ဂျပန်ကိုနိုင်ငံသေးလို့ပြောလိုက်တဲ့ ဥရောပ ! မြေပုံတွေကိုထပ်ကြည့်လိုက်တဲ့အခါ….

လူတိုင်းကြည့်ကြတဲ့ ကမ္ဘာ့မြေပုံ…
ဂျပန်က ကမ္ဘာအရှေ့စွန်းမှာ နိုင်ငံသေးလေးအဖြစ်ရှိနေတယ်။

https://news.nicovideo.jp/watch/nw4906773

 

မြင်ရတဲ့အတိုင်းပဲ ဂျပန်ဟာတော်တော်သေးတဲ့နိုင်ငံပါ။
ဒီလိုသေးတဲ့ဂျပန်က ကမ္ဘာကိုပြိုင်ဘက်အဖြစ်တိုက်ပွဲဝင်သလို၊ ကမ္ဘာ့စီးပွားရေးအင်အားကြီးတဲ့နိုင်ငံအဖြစ် ဒုတိယနေရာရရှိချိန်၊ အနောက်နိုင်ငံသားတွေလည်း အံ့အားသင့်ရင်း “ အာရှရဲ့နိုင်ငံသေး ဂျပန်” ဆိုတဲ့စကားတစ်လုံးထွက်လာခဲ့ပါတယ်။

အမေရိကန်နဲ့ယှဥ်ရင်တော့ သေးငယ်ပေမဲ့၊ တကယ်ကအဲ့ဒီလောက်ထိ လှောင်ပြောင်လို့မရတဲ့ အရွယ်အစားတစ်ခုပါ။
အရွယ်အစားသေးနေရခြင်းက မြေပုံမှာပြဿနာရှိနေလို့ ဖြစ်ပါတယ်။
လုံးဝန်းတဲ့ကမ္ဘာမြေကို ရေပြင်ညီအတိုင်းဖော်ပြတာကြောင့် ပုံစံအနည်းငယ်ပျက်ပြီး၊ လက်တွေ့ထက် ပိုသေးသွားရခြင်းဖြစ်ပါတယ်။

ဒါဆို နိုင်ငံ‌သေးလေးလို့ပြောလိုက်တဲ့ ဥရောပကို အခုပဲလက်တွေ့ဂျပန်ရဲ့ အရွယ်အစားနဲ့အခြားနိုင်ငံအရွယ်အစားကို ထပ်ပြီးကြည့်လိုက်ရင်..

 

https://gigazine.net/news/20201116-true-size-map-country/

 

အဲ

 

နိုင်ငံဧရိယာမကျယ်တဲ့ဂျပန်ကို အင်္ဂလန်မြေပုံနဲ့ထပ်ကြည့်လိုက်တဲ့အခါ …
ဘယ်တစ်ခုက နိုင်ငံသေးလဲ?

မြေပုံတစ်ခုလုပ်တဲ့အခါ အလယ်အီကွေတာကနေဝေးတဲ့နေရာကို တကယ်ရှိတာထက်ပိုပြီး ဆွဲထားပါတယ်။
ဆိုလိုတာကတော့ မြောက်ဘက်မှာရှိတဲ့ နိုင်ငံကြီး ရုရှား…
ဒီမှာဘာဖြစ်နေသလဲဆိုတော့…

 

 

မထင်မှတ်ထားလောက်အောင် ချစ်စရာကောင်းတဲ့အရွယ်အစားဖြစ်နေတယ်။
ဒါပေမဲ့ နိုင်ငံနယ်မြေက ကမ္ဘာမှာအကျယ်ဆုံးဆိုတော့လည်း…

စကားမစပ် JAPO ရှိရာ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားမြေပုံကို ဥရောပတိုက်မြေပုံနဲ့လာထပ်ကြည့်ရင်တော့…

 

ကြီးသားပဲမဟုတ်လား?

အောက်ဖော်ပြပါ site ထဲမှာမိမိသဘောကျတဲ့နိုင်ငံကို စိတ်တိုင်းကျရွေ့ပြောင်းပြီးတကယ့်အရွယ်အစားကို နှိုင်းယှဥ်ကြည့်နိုင်ပါတယ်။

https://thetruesize.com/#?borders=1~!MTY3NTc3ODI.NTAzNTI3OQ*MjA3MTUwMTg(Mjc4NTMzMA

ကျွန်တော်တို့နိုင်ငံမသေးဘူးမဟုတ်လား ! ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: