ဂျပန် Kei-tora ‘Mini Truck’ ဥယျာဉ်ပြိုင်ပွဲ !!!

ဂျပန် Kei-tora ‘Mini Truck’ ဥယျာဉ်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှစ၍ ဂျပန်နိုင်ငံရဲ့ထူးခြားတဲ့Event အနေနဲ့ အိုဆာကာ တွင်နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။
Kei Truck ဆိုပြီး လူသိများတဲ့ Kei-tora ဆိုတာကတော့ ဂျပန်တွင်အထူးသဖြင့်သေးငယ်သောဆောက်လုပ်ရေး(သို့မဟုတ်)စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင်တွေ့ရလေ့ရှိပြီးသေးငယ်သော်လည်းလက်တွေ့ကျတဲ့အရာဖြစ်ပါတယ်။
ဂျပန်ရှိအိမ်အများစုတွင်ဥယျာဉ်မရှိတဲ့အတွက်ကြောင့်၊ ဂျပန်ရှုခင်းကန်ထရိုက်အဖွဲ့ချုပ်က Kei-tora ဥယျာဉ်ပြိုင်ပွဲပြုလုပ်ဖို့ စိတ်ကူးကိုအကောင်အထည်ဖော်ခဲ့တာပဲဖြစ်ပါတယ်။

ပတ်၀န်းကျင်ရှိရှုခင်းဒီဇိုင်းနှင့်ဥယျာဉ်မှူးကုမ္ပဏီများက kei-tora ရဲ့ အကောင်းဆုံးဥယျာဉ်ကိုမည်သူရနိုင်သည်ကိုကြည့်ရှုရန်ပါဝင်ခဲ့ပါတယ်။
Mini truck ဆိုတဲ့အတိုင်း truck ကားသေးပေါ်မှာပြုလုပ်ထားတဲ့ဥယျာဉ်အနေနဲ့ပါဝင်ယှဉ်ပြိုင်ရတာပါ။
ဘယ်လိုမျိုး Mini truckနဲ့ ဥယျာဉ်လုပ်ထားလည်းဆိုတာကြည့်လိုက်ရအောင်နော်။

 

https://www.spoon-tamago.com

 

၂၀၂၀ခုနှစ်အတွက် အနိုင်ရဒီဇိုင်းကတော့ Kansai Ueki ရဲ့ ဥယျာဉ်ဖြစ်ပြီး “ Ku-tei” လို့ခေါင်းစဉ်ပေးထားတဲ့ဥယျာဉ်ဖြစ်ပါတယ်။

https://www.spoon-tamago.com

 

ပြီးခဲ့တဲ့နှစ်ကအနိုင်ရခဲ့တဲ့ဒီဇိုင်းကတော့ Takahashi Landscape Supply မှဖြစ်ပြီး ဥယျာဉ်ခေါင်းစဉ်နာမည်ကတော့ “ niwa no ma: tokoshie no niwa (庭の間 ~ とこしえの庭) (ဥယျာဉ်များအကြား ~ထာဝရဥယျာဉ်) လို့အဓိပ္ပာယ်ရပါတယ်။

https://www.spoon-tamago.com

ပြီးခဲ့သည့်နှစ်ကလူကြိုက်များခဲ့တဲ့ Popular Vote ရခဲ့တာကတော့ Frontier Garden Nobu မှဖြစ်ပြီး “ Miryo” (“ enthrall” ) ဆိုတဲ့ဥယျာဉ်နာမည်ဖြစ်ပါတယ်။

https://www.spoon-tamago.com

ပြီးခဲ့သည့်နှစ်ကလူကြိုက်များသောမဲအနေနဲ့ ဒုတိယနေရာတွင်ရရှိခဲ့တဲ့ဥယျာဉ်မှာ Kei ရဲ့ “ yosei no mori” ဆိုတဲ့ဥယျာဉ် ဖြစ်ပြီး (“ enchanted forest” ) လို့အဓိပ္ပာယ်ရပါတယ်။

 

https://www.spoon-tamago.com

ပြီးခဲ့သည့်နှစ်က တတိယအကြိမ်နေရာတွင် လူကြိုက်များသည့်မဲအရေအတွက်ဖြင့်ရရှိခဲ့တာက‌တော့ Teijuen ရဲ့ houga လို့နာမည်ပေးထားတဲ့ ဥယျာဉ် ဖြစ်ပြီး “ Sprout ပင်ပေါက်” လို့အဓိပ္ပာယ်ရပါတယ်။

 

https://www.spoon-tamago.com

၂၀၁၈ ခုနှစ်မှာဆုရရှိခဲ့တာကတော့ Fukuharu Zouen ရဲ့ “ jikan: omoide no naka de” လို့ခေါ်တဲ့ ဥယျာဉ်ဖြစ်ပြီး (“ time: inside memories အချိန် – အတွင်းပိုင်းအမှတ်တရများ”) ခေါင်းစဉ်ဖြင့်ထိပ်ဆုံးနေရာကိုရရှိခဲ့ပါတယ်။

 

https://www.spoon-tamago.com

2018 ခုနှစ်မှာ Kei ရဲ့ “ shoshou no chatei” (“ ဆောင်းဦးအစရဲ့ လက်ဖက်ဥယျာဉ်” ) အမည်ရှိဥယျာဉ်ဟာ အကောင်းဆုံးနည်းပညာဒီဇိုင်းဆုဖြင့်အနိုင်ရရှိခဲ့ပါတယ်။
အောက်တွင်ဖော်ပြထားတဲ့ အချို့သောထူးခြားတဲ့ ၂၀၁၈ခုနှစ် kei-truck ဥယျာဉ်ဒီဇိုင်းများကိုကြည့်ရှုခံစားလိုက်ပါဦးနော်။

 

https://www.spoon-tamago.com/wp-content/uploads/2020/11/kei-tora-nagai_contest9teizyuen_h29.jpg

 

https://www.spoon-tamago.com/wp-content/uploads/2020/11/kei-tora-nagai_contest10takahashi_h30-1536×1152.jpg

 

https://www.spoon-tamago.com/wp-content/uploads/2020/11/kei-tora-garden-contest-20191.jpeg

 

https://www.spoon-tamago.com/wp-content/uploads/2020/11/kei-tora-garden-contest-20192.jpeg

 

https://www.spoon-tamago.com/wp-content/uploads/2020/11/kei-tora-garden-contest-20193.jpeg

 

https://www.spoon-tamago.com/wp-content/uploads/2020/11/kei-tora-garden-contest-20195.jpeg

 

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: