လွန်ခဲ့သောနှစ် ၁၂၀ မတိုင်ခင်က ကွန်ဒုံးကိုရှာဖွေတွေ့ရှိ !!!

ကုန်ပစ္စည်းအသစ်တွေတစ်ခုပြီးတစ်ခုပေါ်လာတာနဲ့ မေ့သွားတတ်တာကတော့ ယခင်မူလလက်ဟောင်းထုတ်ကုန်တွေကိုပါ။
ခေတ်မမှီတော့တဲ့ပစ္စည်းတွေကို ဘယ်သူမှစိတ်မဝင်စားကြတော့သလို အသစ်အသစ်တွေကိုပဲလိုချင်ကြပြီး၊ နှစ် ၁၂၀ မတိုင်ခင်ကပစ္စည်းလို့ပြောလိုက်ရင် ဒါကြီးကခေတ်မမှီတော့ပါဘူး.. ပြတိုက်ထဲမှာပဲ သိမ်းထားလိုက်စမ်းပါ..ပြောကြတယ်နော်…
ဒါဆို ဂျပန်ပထမဆုံး နှစ် ၁၂၀ မတိုင်ခင်ကကွန်ဒုံးလို့ပြောရင်ရော…

နှစ်ကာလတွေပြောင်းလဲလာတာနဲ့လိုက်ပြီး ပစ္စည်းအသစ်တွေကပိုပြီးကောင်းလာသလို ဈေးကလည်းသက်သက်သာသာရတဲ့အတွက် ခေတ်မမှီတော့တဲ့ပစ္စည်းတွေဆို လှည့်မကြည့်ချင်တော့တာသဘာဝပါပဲ။
သို့သော် ဒါကဂျပန့်ပထမဆုံး၊ နှစ် ၁၂၀ မတိုင်ခင်ကလို့ပြောကြမယ်ဆို သမိုင်းဆိုင်ရာပစ္စည်းတန်ဖိုးကို လေ့လာဖို့လည်းလိုအပ်ပါတယ်။

ခင်ဗျားတို့သိမလားတော့မသိဘူး၊ သန္ဓေတားပစ္စည်းဖြစ်တဲ့ကွန်ဒုံးထုတ်လုပ်မှုမှာ ဂျပန်ကထိပ်ဆုံးပဲတဲ့…..။
ပါးလွှာပြီးကြာရှည်ခံရမယ်။ ပြီးရင်သက်သောင့်သက်သာရှိရမယ်။ ဒီအချက်တွေရရှိဖို့ စေ့စပ်သေချာစွာသုတေသနပြုလုပ်ပြီး၊ ၎င်းဟာ ဂျပန်အမျိုးသားတစ်ရပ်လုံးသဘောကျတဲ့ ထုတ်ကုန်ဖြစ်လာခဲ့ပါတယ်။

ဒီလိုဂျပန်မှာပထမဆုံးရောင်းချခဲ့တဲ့ နှစ် ၁၂၀ မတိုင်ခင်က ကွန်ဒုံးကိုရှာဖွေတွေ့ရှိထားပြီပါပြီ။
အဲ့ဒါကတော့ ဒီမှာပါ။

https://nlab.itmedia.co.jp/nl/articles/2011/17/news100.html

やまと衣 (Yamato Koromo) ဆိုတဲ့နာမည်နဲ့ရောင်းချခဲ့ပါတယ်။
Yamato ဆိုတာကတော့ “ 大和” ကိုပြောတာဖြစ်ပြီး၊ တစ်နည်းအားဖြင့် ဂျပန်ကိုဆိုလိုတာပါပဲ။
衣 ဆိုတာကတော့ အဝတ်ကိုပြောတာပါ။

ထုတ်ပိုးတဲ့ဒီဇိုင်းက တော်တော်လေးမိုက်တယ်လို့မထင်ဘူးလား?
ဟုတ်ပါတယ်။ အသုံးပြုဖို့တော့ အဆင်ပြေမှာမဟုတ်ပေမဲ့၊ အထဲမှာအညွှန်းလည်းထည့်ထားပေးတယ်။

ဒါကိုတစ်ခုချင်းစီထုတ်ပိုးမထားဘူး။
ချက်ချင်းခြောက်ပြီး မာသွားတယ်။

ဖြစ်ချင်တော့ ထိုအချိန်ဂျပန်မှာ လိင်ဆိုင်ရာကာလသားရောဂါပျံ့နှံ့နေပြီး၊ ဒီရောဂါကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ ရောင်းချခဲ့ကြပါတယ်။
ထိုအချိန်ကာလရဲ့ သတင်းစာကြော်ငြာကိုလည်း ရှာဖွေတွေ့ရှိထားပါတယ်။

ဂျပန်လူမျိုးဖြစ်တဲ့ကျွန်တော်တောင် ဖတ်ဖို့ခက်ခဲတဲ့ ရှေးဟောင်းစာအရေးအသားပါ။
ဒီထုတ်ကုန်ကို ပြင်သစ်ကုမ္ပဏီကနေဝယ်ယူထားခြင်းဖြစ်ပြီး ၎င်းက လူ့အသားအရေနဲ့ကွာခြားမှုမရှိဘဲ၊
အကျုံ့အဆန့်ရော၊ လွတ်လပ်စွာအသုံးပြုနိုင်ခြင်းမှာပါ အလွန်လွယ်ကူပါတယ်။
ဆိုပြီး ကြော်ငြာထဲမှာရေးထားပါတယ်။

ဒီကို ၁၈၉၆ ခုနှစ်လောက်ကထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ ရောင်းချခဲ့တဲ့ 森下仁丹(もりしたじんたん)ဆိုတဲ့ကုမ္ပဏီက လက်ရှိချိန်ထိရပ်တည်နေဆဲပါ။ ဒါပေမဲ့ ဝန်ထမ်းတွေက ဒီပစ္စည်းကိုတစ်ခါမှမမြင်ဖူးတဲ့…

ဒါကို သာမန်လူတစ်ယောက်ကသိမ်းထားခဲ့တာဖြစ်ပြီး၊ 森下仁丹 ကုမ္ပဏီကိုလှူဒါန်းလိုက်တာဖြစ်ပါတယ်။
လွန်ခဲ့သော နှစ် ၁၂၀ မတိုင်ခင်ကဂျပန် လို့ပြောလိုက်ရင် လက်ရှိနာမည်ကြီးနေတဲ့animation “ Demon Slayer” ရဲ့ ခေတ်ပါ။
ဒါပေမဲ့ အဲ့ဒီအချိန်ကတည်းက ကွန်ဒုံးရှိနေခဲ့တယ်ဆိုတာကတော့ ကျွန်တော်ပါအံ့သြသွားရတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: