(၁၇) ရက်နေ့ ကူးစက်မှုအသစ် တိုကျို ၂၉၈ ဦးရှိပြီး၊ အရေးကြီးလူနာ ၄၂ ဦးရှိ

(၁၇) ရက်နေ့၊ တိုကျိုအတွက်ကူးစက်လူနာအသစ် ၂၉၈ ဦးရှိကြောင်း အတည်ပြုလိုက်ပါတယ်။

 

အသက် ၁၀ နှစ်အောက်ကလေးတွေကနေ အသက် ၉၀ အရွယ်အမျိုးသားအမျိုးသမီး ၂၉၈ ဦးတို့ဖြစ်ပါတယ်။ နှစ်အလိုက်
အသက် ၂၀ နှစ် = ၈၁ ဦး
အသက် ၃၀ နှင့် ၄၀ နှစ်အတွင်း = ၅၀ ဦး
အသက် ၅၀ နှစ် = ၄၈ ဦး
ရောဂါလက္ခဏာပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်နှင့်အထက် = ၃၆ ဦးတို့အသီးသီးဖြစ်ပါတယ်။
အရေးကြီးလူနာ ၄၂ ဦးထိရှိနေပါတယ်။ လက်ရှိတိုကျိုမှာကူးစက်ခံရသူစုစုပေါင်းကတော့ ၃၅,၂၃၀ ဦးဖြစ်ပါတယ်။

ကူးစက်မှုပိုမိုကျယ်ပြန့်လာတဲ့ ဟိုကိုင်းဒိုးနဲ့ပတ်သက်ပြီး
၁၇ ရက်နေ့ နေ့လည်ပိုင်းမှာ Sapporo မြို့အတွက်သတိပေးထားတဲ့အဆင့်တွေကနေကျော်လွန်ပြီး မလိုအပ်ဘဲအပြင်ထွက်ခြင်းမှရှောင်ကြဥ်ဖို့ တောင်းဆိုကြတော့မယ်။

 

https://news.tv-asahi.co.jp/news_society/articles/000198669.html

ဘာကြောင့်လဲဆိုတော့ ယခုလထဲကိုဝင်လာတဲ့အချိန်ထိ စုစုပေါင်းကူးစက်ခံထားရသူအသစ်က ၂၅၀၀ ဦးတောင်ကျော်သွားပါပြီ။ ဒီ ၂၅၀၀ ထဲမှာ ခန့်မှန်းချေ ၇၀ ရာခိုင်နှုန်းလောက်က Sapporo မြို့ကပဲဖြစ်ပါတယ်။ ဒါကိုတုန့်ပြန်တဲ့အနေနဲ့ အုပ်ချုပ်ရေးမှူး Suzuki နဲ့ Sapporo ရဲ့ မြို့တော်ဝန် Akimoto တို့ဟာ Sapporo အတွက်သတိပေးချက်ကို အဆင့် ၄ အဖြစ်မြင့်တင်လိုက်ပြီး၊ ရောဂါကူးစက်မှုအန္တရာယ်ကိုမရှောင်နိုင်တော့ဘူးဆိုရင် “ Sapporo မြို့တွင်း မလိုအပ်ဘဲအပြင်ထွက်ခြင်းမှရှောင်ကြဥ်ခြင်း” “ Sapporo မြို့နဲ့အခြားဒေသများအကြားအပြန်အလှန်သွားခြင်းကိုရှောင်ကြဉ်ခြင်း” စတဲ့တောင်းဆိုချက်တွေကို အတည်ပြုတော့မယ်လို့ သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: