သင့်အိမ်မှာမှာလည်းရှိတဲ့ ကြောင်နတ်ဘုရား !!

ဟိုးရှေးကတည်းကရှိနေတဲ့ သစ်ပင်၊ ရေ၊ ဓား..
အမျိုးမျိုးသောနေရာတွေမှာ နတ်ဘုရားတွေရှိနေတယ်လို့ယူဆကြတဲ့ ဂျပန်ရဲ့ ရှင်တို လို့ခေါ်တဲ့ ဂျပန်ရဲ့ယုံကြည်ကိုးကွယ်မှု….
သဘာဝတရားကိုကိုးကွယ်ပြီး၊ အရာအားလုံးကိုတန်ဖိုးထားသောဤဘာသာတရားဟာ နတ်ကွန်းပေါ်မှာအခြေခံပါတယ်။

အဲ့ဒီလို နေရာအားလုံးမှာနတ်ဘုရားရှိတယ်လို့ခံယူပါတယ်။
ဒါနဲ့ သင့်အိမ်မှာရော..
ဒီလိုချစ်စရာကောင်းတဲ့နတ်ဘုရားဆိုရင်ရော ?

https://nlab.itmedia.co.jp/nl/articles/2011/21/news014.html#utm_source=gunosy&utm_medium=feed&utm_campaign=20201121-009&utm_term=nl&utm_content=link

 

ဆုတောင်းဆန္ဒတွေပြည့် မပြည့်တော့မသိပေမဲ့၊ စိတ်ကိုပျော်ရွှင်သွားရစေတာကတော့ အမှန်ပါပဲ။
ကြောင်တွေဟာ ကျဥ်းမြောင်းတဲ့နေရာ၊ သေတ္တာတွေထဲမှာနေရတာကြိုက်တယ်။
ဒါကြောင့် ဒါကိုကတ်ထူပြားနဲ့လုပ်လိုက်ကြပါတယ်။
ဒီအတွေးက မဆိုးဘူးနော် ..

ကတ်ထူပြားဖြစ်လို့ ပျော့မနေဘူးလားလို့တွေးမိမှာပါ၊ ဒါပေမဲ့ အဆင်ပြေပါတယ်။

အထဲမှာခေါင်းအုံး ဒါမှမဟုတ် တာဝါထည့်ထားပေးလိုက်မယ်ဆိုရင် ကြောင်လေးတွေအတွက် အကြိုက်ဆုံးခိုလှုံရာအိမ်ဖြစ်သွားမှာပါ။


ကြောင်လေးတွေအတွက်ကတော့ ပုံမှန်ကတ်ထူအိမ်ပဲဖြစ်ပေမဲ့ ကြည့်သူဘက်ကနေတော့ နတ်ဘုရားအဖြစ်မြင်ရပါတယ်။

ဒါဆို အခုပဲဆုတောင်းကြည့်ရအောင် …

မျက်စိတစ်မှိတ်အတွင်းမှာ ဖျက်ဆီးခံရနိုင်တယ်လို့ထင်ပေမဲ့၊ ကြောင်လေးတွေရဲ့ချစ်စရာကောင်းတဲ့အသွင်အပြင်တွေကိုမြင်ချင်ပြီး ဓါတ်ပုံရိုက်ချင်တဲ့လူတွေအတွက်ကတော့ အကောင်းဆုံးကုန်ပစ္စည်းဖြစ်နိုင်ပါတယ်။
ကဲ သင့်အိမ်မှာရှိတဲ့ ကြောင်နတ်ဘုရားလေးတွေရော ဘယ်လိုလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: