Skirt ဝတ်သော ဆာမူရိုင်း ?

ဆာမူရိုင်းရဲ့ပုံစံကိုမြင်ယောင်ကြည့်လိုက်ပါ။
အဝတ်အစားပိုင်းကိုပြောရင် ဒါကိုမြင်ယောင်မိမယ်နော်…

https://www.street-academy.com/myclass/68838

 

မျက်မှောက်ခေတ်စကတ်တွေနဲ့ ဆင်တူရိုးမားပုံစံမှာရှိပါတယ်။
အမှန်မှာ 袴(はかま)” ဟခမ” လို့ခေါ်တဲ့အရာကို ဝတ်ထားတာဖြစ်ပါတယ်။

စကတ်နဲ့‌တော့ အနည်းငယ်ကွဲပြားပြီး စကတ်ပီပီပြင်ပြင်လည်းမဟုတ် ညာဘက်ခြေထောက်နဲ့ဘယ်ဘက်အပိုင်းတို့ဟာကွဲသွားပြီး ဘောင်းဘီကဲ့သို့ဖြစ်သွားပြန်ပါတယ်။
ကျွန်တော်ကလေးဘဝက Kendo ကိုသင်ခဲ့တဲ့အချိန် ဒီ 袴 “ ဟခမ” ကိုဝတ်ခဲ့ရပါတယ်။
လေထဲမှာဝဲနေပြီး မိန်းကလေးလိုပဲခံစားရလို့ သဘောမကျဘူးလို့တွေးခဲ့ပေမဲ့ တကယ်က “ ဟခမ” မှာအမျိုးမျိုးသောနောက်ခံသမိုင်းအကြောင်းအရာတွေရှိနေပါတယ်။

ပထမဆုံးအချက်က ဒီ 袴 “ ဟခမ” ကိုဝတ်ခွင့်ရှိသူက ဆာမူရိုင်းတွေသာဖြစ်ပါတယ်။
ဆာမူရိုင်းတွေကပဲ ဓါးရှည်ကိုကိုင်ပြီးသွားလာခွင့်ရှိခဲ့သလိုပဲ ဆာမူရိုင်းတွေအတွက်သာလျှင်ခွင့်ပြုထားတဲ့ အဝတ်အစားဖြစ်ပါတယ်။
袴 “ ဟခမ” ထဲမှာအမျိုးအစားများစွာ ထပ်ပြီးရှိနေပေမဲ့ 馬上袴(ばじょうばかま)ဆိုတဲ့အရာက ဆာမူရိုင်းတွေရဲ့ သမရိုးကျဝတ်ကြတဲ့ အဝတ်အစားဖြစ်ပါတယ်။
မြင်းစီးတဲ့အချိန်မှာ ဝတ်ရတာဖြစ်ပေမဲ့ ခါးမှာမာကျောတဲ့အပတ်ထည့်ထားတာကြောင့် ခါးမတ်သွားပါတယ်။

 

ကျော့ရှင်းပြီးအတွန့်ရာတွေမရှိတဲ့ 袴 “ ဟခမ” ကိုဝတ်ပြီး ခါးမတ်မတ်နဲ့လမ်းလျှောက်ကြတဲ့ဆာမူရိုင်းတွေရဲ့ပုံစံက အရမ်းမိုက်တယ်နော်….

နောက်တစ်ချက်ကတော့…
ခြေထောက်များရဲ့လှုပ်ရှားမှုကို လျှို့ဝှက်ထားခြင်း….
အထူးသဖြင့် ဒူးခေါင်းရဲ့လှုပ်ရှားကိုဝှက်ထားခြင်းက အရေးကြီးဆုံးပဲလို့သဘောထားကြပါတယ်။
Kendo မှာတော့ တစ်ဖက်လူကို အရှေ့ ဓါးတစ်ထောက်စာနဲ့ ခြားပါတယ်။

Kendo မှာ “ ခြေတစ်လှမ်းဓါးတစ်ထောင့်ကြား” လို့ပြောပြီး ခြေလှမ်းကျယ်ကျယ်ယူလိုက်မယ်ဆို တစ်ဖက်လူကိုခုတ်နိုင်မယ့် အနေအထားမျိုးဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ဖက်လူနဲ့အကြည့်ချင်းဆုံပြီး တစ်ဖက်လူကမိမိကို မဖတ်နိုင်လောက်မယ့်အချိန်မှာ ခုန်ဝင်လိုက်တာမျိုးဖြစ်ပါတယ်။
ဘာကြောင့်လဲလို့ပြောရင် ခုန်ဝင်လိုက်တာကိုတစ်ဖက်လူကသိသွားမယ်ဆို ရှောင်လိုက်တာတို့ပြန်ခုခံတာတို့ လုပ်နိုင်သွားပါလိမ့်မယ်။

ခုန်မဝင်ခင် ဒူးခေါင်းကိုကွေးချလိုက်ပါတယ်။ ဒူးကိုဆန့်ထုတ်လိုက်တာနဲ့ ခုန်ဝင်လိုက်တာပါပဲ။
ဒါကိုမမြင်လိုက်တာဟာ ခုန်ဝင်လာတဲ့အချိန်ကိုမသိလိုက်လို့ဖြစ်ပါတယ်။
Kendo မှာအရေးကြီးဆုံး အနေအထားဖြစ်ပါတယ်။

ဆာမူရိုင်းခေတ်ပြီးသွားတဲ့နောက်မှပေါ်လာတဲ့ Aikido မှာတော့ အားနည်းနည်းနဲ့ကြီးမားတဲ့တစ်ဖက်လူကို မြောက်ပြီးလဲချလိုက်တာဟာ အလွန်ဆွဲဆောင်မှုရှိတဲ့ တိုက်ခိုက်ရေးဗျူဟာဖြစ်ပါတယ်။
အားချင်းအား ထိပ်တိုက်တွေ့ကြတာမျိုးမဟုတ်ဘဲ အားရဲ့အသုံးပြုပုံကိုကျွမ်းကျင်စွာကစားပြီး အတွင်းအားအနည်းငယ်ဖြင့်သာ ကိုင်ပေါက်လိုက်တာမျိုးဖြစ်ပါတယ်။
ဒါရဲ့လျှို့ဝှက်ချက်က ဒူးခေါင်းရဲ့လှုပ်ရှားမှုပဲဖြစ်ပါတယ်။

ဒါကိုမမြင်စေချင်တဲ့အတွက် 袴 “ ဟခမ” ကိုမဝတ်ကြတော့တဲ့ခေတ်နောက်ပိုင်းမှာပေါ်လာတဲ့ တိုက်ခိုက်ရေးတွေမှာလည်း 袴 “ ဟခမ” ကိုဆက်ပြီးအသုံးပြုလျှက်ရှိပါတယ်။

ဖက်ရှင်သဘောမျိုးမဟုတ်ဘဲ၊ အရည်အချင်းကိုပထမဦးစားပေးစဥ်းစားခဲ့တဲ့ ရလဒ်ဖြစ်သော 袴 “ ဟခမ” ဟာ၊ တကယ်တော့ စကတ်လုံးဝမဟုတ်ပါဘူး…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: