ဆာမူရိုင်း၏လက်နက်သည် ဓားမဟုတ်ကြောင်းသင်သိပါသလား။ ??
ဆာမူရိုင်းတွေအတက်ကြွဆုံးတိုက်ပွဲဝင်တဲ့ခေတ်ဟာ Sengoku ကာလအချိန်အခါဖြစ်ပါတယ်။
၁၄၆၇ ခုနှစ်ကနေ ၁၆၁၅ ခုနှစ်အထိ၊ သူတို့တွေဟာဆက်လက်တိုက်ခိုက်ခဲ့ကြပါတယ်။
ဂျပန်ဟာလျှို့ဝှက်ဆန်းကြယ်တဲ့တိုင်းပြည်ဖြစ်တဲ့အလျောက် ဒီခေတ်မတိုင်မီကြာမြင့်စွာကတည်းက ဂျပန်ဟာနိုင်ငံတစ်နိုင်ငံလို့ အသိအမှတ်ပြုခဲ့ကြပြီး၊ ဧကရာဇ်ကတစ်နိုင်ငံလုံးကိုအုပ်ချုပ်နေတာကိုတော့ ဘယ်သူမှမလွန်ဆန်ကြပေမဲ့၊ အဲ့ဒီအောက်မှာ ဘယ်သူကတော့ ဂျပန်နယ်မြေတစ်ခုလုံးကိုရရှိမလဲဆိုပြီး တိုက်ခိုက်ခဲ့ကြပါတယ်။
အဲ့ဒီလိုသူတို့ရဲ့ပုံရိပ်နဲ့ထပ်တူကျနေတာကတော့ ဂျပန်ဓါးပါပဲ။
ဒါပေမဲ့ ဒီကြီးမားတဲ့စစ်ပွဲမှာ သူတို့အသုံးပြုခဲ့တဲ့လက်နက်ဟာ ဂျပန်ဓါးမဟုတ်ဘူးဆိုတာခင်ဗျားတို့ သိကြပါသလား?
ဒါကြောင့် ဆာမူရိုင်းရဲ့လက်နက်တွေကို ကြည့်ကြရအောင် ….
တိုက်ပွဲအစချီချိန်
တိုက်ခိုက်ရအောင် !! ဆိုတဲ့အချိန်မှာ ပထမဆုံးအသုံးပြုတဲ့လက်နက်က…
“ စကားနာထိုးခြင်း” … အမ် !!
တစ်ဖက်နဲ့တစ်ဖက်အသံကျယ်ကြီးနဲ့ ရန်ဖြစ်စကားများခြင်းကနေအစပြုတယ်ဆိုတော့… ကလေးတွေလို တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်ရန်စကားတွေပြောနေကြတာပေါ့… နည်းနည်းတော့ချစ်စရာကောင်းတယ်နော်…
ဒါကတော့ စစ်ပွဲအတွက်အစချီတဲ့အချက်ပဲဖြစ်ပါတယ်။
နောက်ထပ်အသုံးပြုတာက “ လေး”
戦国時代の兵法をガチ研究する武術家に話を聞きに行ったら「セイバー(Fate)の見えない剣が最強」というまさかの展開になった【功朗法総師範:横山雅始インタビュー】
ဟုတ်တယ်၊ ဒါအမှန်ပါ။ ရန်သူနဲ့မျက်နှာချင်းဆိုင်တွေ့ဖို့ ဝေးသေးတာကြောင့် ဓါးနဲ့ချက်ချင်းမတိုက်နိုင်ပါဘူး။
နောက်ပြီးနီးကပ်လာတဲ့အချိန်မှာတော့ “ လှံ” ကိုအသုံးပြုတယ်။
https://www.touken-world.jp/tips/45927/
အရှည် ၄〜၆ မီတာလောက်ရှိတဲ့လှံကိုအသုံးပြုပြီး တစ်ဖက်ရန်သူကို သတ်ဖြတ်ပါတယ်။
TV drama တွေရိုက်ကူးမှုမှာတော့ အန္တရာယ်ရှိတဲ့အတွက် အရှည် ၂ မီတာ လောက်သာရှိတဲ့လှံကိုသာသုံးပြထားပေမဲ့ တကယ့်အစစ်ကတော့ တော်တော့ကို ရှည်ပါတယ်။
သေနတ်တွေထွက်လာတဲ့ခေတ်…
သဘာဝကျကျအစွမ်းထက်လက်နက်ဖြစ်ပေမဲ့၊ အရေအတွက်လုံလုံလောက်လောက်မရှိတာရယ်၊ ဆက်တိုက်တိုက်ခိုက်လို့မရတာကြောင့်၊ သေနတ်ကစစ်ပွဲကိုသိပ်ပြီးဦးမဆောင်နိုင်ခဲ့ပါဘူး။
အဆိုပါသေနတ်က ပေါ်တူဂီကနေလာပေမဲ့၊ ဂျပန်ဟာချက်ချင်းပဲ copy ယူကာ နောက်ထပ် function တွေကိုတိုးမြင့်ခဲ့ပါတယ်။
Sengoku ခေတ်ပြီးနောက် နောက်တစ်ခေတ်မှာတော့ ဂျပန်ဟာကမ္ဘာ့အဆင့်မီသေနတ်ပိုင်ဆိုင်သည့်နိုင်ငံဖြစ်လာခဲ့ပေမဲ့၊ Sengoku ခေတ်ကတော့ အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။
ဒီလိုနဲ့စစ်ပွဲအဆုံးသတ်တယ်…
ဟယ် ? ဂျပန်ဓါးမသုံးခဲ့ဘူးလာ?
ဆာမူရိုင်းတွေရဲ့တိုက်ပွဲလို့ပြောရင် ဒီပုံကိုတန်းမြင်ယောင်ကြပေမဲ့…
https://bq-news.com/man-sword-fight-ex-wife-lawyer
ဒါကတော့ တိုက်ပွဲကြီးတွေမှာ သိပ်ပြီးမလုပ်ကြတဲ့ပုံစံပဲဖြစ်ပါတယ်…
သို့သော် ဂျပန်ဓါးတွေကိုင်ပြီးသွားကြတယ်။ အကြောင်းကတော့ တခြားရည်ရွယ်ချက်ရှိနေလို့ပဲဖြစ်ပါတယ်။
“ ဂျပန်ဓါးမှာဆာမူရိုင်းရဲ့ဝိညာဥ်ကိန်းအောင်းတယ်”
၎င်းဟာ ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာအဓိပ္ပာယ်ရှိသောလက်နက်ပင်ဖြစ်နေပါတယ်။
ဓါးကိုကိုင်ဆောင်ပြီးသွားတယ်ဆိုတာက အရွယ်ရောက်တဲ့အမျိုးသားအနေနဲ့အသိအမှတ်ပြုခံရတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုပုံဆောင်ပါတယ်။
ဓါးဟာ ဝိညာဏအခြေခံ (သို့မဟုတ်) မိမိကိုယ်ကိုသက်သေပြုခြင်း လို့အဓိပ္ပါယ်ရတဲ့ အင်အားကြီးတဲ့လက်နက်ပဲဖြစ်ပါတယ်။
သိုသော် ဒီလိုတိုက်ပွဲကြီးတွေရပ်တန့်သွားတဲ့ငြိမ်းချမ်းတဲ့ခေတ်၊ အဲဒိုကာလမှာတော့ ဂျပန်ဓါးဟာအဓိကလက်နက်ဖြစ်လာပါတော့တယ်။
မြို့ထဲမှာ အခန့်မသင့်တိုက်ပွဲလေးတစ်ခုဖြစ်နိုင်တဲ့အတွက်၊ ဓါးကိုင်သူကပိုပြီးအလှည့်အပြောင်းမြန်သလို အမြဲတမ်းသယ်ဆောင်သွားလာရလွယ်ကူတာကြောင့်လည်း အဆင့်သတ်မှတ်ချက်မှာ ဓါးဟာအဆင့်တစ်နေရာကိုရောက်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဂျပန်ဓါးဟာစိတ်ဝိညာဥ်ရဲ့သင်္ကေတအဖြစ် အဓိပ္ပါယ်ပိုနက်ရှိုင်းသွားပြီး၊ လက်ရှိအချိန်မှာ ဆာမူရိုင်းလို့ပြောရင် ဂျပန်ဓါးကိုမြင်ယောင်မိခြင်းပဲဖြစ်ပါတယ်။
ဆာမူရိုင်းတွေအကြီးအကျယ်လှုပ်ရှားနေတဲ့ခေတ်အတွင်း….တိုက်ပွဲတွေမှာ ဂျပန်ဓါးကိုအသုံးမပြုခဲ့ကြဘူးဆိုတာက အံ့သြစရာပါပဲ….
Kengo Abe