Toilet ထဲမှာ ယောက်ျားလေးသီးသန့်သာဆော့နိုင်တဲ့ဂိမ်းကို တီထွင်မိသောအခါ ?

ဂိမ်းထုတ်လုပ်တဲ့နိုင်ငံကြီးဖြစ်သောဂျပန်
ဒီအထဲမှာလည်း ကျွန်တော်တို့ အသက် ၄၀ အတန်းလောက်ရှိတဲ့အမျိုးသားတွေ အထူးသဖြင့် သဘောကျကြတဲ့ကုမ္ပဏီကတော့ SEGA ပါ။
ဂိမ်းစင်တာအတွက် ဂိမ်းစက်တွေကိုအမြောက်အများထုတ်လုပ်နေပေမဲ့၊ ဝင်လိုက်ပြီး ထိုင်ခုံကရှေ့နောက်ဘယ်ညာလှုပ်ယမ်းနေတဲ့ ပုံစံမျိုးတွေအထိပါများစွာထုတ်လုပ်ပြီး ကလေးဘဝမှာအားကျပြီးလိုချင်တဲ့အရာဖြစ်ခဲ့ပါတယ်။

 

အဲ့ဒီကနေတစ်ဆင့် ထပ်မံပြောင်းလဲလာတာကတော့ ဒီ R360 ပဲဖြစ်ပါတယ်။

 

https://www.4gamer.net/games/999/G999905/20200704005/

အရင်ကလိုပဲ ၃၆၀ ဒီဂရီ ရှေ့နောက်ဘယ်ညာ လှုပ်ရှားပါတယ်။
လေယာဥ်က ဇောက်ထိုးဖြစ်သွားမယ်ဆို လူပါလိုက်ပြီးဇောက်ထိုးဖြစ်သွားပါတယ်။
၁ ခါဆော့ ယန်း ၅၀၀ ပေးရတဲ့ဒီဂိမ်းကိုဆော့ချင်လွန်းလို့ ပိုက်ဆံအကြွေလေးတွေစုလိုက်၊ အချိန်ပိုင်းအလုပ်တွေကြိုးစားလုပ်လိုက် လုပ်ခဲ့ပါတယ်။

အများနဲ့ကွဲထွက်တဲ့ ဒီ SEGA ကရေရေလည်လည်မိုက်ခဲ့ပါတယ်။

ဒီလိုကျွန်တော်တို့ရဲ့ အိပ်မက်ဖြစ်တဲ့ SEGA ကထပ်မံတီထွင်လိုက်တဲ့ ထူးထူးဆန်းဆန်းဂိမ်းကို မိတ်ဆက်ပေးပါမယ်။
Concept ထုတ်တာ ၅ နှစ်၊ တီထွင်ထုတ်လုပ်မှုက ၃ နှစ်တဲ့….
၈ နှစ်တောင်အချိန်ကုန်ခံပြီးဖန်တီးခဲ့တဲ့ ဂိမ်းကတော့ ဒီမှာပါ။

 

https://www.itmedia.co.jp/news/articles/1111/18/news042.html

 

ဘာကြီးလဲ တစ်မျိုးပဲနော် ?
ဒါဆို တပ်ဆင်ထားပုံကိုကြည့်လိုက်ပါ။

 

 

wow !! တကယ် Toilet ပဲ..
Toilet မှာဆော့ရတဲ့ဂိမ်း !! နောက်ပြီးယောက်ျားလေးသီးသန့်ပဲတဲ့…
ဒီအချက်နဲ့တင် ဦးနှောက်မကောင်းတော့ဘူးလားလို့ထင်ရတယ်နော် …

ဆီး ရဲ့ speed နဲ့ rotation စတာကိုအသုံးချပြီး ဂိမ်းဆော့ရပါတယ်. နောက်ဆုံးမှာတော့ ရတဲ့အမှတ်ကိုကြေငြာပေးပါတယ်။
မိန်းကလေးတွေတော့ နားလည်နိုင်မယ်လို့မထင်ပေမဲ့၊ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ ယောက်ျားလေးအားလုံးဟာ ပစ်မှတ်ကိုရည်ရွယ်ပြီး ဆီးသွားကြတာအသေအချာပဲနော်။
ဒါကိုအကွက်ကျကျ နောက်ဆုံးပေါ်နည်းပညာနဲ့ ဂိမ်းထွင်လိုက်ခြင်းပဲဖြစ်ပါတယ်။

အရင်ဆုံး ဆီးရဲ့ လားရာကိုရွေးချယ်ရမယ့်နေရာကနေ စရပါမယ်။
လူပေါင်း ၂၀၀၀ ဆီကနေ အချက်အလက်ကောက်ထားပြီး၊ ဆီးသွားတဲ့အရှိန်နဲ့ rotation စတာတွေကိုအမျိုးအစားများစွာခွဲလိုက်ပါတယ်။
နောက်ပြီး ဒါကိုရှာဖွေတဲ့ sensor ကိုဖန်တီးလိုက်ပါတယ်။

ဂိမ်းတိုင်းမှာ Controller ကိုကိုင်ပြီးထိန်းချုပ်ရပေမဲ့ ဒီဂိမ်းမှာတော့ ချုပ်ကိုင်ရမယ့်အရာက မိမိရဲ့ဟွာပါပဲ !!
အိုင်ဒီယာစဥ်းစားမိတဲ့လူကိုတော်တော်ဆုချချင်တယ် …(ရယ်လျက်)
အထက်လူကြီးရဲ့အဖြေကလည်း OK ပဲတဲ့ … ကဲ !

ပြီးစီးသွားတာကတော့ဒီ “ トイレッツ” (တိုအိရဲဆု) လို့ခေါ်တဲ့ ဂိမ်းစက်ပါပဲ။
ဂိမ်းတွေကပုံမှန်အားဖြင့် အသစ်တွေထွက်လာပြီဆိုရင် ဂိမ်းအထူးပြုပြပွဲမှာကြော်ငြာပေးရပါတယ်။
ဒီနေရာမှာ လာကြည့်ကြတဲ့ ဂိမ်းစင်တာပိုင်ရှင်တွေကို ဖိတ်ခေါ်ပြီးမိတ်ဆက်ပေးခြင်းတွေလုပ်ပေမဲ့ “ トイレッツ” ကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။
တက်ရောက်ခဲ့တဲ့ပွဲကတော့ “居酒屋産業展”

အရက်ကုမ္ပဏီက အရသာအစမ်းတွေထုတ်တယ်၊ အစားအသောက်ကုမ္ပဏီက ဟင်းလျာအသစ်နမူနာတွေထုတ်တယ်၊ မီးဖိုချောင်သုံးပစ္စည်းထုတ်တဲ့ကုမ္ပဏီကလည်း သုံးပုံသုံးနည်းသရုပ်ပြတယ်။
ဒီလိုအထဲမှာ “ トイレッツ” ကိုထုတ်တဲ့ SEGA ကလုပ်ခဲ့တာကတော့ အစားအသောက်တွေနဲ့ဆိုင်တဲ့ သရုပ်ပြခြင်းမဟုတ်ဘဲ အပေါ့သွားခြင်းဆိုင်ရာသရုပ်ပြခြင်းပါပဲတဲ့…

လူတွေရှေ့အပေါ့သွားပြဖို့တော့ မဖြစ်နိုင်လို့ ဒီအရုပ်လေးကိုအသုံးပြုခဲ့ပါတယ်။

 

 

ဘယ်လိုပဲဖြစ်ဖြစ်လူတွေကြားထဲ ထင်ပေါ်သွားပြီး လာရောက်ကြည့်ရှုသူအများကြီးရှိပေမဲ့ စီးပွားဖြစ်ဆွေးနွေးမှု တစ်ခုတောင်မရှိခဲ့ဘူးတဲ့။

ဒါနဲ့ ထိုကနေတစ်ဆင့် ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။
သူတို့ဟာမြို့ထဲမှာရှိတဲ့ Pachinko ဂိမ်းဆိုင်မှာ ခွင့်တောင်းပြီး Toilet မှာစက်ကိုတပ်ဆင်လိုက်ကာ၊ ထိုအိမ်သာရဲ့အဝင်အထွက်ကိုစစ်ဆေးခဲ့ပါတယ်။
Toilet ထဲမှာ၊ ကြော်ငြာစာရွက်တွေ ကပ်ထားလေ့ရှိပေမဲ့ ဒီကြော်ငြာတွေကိုကြည့်တဲ့လူက 15% လောက်ပဲရှိတာနဲ့ပတ်သက်ပြီး၊ မေးခွန်းတွေကိုတော့ 51% သော လူတွေကြည့်ကြတယ်လို့ဆိုပါတယ်။
ထို့အပြင် ဗီဒီယိုလည်းရိုက်နိုင်တာကြောင့် သတင်းအချက်အလက်တွေပိုပြီးသိလာရပါတယ်။

Izakaya လိုဂျပန်အရက်ဆိုင်တွေမှာလည်း တပ်ဆင်ခွင့်ရပြီး၊ ဆိုင်ရဲ့အထူး menu ကို “ トイレッツ” မှာဖော်ပြလိုက်တဲ့အခါ၊
ထို menu ရဲ့မှာယူမှုက ၂.၂ ဆ တောင်ဖြစ်သွားခဲ့တယ်တဲ့…
စကားမစပ် “ トイレッツ” မှာ ဆော့နိုင်တဲ့ဂိမ်းကတော့ ဒီမှာပါ။

 

 

ပြိုင်ပွဲဂိမ်း..
ဆီးရဲ့ အရှိန်နဲ့ပမာဏဖြင့် ကစားရတာကြောင့် ပြိုင်ပွဲတစ်ဖက်လူက မိမိအရှေ့ Toilet အသုံးပြုခဲ့သူပါ။

တခြားဂိမ်းများလည်းတပ်ဆင်ထားပြီး၊ ထို့အပြင် ဒီဂိမ်းကိုစနစ်တကျတည်ဆောက်နိုင်ရန်ပြုလုပ်ထားတဲ့ sensor လည်းပါဝင်နေလို့ ရှေ့ပြေးပုံစံရဲ့စက် ၁ လုံးကိုယန်းသောင်း ၃၀ ကျော်ရှိပါတယ်။

နောက်ပြီး ပြဿနာတွေလည်း ပေါ်လာတယ်။
ယောက်ျားလေးများအပေါ့သွားတဲ့ ဆီးအိုးကိုပုံမှန်အားဖြင့် cleaning water နဲ့ဆေးရတယ်။
ဒါကို ဆီးနဲ့ ခွဲခြားလို့မရနိုင်လို့ ဂိမ်းအတွက်ပြဿနာဖြစ်ခဲ့ပါတယ်။

အဓိကအချက်ကတော့ ဒီ sensor က နွေရာသီမှာလေအေးပေးခြင်းမရှိတဲ့ ရုံးတွင်းက Toilet မှာပဲအလုပ်လုပ်နိုင်ခြင်းဖြစ်ပါတယ်။
သွေး၊ ချွေး၊ မျက်ရည် နဲ့ ဆီး? ရဲ့ကြည်လင်မှုကိုဒီ “ トイレッツ” ကမခွဲခြားနိုင်ခဲ့ပါဘူး။
ဒီရလဒ်ကြောင့် လုံးဝရောင်းမထွက်ခဲ့ပါဘူး။
ကုမ္ပဏီဟာအမှန်မှာ OK မလုပ်သင့်တဲ့နေရာမှာ OK လုပ်မိသလို၊ ဝန်ထမ်းတွေကလည်း တကယ်ကြီးလုပ်ချလိုက်မိတာကပဲ အမှားလို့ပြောရမလား?

SEGA လို့ခေါ်တဲ့ဂိမ်းထုတ်လုပ်သူက Nintendo နဲ့ယှဥ်ပြိုင်ပြီးရှုံးလိုက်၊ Sony ရဲ့ အိမ်တွင်းဗီဒီယိုဂိမ်းများဝင်လာမှုမှာ အကြောပေးလိုက်နဲ့၊ ဒီလိုအမျိုးမျိုးသောအခက်အခဲတွေရှိခဲ့ပေမဲ့၊ အများနဲ့မတူထူးခြားတဲ့အိုင်ဒီယာတွေရှိတဲ့ ကုမ္ပဏီပဲလို့တော့ချီးကျူးချင်ပါတယ်။

အနာဂတ်မှာပိုပြီးတက်ကြွတဲ့အခန်းကဏ္ဍကနေဆက်ပြီးပါဝင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: