အာကာသကိုမြင်ခဲ့တဲ့ အထက်တန်းကျောင်းသားလေးများ၊ အချိန် ၈ နှစ်ကြာပြီးမှ ကင်မရာလက်ထဲသို့ပြန်‌ရောက်

အမေရိကန်ရဲ့ပုဂ္ဂလိကကုမ္ပဏီဖြစ်တဲ့ SpaceX က အာကာသစီးပွားရေးလုပ်ငန်းကို ပထမဆုံးစတင်လိုက်တယ်ဆိုတဲ့သတင်းကိုကြားပြီး နှစ်အနည်းငယ်။
နောက်ဆုံးတော့ လူလိုက်ပါလာတဲ့ယာဥ်မှာ ဂျပန်လူမျိုးအာကာသယာဥ်မှူးလည်းလိုက်ပါစီးနှင်းရပြီး နိုင်ငံတကာအာသာသအခြေစိုက်စခန်းဆီသို့ သွားရတဲ့ခေတ်ကိုရောက်လာခဲ့ပါတယ်။

民間宇宙船で宇宙ステーションへ、SpaceXとボーイングの計画はどこまで進んだのか

 

ထို့အပြင် အမြင့်ဆုံးကိုပျံတက်မယ့်အာကာသယာဥ်နဲ့ လေယာဥ်ပျံအတွင်းပိုင်းကဲ့သို့ ယာဥ်ကိုယ်ထည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလည်းဆက်လက်လှုပ်ဆောင်နေပြီး၊ လေယာဥ်ကွင်းကနေအာကာသကိုတိုက်ရိုက်သွားမယ့် အကူးအပြောင်းကာလကိုရောက်ဖို့ လက်တစ်ကမ်းအလိုလောက်သာ ကျန်ပါတော့တယ်။
အနာဂတ်မှာပိုပိုပြီး လွယ်လွယ်ကူကူနဲ့အာကာသဆီသွားနိုင်မယ့်ကာလကိုရောက်လာမယ် ဆိုတာကိုကြိုတင်ခံစားရပြီး စိတ်တွေလည်းလှုပ်ရှားနေပေမဲ့ ဒီလိုအာကာသသို့ခရီးနှင်မယ်ဆိုတဲ့အိပ်မက်ကို မိမိဘာသာစိန်ခေါ်ခဲ့တဲ့ ဂျပန်လူမျိုးအထက်တန်းကျောင်းသားလေးတွေလည်း ရှိခဲ့ပါတယ်။

သူတို့အကြောင်းကိုပြောပြချင်ပါတယ်။

၂၀၁၂ ခုနှစ် ၁၁ လပိုင်း ၁၈ ရက်နေ့၊ Nagano စီရင်စု Ida နည်းပညာအထက်တန်းကျောင်းစက်မှုဌာန ၃ နှစ်မြောက်ကျောင်းသား ၈ ယောက်ဟာ၊ အဓိကသုတေသနအဖြစ် အမြင့်မှာရှိတဲ့မိုးပျံပူဖောင်းကနေ ကမ္ဘာမြေကြီးရဲ့လေထုအပေါ်လွှာကို ရိုက်ကူးဖို့ စိန်ခေါ်မှုလုပ်ခဲ့ပါတယ်။
တာဝန်ရှိဆရာအပါအဝင် ဘတ်ဂျက်အနည်းငယ်နဲ့အစပြုခဲ့ပါတယ်။

 

လေတိုက်ခက်နေစဥ်မြင့်တက်သွားပြီး၊ နောက်ဆုံးမှာ မိုးပျံပူဖောင်းဟာ ပေါက်ကွဲသွားကာပြန်ပြုတ်ကျလာချိန်မှာ လေထီးဖွင့်ပြီးမြေမျက်နှာပြင်ပေါ် ပြန်ဆင်းလာမယ်လို့ အစီအစဥ်ဆွဲကြပြီး၊ လေစီးကြောင်းနဲ့အတူ Fukui စီရင်စုကနေ ပူဖောင်းကိုလွှတ်တင်လိုက်ပါတယ်။

ပူဖောင်းထဲမှာတော့ ဗွီဒီယိုကင်မရာနှင့်စမတ်ဖုန်းကိုထည့်ပြီး၊ GPS နဲ့ပြန်ရှာမယ်လို့ စီစဥ်ထားခဲ့ကြပါတယ်။

 

 

 

ပူဖောင်းဟာအဆင်ပြေစွာပဲ ကောင်းကင်ပြာပေါ်တက်သွားပြီး၊ ခန့်မှန်းထားတဲ့အတိုင်းလေစီးကြောင်းနဲ့လွှင့်ပါသွားပါတယ်။
ပြန်ကျလာတဲ့နေရာလို့ခန့်မှန်းရတဲ့အမှတ်လောက်မှာသွားပြီးရှာခဲ့ပေမဲ့ ပူဖောင်းကိုမတွေ့ရှိခဲ့ပါဘူး။

ဘတ်ဂျက်နဲ့ လူအင်အားနည်းတာကြောင့် ရှာဖွေမှုအကွာအဝေးကိုကန့်သတ်လိုက်ပြီး၊ နောက်ဆုံးမှာဦးတည်ရာကိုမသိတဲ့အတိုင်း ဒီသုတေသနကိုအဆုံးသတ်လိုက်ရပါတယ်။
သို့သော် ဒါကိုမကြာသေးခင်ကပြန်လည်ရှာတွေ့သွားပါပြီး။
၈ နှစ်ကြာပြီး ၂၀၂၀ ခုနှစ် ၁၁ လပိုင်း ၇ ရက်နေ့ Saitama စီရင်စုရှိသစ်တောများကိုစီမံခန့်ခွဲတဲ့ကုမ္ပဏီက ပူဖောင်းကိုရှာဖွေတွေ့ရှိသွားကာ၊ ရေးထားတဲ့လိပ်စာအတိုင်း တာဝန်ခံဆရာဆီဖုန်းဝင်လာခဲ့ပါတယ်။

ပူဖောင်းဟာ အဆင်ပြေစွာမြင့်တက်သွားပြီးနောက် ပြန်ကျလာတဲ့အထိ ၂ နာရီ ၃၅ မိနစ်ခန့်သာကြာခဲ့ပါတယ်။
သေသေချာချာရိုက်ကူးမိတဲ့ပုံရိပ်တွေလည်း ကျန်ရစ်ခဲ့ပါတယ်။

 

 

ပထမဆုံးမြင့်တက်သွားတာက ၁ နာရီ ၄၁ မိနစ်နဲ့ ၁၂ စက္ကန့် …..
ခန့်မှန်းချေအမြင့် 32,000m ရှိတဲ့ကောင်းကင်ယံကနေ ပုံရိပ်တွေရိုက်ကူးမိပြီးနောက် ပူးဖောင်းပေါက်သွားပြီး မြေပြင်ပေါ် ပြန်ကျလာခဲ့ပါတယ်။
ဟုတ်ပါတယ်။ ..သူတို့တွေရဲ့သုတေသနက တကယ်ကိုကြီးမားတဲ့အောင်မြင်မှုပဲဖြစ်ပါတယ်။

 

 

အားလုံးဟာ ကိုယ်စီဘွဲ့တွေရနေကြပြီဖြစ်ပေမဲ့၊ သူတို့တွေရဲ့ကြိုးပမ်းမှုဖြစ်တဲ့ အာကာသကနေရိုက်ကူးမိတဲ့ပုံရိပ်တွေကတော့ အားလုံးကိုပီတိဖြစ်စေခဲ့ပါတယ်။
လူသားတွေဟာ ကမ္ဘာမြေပြင်ကနေပျံတက်ပြီးအာကာသကိုသွားနိုင်မယ့်ခေတ် မကြာခင်ရောက်လာတော့မှာပဲမဟုတ်ပါသလား?
ဒီလို အိပ်မက်နောက်လိုက်တဲ့လူငယ်တွေဟာအရွယ်ရောက်လာပြီး၊ အာကာသဆိုင်ရာစက်မှုလုပ်ငန်းမှာ ပါဝင်လှုပ်ရှားရင်း ဒီလုပ်ငန်းအား ပိုပြီးဖွံ့ဖြိုးတိုးတက်စေမှာကို ရင်ခုန်စွာနဲ့စောင့်မျှော်မိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: