တွေနဲ့ လယ်သမားမိသားစုကကလေးတွေဟာ ဆာမူရိုင်းမိသားစုဝင်ဖြစ်ဖို့အတွက် မျှော်မှန်းကြပါတယ်။
မျက်မှောက်ခေတ်မှာတော့ ငယ်ရွယ်တဲ့စီးပွားရေးသမားတွေ ဒါမှမဟုတ်လူချမ်းသာမိသားစုနဲ့ စသဖြင့်လက်ထပ်ပြီး အလုပ်မလုပ်ရဘဲ ဇိမ်ခံပစ္စည်းတွေနဲ့နေထိုင်ရဖို့ အချို့အမျိုးသမီးတွေဟာ အိပ်မက်မက်ကြပါတယ်။ ဒါဟာအဲ့ဒိုခေတ်နဲ့ယှဥ်ပြီးပြောရင် သိပ်ပြီးပြောင်းလဲသွားတာမရှိကြောင်း နားလည်ရပါတယ်။
Kengo Abe