ဂျပန်ငွေစက္ကူတို့၏ အတုအပကာကွယ်ထားမှု (ယန်း ၁၀၀၀ တန်ကိုအလင်းဖောက်ကြည့်လိုက်တဲ့အခါမှာတော့)

ဂျပန်ကိုရောက်လာတဲ့အခါ လူတိုင်းအသုံးပြုရတာကတော့ ဂျပန်ငွေစက္ကူပါပဲ။
ထိုအထဲမှာတော့ အမျိုးမျိုးသောလျှို့ဝှက်ချက်တွေကိုဖုံးကွယ်ထားတယ်ဆိုတာ စာဖတ်သူတို့သိထားပါသလား?
ငွေစက္ကူအတုလိုက်မထုတ်နိုင်အောင် ပြုလုပ်ထားတဲ့သေးငယ်တဲ့အရာလေးပါ။
သို့သော် ဒါအတုထုတ်လုပ်မှုအတွက် ကာကွယ်ထားတာမှ ဟုတ်ရဲ့လား? လို့ထင်သွားစေမယ့်ထူးဆန်းတဲ့အရာရှိနေပြီး၊ မြို့ပြသမိုင်းကြောင်းတစ်ခုလည်းရှိနေပါတယ်။
သင်ဘာကိုယုံမလဲ?

အရင်ဆုံး ရိုးရိုးအတုအပကာကွယ်ထားတဲ့အချက်ကနေ ကြည့်ကြပါစို့..
“ ရိုးရိုး” ဆိုတာတကယ်တော့ ရိုင်းပျတဲ့စကားပါ, ဘာကြောင့်ဆိုတော့ အတုအပကာကွယ်ဖို့ ဂျပန်ရဲ့အမြင့်ဆုံးနည်းပညာကိုထည့်သွင်းထားလို့ပါ။

ကျောဘက်အခြမ်းရဲ့တစ်နေရာမှာ သာမန်အားဖြင့်မမြင်နိုင်တဲ့အရွယ်အစားနဲ့ ニホン (Nihon) ဂျပန် ဆိုပြီးရေးထားတယ်။

 

https://www.asovision.com/eyeclops/an_money.html

 

အရှေ့ဘက်မှာလည်း ニホン ဆိုပြီး‌ရေးထားပါတယ်။

ရှာတွေ့ပါသလား?

နောက်ပြီး ၁ သောင်းတန်ရဲ့ ဒီနေရာလေးမှာ..

 

Page Breakhttps://topics.tbs.co.jp/article/detail/?id=3181

 

အနည်းငယ်အောက်ကနေကြည့်လိုက်တဲ့အခါ…

စကားလုံးပေါ်လာပါတယ်။
အခြားသောငွေစက္ကူတွေလည်း ဒီအတိုင်းပါပဲ…
ဒီနည်းပညာကို ဂျပန်ကကမ္ဘာ့ပထမဆုံး စတင်မိတ်ဆက်ခဲ့ပါတယ်တဲ့…

နောက်ပြီးဒီနေရာ..

 

ချဲ့ကြည့်လိုက်တဲ့အခါ 3D အဖြစ်မြင်ရပါတယ်။

အမြင်အာရုံချို့ယွင်းနေသူတွေအတွက်လည်း ကိုင်ကြည့်ပြီးငွေစက္ကူကိုခွဲခြားနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။

ဒီအထိကတော့ အံ့သြစရာကောင်းလှတဲ့ ဂျပန်ရဲ့ပုံနှိပ်နည်းပညာအကြောင်းဖြစ်ပါတယ်။ သို့သော်အခုကနေစပြီးပြောပြမယ့်အရာက အပေါ်ကပြောခဲ့တဲ့ထူးဆန်းတဲ့အကြောင်းဖြစ်ပါတယ်။
ယန်း ၁၀၀၀ တန်ငွေစက္ကူရဲ့ ကျောဘက်မှာရှိတဲ့ဒီပုံ ..အကယ်၍လက်ထဲမှာယန်း ၁၀၀၀ တန်ရှိမယ်ဆို အခုပဲစစ်ဆေးကြည့်ပါ။

 

https://ghibli-tosidensetu.com/富士山はピラミッド!?千円札に隠された怖い都.html

 

လူတိုင်းဖူဂျီတောင်ကိုသိကြတယ်နော်…
ဖူဂျီတောင်ကိုကန်ရဲ့မျက်နှာပြင်ပေါ်မှာပုံနှိပ်ထားပြီး ပြောင်းပြန်ဖြစ်နေတဲ့ဖူဂျီတောင်ကိုတော့ ပန်းချီသဖွယ်တွေ့ရပါတယ်။
သိုပေမဲ့ ပုံကိုသေသေချာချာကြည့်လိုက်ပါ။

အပေါ်ကဖူဂျီတောင်နဲ့ ကန်မျက်နှာပြင်မှာမြင်ရတဲ့ဖူဂျီဟာ လုံးဝကွဲနေပါတယ်။
အပြင်မှာရှိတာနဲ့ရေမျက်နှာပြင်မှာထင်ဟပ်တာက မတူတာမျိုးလည်းရှိတတ်ပေမဲ့၊ ဒါကတော့ အဲ့ဒီလိုမဟုတ်ဘဲ ကြည့်လေကြည်လေ မတူလေပါပဲ။
ရည်ရွယ်ချက်ရှိရှိ အခြားသောတောင်ကိုထည့်သွင်းရေးဆွဲထားခြင်းသာဖြစ်ကြောင်း သိရပါတယ်။

 

 

ဒီလိုပါပဲ ထူးဆန်းတဲ့အရာအဖြစ်နာမည်ကြီးတာက အမေရိကန်ဒေါ်လာမှာထည့်သွင်းထားတဲ့ မျက်လုံးပါ။
၁ ဒေါ်လာတန်ငွေစက္ကူမှာရေးဆွဲထားတဲ့ မျက်လုံးအကြောင်းတော်တော်များများသိကြမယ်နော်…

ယန်း ၁၀၀ တန်ငွေစက္ကူမှာလည်း ဤကဲ့သို့မျက်လုံးကိုဆွဲထားပါတယ်။
ပိရမစ်လည်းတစ်နေရာမှာမှ မပါသလို၊ မျက်လုံးလည်း Hideyo Noguchi ရဲ့ပုံတူပဲဖြစ်ပေမဲ့၊ အလင်းဖောက်ပြီးကြည့်လိုက်တဲ့အခါ….

 

 

မြင်လိုက်ပါသလား?
၁ ဒေါ်လာတန်ငွေစက္ကူလို ပိရမစ်ပေါ်ကမျက်လုံးကဲ့သို့ ပုံရိပ်တစ်ခုပေါ်လာပါတယ်။

ထူးဆန်းတဲ့တောင် နောက်ပြီး ပိရမတ်+မျက်လုံး..
အကြောင်းအရာတစ်ခုခုကိုဖုံးကွယ်ထားသလား? ဒါမှမဟုတ် တိုက်ဆိုင်မှုတစ်ခုပဲလား?
တောင်ကတော့ သိသိသာသာပဲဆွဲထားတာကြောင့်၊ တိုက်ဆိုင်တယ်လို့တော့မဆိုနိုင်သော်လည်း….

ဘယ်သူမှအမှန်တရားကိုမသိဘဲ၊ အမျိုးမျိုးသောမြို့ပြဒဏ္ဍာရီဟာ လူမှုကွန်ယက်အင်တာနက်မှာ ပွလာပေမဲ့၊ အမှန်တရားဟာ တစ်ချိန်မှာတော့ လူတွေရှေ့ကိုထွက်လာမလား?
ငွေစက္ကူအသစ်လည်း ထိုနည်း၎င်းပဲ လျှို့ဝှက်ချက်များစွာနဲ့ ထွက်လာအုံးလိမ့်မလား?
လျှို့ဝှက်ချက်ကို ကိုယ်ကိုတိုင်ကစပြီး ရှာဖွေဖော်ထုတ်ကြည့်မယ်ဆိုလည်း စိတ်ဝင်စားစရာကောင်းနေပြန်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: