ဆာမူရိုင်းတွေ ဘာကြောင့်ထိပ်ပြောင်ထားရသလဲ?

ဂျပန်ရဲ့ဆာမူရိုင်းတွေဟာ တည်ကြည်ခန့်ညားပြီးအရမ်းမိုက်ပေမဲ့ ဆံပင်ပုံစံကတော့ ဒီထက်ကောင်းအောင်မလုပ်နိုင်တော့တာလား?
ဒီလိုတွေးမိတာ ကျွန်တော်တစ်ယောက်တည်းမကဘူးလို့ ထင်ပါတယ်။
ဒီလိုဆံပင်ပုံစံ ဘယ်လိုလုပ်ရင်ဒီလိုဖြစ်လာမလဲ?

https://twitter.com/hashtag/チョンマゲ

 

ဒီလိုဆံပင်ပုံစံထားကြည့်ဖို့ တွန်းအားပေးခြင်းခံရပေမဲ့ ငြင်းကြမှာပဲနော်?
ကမ္ဘာတစ်ဝှမ်း နောက်ပြီးသမိုင်းကြောင်းရာဇဝင်မှာ ဆံပင်ပုံစံအမျိုးမျိုးရှိပေမဲ့၊ ဆာမူရိုင်းတို့ရဲ့ Chonmage ဆံပင်ပုံစံမျိုးကတော့ တော်တော်လေး ကွဲပြားနေတဲ့တည်ရှိမှုပါပဲ။
နောက်ပြီး အထက်လူကြီးကနေ အတင်းအဓမ္မဖိအားပေးခြင်းခံရတာကြောင့်လည်းမဟုတ်၊ မလုပ်ချင်ဘဲလုပ်လိုက်ရတာကြောင့်လည်းမဟုတ်ဘဲ၊ မိမိကတကယ်ဆန္ဒရှိကြတာကြောင့် ဒီဆံပင်ပုံစံမျိုးထားခြင်းဖြစ်ပါတယ်တဲ့… အံ့သြစရာပဲနော်…

ဆာမူရိုင်းဟာတိုက်ခိုက်ဖို့အတွက် သံခမောက်ဆောင်းရပါတယ်။
ဒါပေမဲ့ ဒါဟာ ဦးခေါင်းကိုရေနွေးငွေ့နဲ့ပေါင်းထားသကဲ့သို့ ပူပါတယ်။
ဟုတ်ပါတယ်။
ဂျပန်ရဲ့ပူလောင်တဲ့နွေရာသီ၊ သံဖြင့်လုပ်ထားတဲ့ခမောက်မှာ နေရောင်ခြည်နဲ့တိုက်ရိုက်ထိလာတဲ့အခါ မာကျောတဲ့ခမောက်အတွင်းအပူချိန်က မြင့်တက်လာပါတယ်။
ဒါဆိုနည်နည်းပဲဖြစ်ဖြစ် အေးသွားအောင်ဆိုပြီး ဦးခေါင်းထိပ်ပိုင်းကို ရိတ်လိုက်တာက ပထမဆုံးအကြောင်းပြချက်ဖြစ်ပါတယ်။
ဦးခေါင်းထိပ်ပိုင်းက ပြောင်စပြုလာပြီး စိတ်အားထက်သန်စွာဆံပင်ကိုကရုတစိုက်ထိန်းသိမ်းကြတဲ့ ယနေ့ခေတ်ယောက်ျားလေးတွေနဲ့ဆန့်ကျင်ဘက် မိမိဆန္ဒနဲ့မိမိရိတ်ပြီး ထိပ်ပြောင်တွေဖြစ်လာကြပါတော့တယ်။
နောက်ပြီး ဘေးနဲ့အနောက်ဘက်ကိုပဲအရှည်ထားပြီး ဆံပင်ကိုစည်းလာကြပါတယ်။
ဒါကို ဘယ်သူကများစပြီးထွင်ခဲ့တာပါလိမ့်?
စည်းထားတဲ့ဆံပင်ကို ဦးခေါင်းထိပ်မှာပြန်တင်လိုက်တဲ့အခါ, အယ်? ဒါလည်းတစ်မျိုးမိုက်တာပဲ ! ဆိုပြီးဖြစ်လာရခြင်းဖြစ်ပါတယ်။
မျက်မှောက်ခေတ်လူတွေဘက်ကနေကြည့်ရင်တော့ သိပ်ပြီးသဘောကျစရာမကောင်းပေမဲ့လည်းနော်….

ဒါကခေတ်ကာလရေစီးကြောင်းတစ်ခုလိုဖြစ်သွားပြီး၊ ဆာမူရိုင်းလို့ပြောလိုက်ရင် Chonmage ဆံပင်ပုံစံမျိုးဖြစ်လာပါတော့တယ်။
စကားမစပ် Chonmage ၊ ရိတ်ထားတဲ့ဦးခေါင်းထိပ်ပိုင်းဟာ တစ်ဖြည်းဖြည်းဆံပင်တွေပြန်ပေါက်လာပါတယ်။
ဒါကိုနေ့တိုင်းလိုလိုသေသေချာချာရိတ်ကြပါတယ်။ မုတ်ဆိတ်မွေးတွေလည်း ရိတ်ကြပါတယ်။
ဒါဟာသေသေချာချာလုပ်ထားတဲ့ကိုယ်ပိုင်စတိုင်ဖြစ်လာပြီး၊ ဆာမူရိုင်းတို့ရဲ့ အဆင့်အတန်းမြင့်မားမှုကိုဖော်ပြပေးတဲ့ သက်သေတစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီဘက်ခေတ်လူငယ်တွေကတော့ ဆံပင်ရှည်အတိုင်းပဲစည်းထားကြတယ်။
ဆာမူရိုင်းခေတ်နဲ့နှိုင်းယှဥ်ကြည့်ရင်တော့ ဆံပင်မရိတ်ထားတဲ့လူတွေက ကောင်းမွန်တဲ့အဆင့်အတန်းတစ်ခုမှာရှိမနေသူလို့ မှတ်ယူကြပြန်ပါတယ်။

နောက်ပြီး ဒီ Chonmage မှာ ခေတ်ကာလဖက်ရှင်ဆိုတာလည်း ရှိခဲ့ဖူးပါတယ်။

【 どのちょんまげが好き? 】男っぷりをあげる!江戸の人気ヘアコレクション

 

မတူညီတာကလည်းများပြီး နားမလည်တော့ဘူး… သူတို့စတိုင်တွေလိုထားကြည့်ရမှာရှက်တယ်လို့ သင်တွေးမိကောင်းတွေးမိမှာပါ။
ကျွန်တော်လည်း အတူတူပါပဲ။

ဒီလိုဆံပင်စတိုင်က တစ်ခေတ်တစ်ခါက ဖက်ရှင်ကျခဲ့ပြီး၊ မြို့သူမြို့သားတွေရဲ့ကြားမှာလည်း ခေတ်စားခဲ့တဲ့တိုင်းပြည်ကတော့ ဂျပန်ပဲဖြစ်ပါတယ်။
ပထမဆုံးဂျပန်ကိုလာခဲ့တဲ့ နိုင်ငံခြားသားတွေ လန့်သွားမှာပဲမဟုတ်ပါသလား…

ဒါဘာကြီးလဲ…. ဒီလိုတော့လိုက်မလုပ်ချင်ပါဘူး လို့တွေးမိမှာအသေအချာပါပဲ…

ကမ္ဘာကြီးပူနွေးလာပြီး မဖြစ်မနေဦးထုပ်ဆောင်းပြီးမှအပြင်ထွက်နိုင်မယ့်ခေတ်ကိုရောက်လာရင်တော့၊ အပူဒဏ်ကိုကာကွယ်ဖို့ Chonmage ဆံပင်စတိုင်က နောက်တစ်ကြိမ်ခေတ်စားလာအုံးမလားလို့…..တွေးမိပါရဲ့…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: