သင်မသိသေးတဲ့ ပင်လယ်ရေအောက်အဏ္ဏဝါက နတ်ကွန်းဆိုတာ !!!

ဂျပန်မှာ လှပတဲ့ယဥ်ကျေးမှုဆိုင်ရာ နတ်ကွန်းပေါင်းများစွာရှိပါတယ်။ ဒါနဲ့ ပင်လယ်ရေအောက်နတ်ကွန်းရှိတယ်ဆိုတာ စာဖတ်သူတို့သိထားပြီးပြီလား?
တော်ရုံတန်ရုံတော့ ရေအောက်နတ်ကွန်းဆီ သွားကြသူရှားပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာရေအောက်နတ်ကွန်းအကြောင်း ပြည့်စုံစွာဖော်ပြလိုက်ပါတယ်။

This Underwater Shrine Lets You Tour Japan With Whale-Sharks And Drink Coffee In The Sea! Check Out How It Came To Be And More!

Hazama Underwater Park ဆိုတဲ့နေရာဟာ ရေငုတ်သမားတို့နဲ့ ကမ္ဘာလှည့်ခရီးသွားတို့အတွက် အလွန်ထူးခြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုနေရာမှာ ဂျပန်ရိုးရာနတ်ကွန်းဟာ ပင်လယ်ရေအောက်မှာထူးဆန်းစွာရှိနေလို့ပဲဖြစ်ပါတယ်။
တစ်ခုတော့သတိထားရမှာက ထိုနတ်ကွန်းပတ်ဝန်းကျင်မှာ လှည့်ပတ်ကျင်လည်နေတဲ့ whalesharks, sunfish နဲ့ အခြားသော ထူးဆန်းတဲ့အဏ္ဏဝါသတ္တဝါရိုင်းတွေရှိလို့ မိမိသဘောဆန္ဒနဲ့မသွားဖို့ အကြံပေးချင်ပါတယ်။

 

 

 

This Underwater Shrine Lets You Tour Japan With Whale-Sharks And Drink Coffee In The Sea! Check Out How It Came To Be And More!

 

ဒီနတ်ကွန်းဘာကြောင့် ဒီအောက်မှာရှိနေလဲဆိုတာ အံ့သြမိပါသလား?
ဒီနတ်ကွန်းဟာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းကြောင့် ရေအောက်ရောက်သွားခြင်းမဟုတ်ပါဘူး…
အကြောင်းကတော့ ပင်လယ်ကိုကောင်းမွန်တဲ့အရာတွေနဲ့ကာကွယ်စောင့်ရှောက်ဖို့ ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ (ဂျပန်နိုင်ငံ၏အဏ္ဏဝါနေ့) မှာ Susaki နတ်ကွန်းရဲ့ ဌာနခွဲတစ်ခုအဖြစ် Hazama ပင်လယ်ကြမ်းပြင်မှာ တည်ထားလိုက်ခြင်းပင်ဖြစ်ပါတယ်။

အကယ်၍ သင်ဟာဒီနတ်ကွန်းရှိရာသို့သွားမယ်ဆို ထိုနေရာမှာ ဦးချခြင်းနဲ့ဝတ်ပြုခြင်းပြုလုပ်နိုင်ပါတယ်။

 

https://grapee.jp/en/39327

သင်ဟာနတ်ကွန်းကိုစူးစမ်းလေ့လာပြီးတဲ့နောက်မှာတော့ ထူးဆန်းတဲ့ dome တစ်ခုကိုသတိထားမိမှာပါ။ အကယ်၍ သတိမထားမိရင်တောင် ဒီအကောင်ကြီးရဲ့ သတိပေးချက်ကြောင့် တွေ့ရှိမှာပါ။

 

 

ဒီ dome ကိုထားပေးရတဲ့ရည်ရွယ်ချက်ကတော့ ခေတ္တအနားယူဖို့အတွက်ဖြစ်ပါတယ်။ ထပ်ပြီးထူးဆန်းတာတစ်ခုက ဒီ dome ထဲမှာလေတွေရှိနေတယ်တဲ့….။ ဒီအထဲမှာဝင်သွားလိုက်ပြီး ကော်ဖီတောင်အေးဆေးသောက်နိုင်ပါသတဲ့…
ပိုပြီးသိရှိဖို့ ဒီဗီဒီယိုကိုကြည့်လိုက်ပါ…

 

 

ခေါင်းလောင်းတီးဖို့အတွက်လည်းထားပေးထားပါတယ်။ ဒါပေမဲ့ သင်သတိမထားမိတဲ့အချိန် sunfish တစ်ကောင်ဟာ သင့်အနမ်းကိုမျှော်နေတယ်ဆိုတာ တွေ့ရမှာပါ။

 

ဒီခရီးစဥ်ကို သဘောကျသွားသူတွေက ဒီဝန်ဆောင်မှုကိုရှာဖွေကြတယ်။ သဘာဝတရားကြီးကအရမ်းအံ့သြဖို့ကောင်းပါတယ်။ ပင်လယ်ကိုဘေးကင်းလုံခြုံစေဖို့ အဏ္ဏဝါသတ္တဝါတို့ကလည်း ဝိုင်းဝန်းကူညီ‌စောင့်ရှောက်ပေးနေကြောင်း မျက်ဝါးထင်ထင်မြင်တွေ့ရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: