ကလေးတွေကနေ လူကြီးတွေအထိ စိတ်ဝင်စားကြတဲ့ Mini 4WD

ကျွန်တော်တို့ကလေးဘဝ ၁၉၈၀ ခုနှစ်မှာ RC ကား အရမ်းနာမည်ကြီးခဲ့ပါတယ်။
အဲ့ဒီမှာအဓိက ကတော့ TAMIYA မော်ဒယ်ထုတ်တဲ့စက်ရုံပါပဲ။
ခဏခဏပြန်လည်ပြုပြင်ပြီး၊ သူငယ်ချင်းထက်ပိုပြီးမြန်မြန်ပြေးစေချင်လို့ ပိုက်ဆံတွေရှိသမျှ ပုံအောထည့်တတ်ကြတယ်။
ဒါပေမဲ့ RC ကားက ဈေးမြောက်သလို၊ ပြုပြင်ခကလည်းဈေးကြီးပါတယ်။
အဲ့ဒီအချိန် ကလေးတွေကြားမှာ တကယ့်အားကျစရာကစားစရာတစ်ခုဖြစ်ခဲ့ပါတယ်။
ဒီလိုကလေးတွေအတွက် ရောင်းချခဲ့တာကတော့ Mini 4WD လို့ခေါ်တဲ့စီးရီးပါပဲ။
တန်ဖိုးက ယန်း ၆၀၀ …
ကလေးတွေအတွက် ပြောင်းလဲနိုင်တဲ့အရာတစ်ခုထွက်လာတယ်။
https://www.1999.co.jp/10087723
RC ကားဒီဇိုင်းနဲ့ပုံစံအသေးထုတ်ပြီး၊ ဓါတ်ခဲခြောက်နဲ့ပြေးနိုင်ဖို့လုပ်လိုက်တဲ့ ရိုးရှင်းတဲ့အရာတစ်ခုပါ…
ဒါပေမဲ့ ကစားစရာတစ်ခုပဲဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းမနေပါဘူး…
ဒီအခြေအနေနဲ့ လူကြိုက်မများခဲ့ပေမဲ့… ထိုပုံစံကပြောင်းလဲသွားပြီး လက်ရှိဒီလိုပုံဖြစ်သွားပါတယ်။…
https://www.tamiya.com/japan/products/95587/index.html
ပြောင်းလဲမှုကတော့ ယခင် RC ကားနဲ့မတူတော့ဘဲ ကားအမြင့်လည်းအနည်းငယ်နိမ့်သွားပြီး၊ ရှေ့နောက်နှစ်ဖက်လုံး Bumper မှာကွင်းတွေပါလာပါတယ်။
ဒီအတွက် ပြိုင်ပွဲမြင်ကွင်းကိုကြည့်လိုက်ရင် ပိုပြီးနားလည်မှာပါ။
အပြေးမြန်လွန်ပြီး ကောင်းကောင်းတောင်မမြင်ရပါဘူး။ ဒါပေမဲ့ အရှေ့အနောက်မှာပါတဲ့ကွင်းတွေက ပြေးလမ်းနဲ့တိုက်ပြီး၊ ထောင့်တွေမှာ အလွယ်တကူကွေ့နိုင်ဖို့အထောက်အကူပေးပါတယ်။
၎င်းအလေးချိန်မှာ လုံလောက်တဲ့စွမ်းအားလည်းရှိတာကြောင့်၊ နံရံကဲ့သို့ဆင်ခြေလျှောတွေလည်းတက်နိုင်ပါတယ်။
ဒါပေမဲ့ ဒီစွမ်းအင်ကိုကောင်းကောင်းမထိန်းချုပ်နိုင်ဘူးဆိုရင်တော့ အကွေ့မှာပျံတက်သွားပြီး ရှုံးပွဲနဲ့ပွဲထွက်လိုက်ရမှာပါ။
https://www.tamiya.com/cms/images/stories/mini4wdeventreport/2019/0908tokyo3/04.JPG
RC ကားနဲ့မတူတာက ခလုတ်ဖွင့်ပြီးလက်ကနေလွတ်လိုက်တာနဲ့တစ်ပြိုင်နက် ထိန်းချုပ်လို့မရတော့ပါဘူး။
၎င်းကတော့ ပွဲမတိုင်ခင် မျှော်လင့်ချက်အတိုင်းပြုပြင်မွမ်းမံထားပုံ၊ တပ်ဆင်ထားပုံပေါ်မှာပဲမူတည်ပါတယ်။
မော်တာပြောင်းတယ်၊ Bearing ပြောင်းတယ်၊ ဘီးတွေလဲတယ်….
တကယ်ကားအစစ်မှာတော့ ဒီလိုတွေလုပ်ချင်တာတောင်ပိုက်ဆံမလိုက်နိုင်ပေမဲ့၊ ယန်း ရာဂဏန်းလောက်နဲ့ ဒီလိုတွေလုပ်နိုင်တာ ပျော်စရာပဲနော် …
သို့သော် အမြန်နှုန်းလောက်ပဲမဟုတ်ပါဘူး။
အချို့လူတွေက ထူးခြားတဲ့ 4WD များလည်းပြုလုပ်ကြတယ်။
လူကြီးတွေစိတ်အားထက်သန်ကြတဲ့ remodeling ဟာ ကလေးကစားစရာအရုပ်တွေမှာလုပ်နိုင်လာတဲ့အခါမှာတော့….
တောက်ပနေတဲ့ Mini 4WD
LED နဲ့ body တစ်ခုလုံးကိုထွန်းလင်းလိုက်တယ်။
LCD panel နှင့်Mini 4WD
မောင်းနှင်တဲ့အခါ ကားမှန်ရှေ့မျက်နှာပြင်က ဂစ်တာသံနဲ့အတူလိုက်ပြီးပြောင်းလဲသွားအောင် လုပ်ထားတာပဲ…
တကယ်တော့ ဘာမှမဆိုင်ဘူးနော်…(ရယ်လျက်)
အထူးသတ္တု mini 4WD
ပလက်တီနမ်ကဲ့သို့တောက်ပပြီး အလွယ်တကူသံချေးမတက်နိုင်ဘဲ၊ သတ္တုဓါတ်မတည့်ခြင်းတွေလည်း မဖြစ်စေတဲ့ Covalion ကိုတော်တော်များများအသုံးပြုထားတဲ့ မော်ဒယ်ဖြစ်ပါတယ်။
speed မြန်မမြန်နဲ့တော့မဆိုင်ပါဘူး။
ထိန်းချုပ်နိုင်တဲ့ mini 4WD
Mini 4WD ရဲ့ပုံသေသတ်မှတ်ထားမှုကနေ ကွဲထွက်လာတဲ့ကားဖြစ်ပါတယ်။
smartphone နဲ့ထိန်းချုပ်နိုင်ပါတယ်…
Pokemon Mini 4WD
ချစ်စရာပုံစံလေး…
လူ
#タミヤフェア に変なブロッケンG おった #ミニ四駆 #mini4wd pic.twitter.com/juYKZHKD87
— ミニ四駆【タミヤ公式】 (@mini4wd) November 17, 2018
ဟယ် ! Mini 4WD ရဲ့ cosplay ပဲမဟုတ်လား….
ဒါကတော့ ထုတ်လုပ်သူ TAMIYA ကပြုလုပ်ထားတဲ့ Mini 4WD ရဲ့တကယ့်ကားအစစ်
Actual vehicle → Mini 4WD → Actual vehicle
ဒီလိုနားမလည်နိုင်တဲ့လုပ်ရပ်တွေလုပ်နေတာက maker ကုမ္ပဏီရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပါပဲ…
ကလေးတွေပျော်ဖို့အတွက်ပဲဆို နှမြောစရာကောင်းမယ့် Mini 4WD တွေ…
မြန်မာမှာလည်း ရောင်းချနေတဲ့ဆိုင်တွေရှိမရှိ ကျွန်တော်တော့သေချာမသိပါဘူး… အကယ်၍ရှိခဲ့ရင် ခင်ဗျားရောစမ်းမကြည့်ချင်ဘူးလား?
Kengo Abe