Daisugi – အခြားသစ်ပင်များအတွက် သစ်ပင်ပလက်ဖောင်းဖန်တီးပေးထားတဲ့ ဂျပန်သစ်တောနည်းပညာ

Daisugi လို့ခေါ်တဲ့ အခြားသစ်ပင်များအတွက် ဂျပန်သစ်တောနည်းပညာနှင့် သစ်ပင်ပလက်ဖောင်းကိုဖန်တီးပေးထားတာတဲ့။ တော်တော်လှတာပဲနော်။

 

https://www.spoon-tamago.com/wp-content/uploads/2020/10/Daisugi-yusuke-narita.jpeg

 

၁၅ ရာစုနှစ်တုန်းက ဂျပန်နိုင်ငံ Kyoto မြို့မှာ daisugi လို့ခေါ်တဲ့ သစ်သီးဝလံပန်းမန် ဉယျာဉ် စိုက်ပျိုးခြင်းနည်းပညာကိုတီထွင်ခဲ့ပါတယ်။ 台杉အဖြစ်ရေးသားထားပြီး ပလက်ဖောင်းအာရဇ်ပင်ဟုအဓိပ္ပာယ်ရတဲ့ သစ်ပင်အမြောက်အများထွက်ပေါ်လာသည့် သစ်ပင်တစ်ပင်နှင့်ဆင်တူသည့်သစ်ပင်တစ်ပင်ကိုဖြစ်ပေါ်စေတဲ့ နည်းပညာပါ။
အပေါ်ပုံကတော့ Kyotoရဲ့ ကီတာယာမာခရိုင်မှာရှိတဲ့ daisugi ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့အကျော်ကြားဆုံးဥပမာတစ်ခုလည်းဖြစ်ပါတယ်။

ထိုနည်းပညာကိုတော့ Kyotoမြို့တွင် ပျိုးပင်ရှားပါးမှုကိုဖြေရှင်းရန်နည်းလမ်းတစ်ခုအဖြစ်တီထွင်ခဲ့ပြီး သစ်ပင်တစ်ပင်မှရေရှည်တည်တံ့ခိုင်မြဲစေတဲ့ထိန်းသိမ်းမှုကိုဖန်တီးရန်အသုံးပြုခဲ့တာဖြစ်ပါတယ်။
မှန်ကန်စွာပြုလုပ်ပြီးဖြစ်သောနည်းပညာဖြင့် သစ်တောပြုန်းတီးမှုများကိုတားဆီးနိုင်ပြီး taruki ဟုလူသိများသည့် ဂျပန် teahouses ၏ ခေါင်မိုးများတွင်အသုံးပြုကြပါတယ်။
ပိုပြီးသေးငယ်စွာ အလှဆင်ထားတဲ့ daisugi ကိုတော့ ဂျပန်နိုင်ငံအနှံ့မှာတွေ့နိုင်ပေမယ့် သူတို့ကိုထိန်းသိမ်းခြင်းက စျေးကြီးပြီးအချိန်ပေးရတယ်လို့ဆိုပါတယ်။

အောက်တွင်ဖော်ပြထားတာကတော့ Komori Zouen မှ ဥယျာဉ်မှူးများက ထိုနည်းလမ်းဖြင့်စိုက်ပျိုး သရုပ်ဖော်ထားတဲ့ Before & After ပုံများပဲဖြစ်ကြပါတယ်။

 

https://www.spoon-tamago.com/wp-content/uploads/2020/10/daisugi-before-after.jpg

 

https://www.spoon-tamago.com/wp-content/uploads/2020/10/Daisugi-Ai-Hirakawa.jpeg

 

Daisugi ဟာဆိုရင် ဂျပန်ပန်းချီတွင်လည်းပါဝင်ခဲ့ပါတယ်။ အောက်တွင်ဖော်ပြထားတာက‌တော့ Housen Higashihara (၁၈၈၆ – ၁၉၇၂) မှရေးဆွဲခဲ့တဲ့ ကျော်ကြားသော Kitayama Daisugi တစ်ခုဖြစ်ပါတယ်။

https://www.spoon-tamago.com/wp-content/uploads/2020/10/Daisugi-Kitayama-Housen.jpg

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: