ကူးရယ် ဆိပ်ကမ်းမြို့နဲ့ ကျွန်းတွေဝန်းရံနေတဲ့မြေထဲပင်လယ်

ကူးရယ် ဆိပ်ကမ်းမြို့နဲ့ ကျွန်းတွေဝန်းရံနေတဲ့မြေထဲပင်လယ်

 

http://www.deepjapan.org/a/4547

 

သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး လှပတဲ့ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကူးရယ်မြို့ဟာ ခရီးသွားတွေကိုဆွဲဆောင်ထားသောနာမည်ကြီးတဲ့ Hiroshima နဲ့ Onomich ရဲ့ကြားမှာတည်ရှိပါတယ်။ Hiroshima ဘူတာကနေ ဒေသတွင်းရထားနဲ့တိုက်ရိုက်လာမယ်ဆို အချိန်မိနစ် ၆၀ ခန့်မျှသာကြာမှာဖြစ်ပါတယ်။
အတွေ့အကြုံသစ်တွေကိုရှာဖွေနေတဲ့သူတွေအတွက် ထိုနေရာဟာ ဂျပန်ရေကြောင်းနဲ့ပတ်သက်တဲ့သမိုင်းကိုလေ့လာနိုင်တဲ့နေရာဖြစ်ရုံအပြင်၊ အပြိုင်ဖြစ်မနေတဲ့ မြင်ကွင်းအသစ်တွေရဲ့ ထူးခြားတဲ့ Seto ကုန်းတွင်းပင်လယ်၊ ပင်လယ်ရေငုတ်သင်္ဘောတွေနဲ့ တိုးတက်လာတဲ့ ကူးရယ်ဒေသရဲ့ အရသာဟာ အံ့သြစရာကောင်းတဲ့နေ့ချင်းပြန်ခရီးဖြစ်စေမှာပါ။ တစ်ခုတော့ အကြံပြုချင်တာက စောစောထွက်လာဖို့ပါ။ နေ့ချင်းပြန်နဲ့ကူးရယ်ရဲ့နေရာအစုံရောက်ဖို့ စောစောရောက်သွားရင်ပိုပြီးအဆင်ပြေပါတယ်။

 

http://www.deepjapan.org/a/4547

 

ကူးရယ်ဘူတာကိုရောက်သွားပြီးဆိုရင်တော့ ဘာသာစကားစုံသင်္ကေတတွေနောက်လိုက်ပြီး Japan Maritime Self-Defense Force (JMSDF) Kure Museum ဖြစ်တဲ့ ရေငုတ်သင်္ဘောပြတိုက်ဆီသို့ သွားနိုင်ပါတယ်။
အလွှာသုံးထပ်ရှိတဲ့ပြတိုက် ၂ ခုလုံးမှာ ဂျပန်ရေကြောင်းကာကွယ်ရေးသမိုင်းနဲ့၊ ရေကြောင်းဆိုင်ရာ ခင်းကျင်းပသမှုတွေကို တွေ့မြင်နိုင်ပါတယ်။ အထင်ကြီးဖို့အကောင်းဆုံးကတော့ သင်ဟာတကယ့်အစစ် ရေငုတ်သင်္ဘောထဲကိုဝင်သွားနိုင်ပြီး၊ ကလေးတွေရောလူကြီးတွေပါ သင်္ဘောဆီကိုပဲဦးတည်နေကာ သင်္ဘောတွင်းကအဝေးကြည့်မှန်ပြောင်းကိုလေ့လာနိုင်မှာဖြစ်ပါတယ်။

 

http://www.deepjapan.org/a/4547

ရေငုတ်သင်္ဘောကိုလေ့လာပြီးပြီဆိုရင်တော့ ဆိပ်ကမ်းတစ်လျှောက် လှေနဲ့လှည့်လည်ကြည့်ရှုနိုင်ပါတယ်။ ခရီးစဥ်က ကူးရယ်ဆိပ်ကမ်းတစ်လျှောက်လည်ပတ်ပြသမှာဖြစ်ပြီး ထိုနေရာကို submarine museum ကနေ ၂ မိနစ်လမ်းလျှောက်ပြီးရောက်နိုင်ပါတယ်။ ဒါမှမဟုတ် ဘူတာကနေ ၅ မိနစ်လမ်းလျှောက်တာနဲ့ရောက်နိုင်ပါတယ်။ ဒီပင်လယ်ခရီးစဥ်က မိနစ် ၃၀ ပါ။
မိနစ် ၃၀ အတွင်း ရေငုတ်သင်္ဘောနဲ့၊ ဆိပ်ကမ်းမှာကျောက်ချထားတဲ့ကြီးမားတဲ့ကုန်တင်နာသင်္ဘော၊ မြင့်မားတဲ့ကရိန်းတွေနဲ့ ရေကြောင်းတပ်ကုန်တင်သင်္ဘောတွေကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။

 

https://planetyze.com/en/japan/hiroshima/kure-maritime-museumyamato-museum

 

ခရီးစဥ်ပြီးရင်တော့ Yamato Museum ကိုလမ်းပြန်လျှောက်လာခဲ့ပါ။ ဂျပန်ပြင်ပမှာရှိတဲ့လူတွေတော်တော်များများမသိကြတဲ့ ဒီပြတိုက်ကို Yamato လို့နာမည်ပေးထားပါတယ်။ နာမည်ကြီး Yamato warship ကို ဒုတိယကမ္ဘာစစ်အတွင်း ဒီကူးရယ်မှာဆောက်လုပ်ခဲ့ပါတယ်။
ဒါနဲ့စကားမစပ် ဂျပန် animation တစ်ခုဖြစ်တဲ့ In This Corner of the World ကိုတော့
ကူးရယ်မှာပဲ ဇာတ်ကား setting ချထားတာဖြစ်ပြီး Yamato warship ရဲ့အကြောင်းတစ်စိတ်အပိုင်းကို၎င်း၊ စစ်ပွဲရဲ့ရက်စက်ပုံတွေကိုပါ တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။

Museum ထဲမှာတော့ Yamato ကိုပုံတူ ပြန်ဆောက်လုပ်ထားတဲ့ စစ်သင်္ဘောအပြင် တော်ပီဒိုသယ်ဆောင်တဲ့လေယာဥ်နဲ့ kamikaze ရေငုတ်သင်္ဘောတွေပါခင်းကျင်းပြသထားပါတယ်။ ဒီအပြင် စစ်ပွဲကာလအတွင်းမတူညီတဲ့ရှုထောင့်အမြင်တွေကိုလေ့လာနိုင်တဲ့ ပြတိုက်တစ်ခုဆိုလည်း မမှားပါဘူး။

အကယ်၍အချိန်ရှိသေးမယ်ဆိုရင်တော့ ဟိုးတစ်ဖက်ကမ်းက ကျွန်းမြို့ဖြစ်တဲ့ Miterai ဆီကိုပါဆက်သွားနိုင်ပါတယ်။

 

http://www.deepjapan.org/a/4547

 

ကဲ ဒါဆို ကူးရယ်နဲ့ ပြတိုက်တွေအကြောင်းတစေ့တစောင်းတော့ သိသွားလောက်ပြီထင်ပါတယ်။ အကယ်၍ လက်ရှိဂျပန်မှာရှိနေသူတွေပဲဖြစ်ဖြစ် သွားဖို့ဆန္ဒရှိပြီးမရောက်သေးတဲ့သူတွေပဲဖြစ်ဖြစ် အချိန်ရလို့ Hiroshima ဘက်ရောက်ဖြစ်ခဲ့ရင် ဒီပြတိုက်တွေကိုသေချာပေါက်သွားကြည့်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့အသုံးပြုခဲ့ကြတဲ့ fighter ကြီးတွေကို လေ့လာကြည့်ဖို့ သတင်းကောင်းပါးလိုက်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: