ငလျင်လှုပ်တဲ့အခါ အိမ်နဲ့အဆောက်အအုံတွေမပြိုလဲတော့ဘူး ?

ဂျပန်မှာငလျင်အဖြစ်များတာကြောင့် မနေချင်ကြသူတွေတော်တော်များများရှိကြပါတယ်။
ကျွန်တော် ၂၀၁၁ ခုနှစ်ကဖြစ်ခဲ့တဲ့ Tohoku ငလျင်ကြီးကို Chiba ခရိုင်မှာ ကြုံတွေ့ခဲ့ရပါတယ်။
ငလျင်နဲ့အသားကျနေပြီးသားဂျပန်လူမျိုးတွေတောင် ဒီငလျင်ရဲ့ပြင်းထန်မှု၊ တုန်ခါနေတဲ့အချိန်ရဲ့ကြာရှည်မှုဟာစံချိန်တင်ပြီး ဘယ်သူမှမတ်တပ်မရပ်နိုင်လောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုပြင်းထန်တဲ့ငလျင်ထဲမှာလည်း အဆောက်အဦးတွေပြိုလဲကုန်တယ်ဆိုတဲ့သတင်း သိပ်မကြားခဲ့ရပါဘူး။
ဒီငလျင်ကြောင့်သေဆုံးရသူတွေအများအပြားရှိပေမဲ့၊ အများစုက ဆူနာမီကြောင့်သေရခြင်းဖြစ်ပါတယ်။
Fukushima ရဲ့ နျူကလီးယားဓါတ်ပေါင်းဖိုမတော်တဆမှုကလည်း ဆူနာမီကြောင့်ပဲဖြစ်ပါတယ်.

ငလျင်တွေများတဲ့ဂျပန်မှာတော့ ကြီးမားတဲ့ငလျင်ကြောင့်အဆောက်အအုံတွေပြိုလဲသွားတဲ့အခါ အကြောင်းအရင်းကိုသေသေချာချာသုတေသနလုပ်ပြီး၊ တန်ပြန်စီမံမှုတွေလုပ်ကာ ကာကွယ်တားဆီးမှုပြုဖို့ ဥပဒေလည်းပြဌာန်းထားပါတယ်။
ဂျပန်ရဲ့အဆောက်အဦးတွေမှာဒီလို ငလျင်ရဲ့လှုပ်ခါမှုကို ခံနိုင်ရည်ရှိမယ့်စက်ယန္တရားကို တပ်ဆင်ထားပါတယ်။

 

http://www.asahi.com/special/10005/

 

ဒါဟာအဆောက်အဦးတွေမှာပဲမဟုတ်၊ လုံးချင်းအိမ်တွေလည်းထိုနည်း၎င်းဆောက်လုပ်ကြပါတယ်။
ဂျပန်ရဲ့အဆောက်အဦးဟာ မြေပြင်ပေါ်မှာဆောက်ထားတာမဟုတ်ဘဲ၊ ဖောင်ဒေးရှင်းဆိုတဲ့ကျောက်ပေါ်မှာအိမ်ကိုဆောက်လုပ်ကြပါတယ်။

https://service.e-house.co.jp/advice/09.html

 

အိမ်ရဲ့အောက်ခြေမှာ လစ်ဟာနေတဲ့လေဟာနယ်ကိုထား ထားပါတယ်။ ဒါကြောင့်၊ စိုထိုင်းမှုလည်းမရှိတော့သလို ငလျင်လှုပ်ချိန်မှာမြေမျက်နှာပြင်လှုပ်ခက်မှုကို အိမ်နဲ့တိုက်ရိုက်မထိစေတော့ပါဘူး။

ကွန်ကရစ်နဲ့ဆောက်လုပ်တာက မာပြီးငလျင်ကိုပိုပြီးခံနိုင်မှာပဲလို့တွေးမိတတ်ကြပါတယ်။ တကယ်ကတော့ ဆန့်ကျင်ဘက်ပါ။
ငလျင်ရဲ့တုန်ခါမှုကို အလိုက်သင့်နေနိုင်တာကတော့ .. သံမသုံးဘဲသစ်သားတစ်ခုနဲ့တစ်ခုဆက်ပြီးဆောက်လုပ်ခြင်းပါပဲ။
လှုပ်ခက်ရင်းငလျင်ဒဏ်ကိုအလိုက်သင့်နေနိုင်ပေမဲ့၊ ကွန်ကရစ်ဆိုရင်တော့ လှုပ်ခက်နေတဲ့အားကိုအလိုက်သင့်မနေနိုင်ဘဲ ကျိုးကုန်ပါတယ်။
ဒီအတွက် ကွန်ကရစ်အိမ်နဲ့အဆောက်အဦးတွေရဲ့ အောက်ခြေမှာရာဘာ စတာတွေကို အသုံးပြုလာပြီး၊ ငလျင်အားကိုစုပ်ယူတဲ့အပိုင်းတွေအဖြစ် ဆောက်လုပ်ကြပါတယ်။

စကားမစပ် ဂျပန်ရဲ့ငလျင်ကာကွယ်တားဆီးမှုက ရှေးခေတ်ကတည်းကရှိခဲ့ပြီး ရှေးအကျဆုံးသစ်သားအဆောက်အအုံဖြစ်ပြီး Nara ရှိTodaiji ဘုရားကျောင်းကတော့ နှစ်ပေါင်း ၈၀၀ တိုင် ငလျင်ဒဏ်ကိုအံတုပြီး ယခုထိရှိနေပါသေးတယ်။

https://atm-koumuten.jp/narakenchiku/

 

အမြင့် ၂၅ မီတာရှိပြီး အဆောက်အဦးသေးတွေထက်ပိုမြင့်ပါတယ်။
အရှည် ၂၅ မီတာရှိတဲ့သစ်တိုင် ၁၈ တိုင်နဲ့ ဒီအဆောက်အဦးကိုထောက်ထားပါတယ်။

ဒီဧရိယာဟာ ငလျင်ဒဏ်သိပ်မခံရတာမျိုးမဟုတ်ပါဘူး။
နှစ် ၈၀၀ တိုင်အကြိမ်ပေါင်းများစွာပြင်းအားများတဲ့ငလျင်တွေရောက်လာခဲ့ပေမဲ့၊ ကြံ့ကြံ့ခံပြီးယခုတိုင်ရှိနေတာက ဂျပန်ရဲ့ ငလျင်ကာကွယ်စီမံဆောင်ရွက်ရေးဟာ ထိုအချိန်ကလည်းကရှိခဲ့တယ်ဆိုတာကိုနားလည်ရပါတယ်။

ငလျင်ကြောင့် အဆောက်အအုံပြိုလဲသွားရတာဟာ လက်ရှိအချိန်မှာတော့ ရှားပါးဖြစ်စဥ်လိုဖြစ်လာခဲ့ပါတယ်။
ဒါကြောင့်လို့ဆိုပြီး ငလျင်ကိုမကြောက်တော့တာတော့မဟုတ်ပါဘူး။
သေချာပေါက်ပြိုလဲနိုင်ချေမရှိတော့ဘူးလို့လည်းမဆိုလိုသလို၊ ဆူနာမီရဲ့ဘေးအန္တရာယ်ကတော့ လူသားတွေရဲ့အင်အားနဲ့ဘယ်လိုမှ ထိန်းချုပ်လို့မရသေးပါဘူး။

ဂျပန်ဟာငလျင်ကိုကြောက်ရွံ့ရင်း အတူတကွအသက်ရှင်သွားဖို့အတွက် နည်းပညာတွေကိုဆက်လက်မွမ်းမံလျှက်ရှိပါတယ်။
ဒါကြောင့် လိုတာထက်ပိုပြီးတော့မကြောက်ဘဲ ဂျပန်မှာစိတ်သက်သာစွာနဲ့နေနိုင်မယ်လို့ ထင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: