(၃) ရက်နေ့ တိုကျိုတွင်ကူးစက်မှုအသစ် ၅၃၃ ဦးရှိကြောင်းအတည်ပြု
(၃) ရက်နေ့အတွက်ကတော့ တိုကျိုမှာကူးစက်မှုအသစ် ၅၃၃ ဦးရှိကြောင်းအတည်ပြုခဲ့ပါတယ်။ ပြင်းထန်ဝေဒနာခံစားရသူတွေဟာ အရင်နေ့တွေကထက် ၅ ဦးလျော့နည်းသွားတာကြောင့် စုစုပေါင်း ၅၄ ဦးဖြစ်ပါတယ်။
https://www.akita-abs.co.jp/nnn/sp/news91g3olp6dylg8m1ee7.html
အသက် ၁၀ နှစ်အောက်ကလေးတွေကနေ အသက် ၉၀ အရွယ်အမျိုးသားအမျိုးသမီးစုစုပေါင်း ၅၃၃ ဦးထဲမှာ နှစ်အလိုက်
အသက် ၂၀ နှစ် = ၁၁၄ ဦး
အသက် ၃၀ နှစ် = ၉၃ ဦး
အသက် ၄၀ နှစ် = ၈၉ ဦး
အသက် ၅၀ နှစ် = ၈၁ ဦး
ရောဂါလက္ခဏာပြင်းထန်နိုင်သည့် အသက် ၆၅ နှစ်နှင့်အထက်လူကြီးများစုစုပေါင်း = ၈၉ ဦးဖြစ်ပြီး လူကြီးများကူးစက်မှုဟာ ယနေ့အတွက်ကတော့ အများဆုံးဖြစ်သွားခဲ့ပါတယ်။ အရေးကြီးလူနာများ ၅ ဦးလျော့နည်းသွားတဲ့အတွက် ၅၄ ဦးရှိပါတယ်။ ယနေ့အထိ တိုကျိုမှာလူပေါင်း ၄၂,၃၄၅ ဦး ကူးစက်ခံထားရပြီဖြစ်ပါတယ်။
source:ANN
JAPO Myanmar