မထင်မှတ်လောက်စရာ ခမ်းနားထည်ဝါသောဝါးပန်းပုများ၏ဖန်တီးရှင် Tanabe Chiku’unsai

ဒီပန်းပုတွေဟာ ရုတ်တရက်ကြည့်ရင် ဝါးနဲ့ရက်ထားတယ်လို့မထင်လောက်စရာ လက်ရာပြောင်မြောက်တဲ့အနုပညာပဲဖြစ်ပါတယ်။ ဒီအနုပညာရဲ့ဖန်တီးသူကတော့ Tanabe Chiku’unsai ဆိုတဲ့ ဂျပန်အမျိုးသားတစ်ဦးပဲဖြစ်ပါတယ်။

Tanabe Chiku’unsai ဟာ ၁၉၇၃ ခုနှစ် အိုဆာကာမှာမွေးဖွားခဲ့ပြီး ဝါးအနုပညာရှင်နဲ့လက်မှုပညာရှင်တစ်ယောက်ဖြစ်ကာ၊ ဘိုစဥ်ဘောင်ဆက် ၄ ဆက်တိုင် မိသားစုအမွေဖြစ်တဲ့ ဝါးပန်းပုပညာကိုဆက်ပြီးထိန်းသိမ်းခဲ့ပါတယ်။
အသက် ၄၄ နှစ်ပြည့်တဲ့ ၂၀၁၇ ခုနှစ်မှာ မိသားစုရဲ့ လက်မှုပညာဖြစ်တဲ့ လှိုင်းဖော်ခြင်း၊ ဝါးခြင်းတောင်းတွေရက်ခြင်း ဒီဇိုင်းဖော်ခြင်းတို့ကြောင့် Chiku’unsai IV ဆိုတဲ့ဂုဏ်ပုဒ်ကိုပေးအပ်ခြင်းခံရပါတယ်။
သူ့ရဲ့အနုပညာက အံ့သြစရာကောင်းလောက်အောင် အံ့မခန်းပဲလို့ပြောနိုင်ပါတယ်။
မျိုးဆက် ၄ ဆက်ဖြစ်တဲ့ Chiku’unsai ဟာ ဘိုးဘေးတွေလက်ထပ်ကမရှိခဲ့တဲ့ အကြီးစားဖန်တီးမှုတွေကိုတီထွင်ပြုလုပ်ခဲ့ပါတယ်။

 

Installation at Ginza Tsutaya Books (2020)

spoon-tamago.com

Tanabe Chiku’unsai ဟာ ရိုးရာဝါးခြင်းရက်နည်းနဲ့ပဲ လှိုင်းသဏ္ဍာန်ကိုအသုံးပြုပါတယ်။ ဒါပေမဲ့သူရဲ့ဖန်တီးမှုက ကြီးမားတဲ့လှိုင်းပန်းပုနဲ့အတူ ကြမ်းပြင်ကနေလေဟာနယ်အထိလိမ်ပတ်နေပြီး ရံဖန်ရံခါမှာနံရံနဲ့မျက်နှာကြက်တွေမှာပါ ကပ်တွယ်နေတဲ့ သက်ရှိအရာဝတ္ထုကဲ့သို့ထင်ရတဲ့ ဖန်တီးမှုပဲဖြစ်ပါတယ်။

မကြာသေးမီက သူဟာ Ginza Tsutaya မှာအနုပညာခင်းကျင်းပြသခြင်းကိုပြုလုပ်ခဲ့ပြီး ပုံနှိပ်ထုတ်ဝေမှုဆိုင်ရာပေါင်းချုပ်အသစ်တစ်ခုကိုကျင်းပခဲ့ပါတယ်။
သူ့ရဲ့စာအုပ်တွေကို ဆိုဒ်သေး ($150 usd) နဲ့ အကြီး ($3,300 usd) ဖြင့်ဝယ်ယူနိုင်ပါတယ်။ အကယ်၍သင်ဟာ လက်ရှိဂျပန်မှာရှိနေမယ်ဆိုရင်တော့ modern နဲ့ traditional ကိုပေါင်းစပ်ထားတဲ့သူ့ရဲ့အနုပညာကို ချက်ချင်းသွားကြည့်နိုင်မှာပါ။
နေရာကတော့ အိုဆာကာမှာရှိတဲ့ Sakai Plaza of Rikyu and Akiko မှာ (10/24 ~ 11/23/2020) အထိသွားကြည့်နိုင်ပါတယ်။

 

Installation at Garden Oriental Osaka (2019)

spoon-tamago.com

 

Installation at Turkey OMM Museum (2019)

spoon-tamago.com

 

Installation at The Museum of Oriental Ceramics, Osaka (2019)

spoon-tamago.com

 

Installation at The Asian Art Museum, San Francisco (2019)

 

 

spoon-tamago.com

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: