ကိုရိုနာကြောင့် အဆင်ပြေနေတဲ့ငွေလိမ်နည်း?

ပိုက်ဆံကိုမလိမ့်တစ်ပတ်ရိုက်စားမှု
ပုံမှန်အားဖြင့် မျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့ပြီး စကားပြောရင်းပါးနပ်စွာလိမ်သွားကြပေမဲ့၊ ခုအချိန်ကဗိုင်းရပ်စ်ကြောင့် လူချင်းတွေ့ဆုံဖို့သဘောမကျသူတွေများလာတဲ့အတွက် တော်တော်နဲ့မှအကြံအစည်အထမမြောက်ပါဘူး။
အထူးသဖြင့်အခုမှတွေ့ဆုံဖူးသူနဲ့ တကူးတကကြီးမတွေ့ချင်ဘူးနော်
ဟုတ်ပါတယ်၊ ငွေကြေးလိမ်လည်ဖို့ခက်ခဲလာပါတယ်။ ဒါပေမဲ့…

လူချင်းမတွေ့ရလို့ အလိမ်မခံရဘူးမထင်လိုက်ပါနဲ့ အင်တာနက်မှာပုံစံအသစ်လိမ်နည်းအသစ်တွေပေါ်လာပါတယ်။

https://news.yahoo.co.jp/byline/tadafumiaki/20200829-00195576/

ဒီအမှုကို International romance scam လို့ခေါ်ပြီး၊ သူတို့ရဲ့ထောင်ချောက်တွေက dating apps နဲ့ websites ‌တွေမှာ ရှိတတ်ပါတယ်။
ကိုရိုနာကြောင့် အလုပ်နဲ့ဘယ်မှလည်းမရောက်ဖြစ်သလို၊ တစ်ယောက်တည်းနေရင်း လူအချင်းချင်းဆက်သွယ်မှုကင်းကွာလာပါတယ်။ ဒီရောဂါဘယ်တော့အဆုံးသတ်မလဲ၊ အလုပ်ရောဘယ်လိုဖြစ်မလဲ စတဲ့မရေရာမသေချာတဲ့အခြေအနေနဲ့ တွေ့နေရပါတယ်။
တစ်ယောက်ယောက်နဲ့စကားပြောချင်တဲ့စိတ်တွေဖြစ်လာပြီး၊ မထင်မှတ်ဘဲ ဒီလို sites တွေနဲ့ app တွေကိုအသုံးပြုမိသူတွေများလာပါတော့တယ်။

ဒါနဲ့ပဲ ဒီ sites ကနေ သြစတြေးလျမှာနေတဲ့ K ဆိုတဲ့အမျိုးသား(နာမည်ဝှက်)နဲ့ ရင်းနှီးသွားတဲ့ ဒီဇိုင်နာဖြစ်သူ အသက် (၄၀) ကျော်ဂျပန်အမျိုးသမီးဟာ ပထမဆုံးမှာ သူတို့ ၂ ယောက်တစ်ယောက်အကြောင်းတစ်ယောက်မေးမြန်းရင်၊ ၁ ပတ်ကျော်လောက်မှာတော့ အမျိုးသားဆီကနေ ချစ်မိကြောင်း၊ စိတ်ဝင်စားကြောင်း စာတွေပို့လာတော့တယ်။

မင်းဟာကိုယ့်ဘဝမှာလိုအပ်တဲ့မိန်းကလေးပဲ
တွေ့ဆုံခွင့်ပေးတဲ့ဘုရားကိုကျေးဇူးတင်တယ်
ဘယ်လောက်ပဲဝေးကွာနေပါစေ၊ ကိုယ်တို့အတူဆုံဖို့ ဘယ်သူမှမတားနိုင်ဘူး။

ဂျပန်လူမျိုးတွေကတော့ ဒီလိုပေါ်ပေါ်တင်တင်ကြီး ဖွင့်မပြောကြဘူး၊ ဒါပေမဲ့ဒါက နိုင်ငံခြားသားဖြစ်ပါတယ်။
ဒီလို တိုက်ရိုက်အပြောခံလိုက်ရတဲ့အတွက် မိန်းကလေးဟာ စိတ်လှုပ်ရှားသွားပါတယ်။
နောက်ပြီး နောက်နေ့တွေလည်း ချစ်ရေးဆိုတဲ့စာတွေဆက်တိုက်ပို့ပါတယ်။

မေတ္တာမှန်ကြောင်းကျိန်ဆိုပါတယ်.
ညတိုင်းကိုယ်မင်းရဲ့ဘေးမှာရှိတယ်။
မင်းကိုပွေ့ပိုက်ထားပြီး
ကိုယ်တို့ နှလုံးသားဟာ ၁ ခုတည်းပဲ။ ဝေးကွာနေလည်း မင်းဟာနေ့တိုင်း ကိုယ့်နှလုံးသားကိုခံစားရတယ်မဟုတ်လာ?

နောက်ပြီး K ဟာသူ့ရဲ့ သားနဲ့သမီးနဲ့အတူရိုက်ထားတဲ့ဓါတ်ပုံကိုပို့ပြီး “ ၈ လပိုင်းဂျပန်ကိုလာမယ်” လို့ပြောခဲ့ပါတယ်။
အဲ့ဒီနောက် လက်ထပ်ဖို့အထိတောင်းဆိုလာတယ်။
ဒီမိန်းကလေးက လက်ထပ်ဖို့ဆန္ဒမရှိလို့ ငြင်းလိုက်ပေမဲ့၊ အဲ့ဒီကနေစပြီး သူ့ရဲ့message တွေကမရပ်နားတမ်းရောက်လာတော့တယ်။
နောက်ပြီး ရောက်လာတာက အလုပ်အီးမေလ်ဖြစ်နေတယ်။

“ ၁၁ လပိုင်းမှာအာရှကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့ရှိတယ်။
စာချုပ်ကနေ 250,000 usd ရမှာပါ။ ဒါပေမဲ့ သြစတြေးလျကိုတိုက်ရိုက်လွှဲရင် အခွန် 60% ဆောင်ရလိမ့်မယ်။
ဒါကြောင့် ကိုယ်စားအနေနဲ့မင်းကပဲဂျပန်မှာယူထားပေးပါ”

ရုတ်တရက်ထွက်လာတဲ့ ငွေးကြေးအကြောင်း ….
သူမဟာသံသယဝင်သွားပြီး၊ K ကိုလိမ်နေတာလား? လို့မေးလိုက်ပါတယ်။
သူ့ကိုမယုံသင်္ကာဖြစ်လို့စိတ်ဆိုးသွားတဲ့ K ဟာ အရမ်းဝမ်းနည်းကြောင်းစာပြန်ပို့လိုက်တယ်။

ဒါနဲ့မိန်းကလေးဟာ အားနာသွားပြီး၊ တောင်းပန်တဲ့စာတွေပြန်ပို့လိုက်ပါတယ်။
လိမ်တဲ့နေရာမှာသုံးကြတဲ့လမ်းစဥ်ကတော့ တစ်ဖက်လူကသံသယရှိသွားလို့အဖြေပြန်ပေးဖို့ခက်တဲ့အခါ တစ်ဖက်လှည့်နည်းနဲ့ခံစားချက်ကိုပြန်ချုပ်ကိုင်လိုက်တယ်။
အဲ့ဒါပြီးတဲ့အခါ K ဟာအကွက်ချထားတဲ့အတိုင်း ဆက်ပြောပါတယ်

အမေရိကန်ဘဏ်ဝန်ထမ်းရဲ့နာမည်ကိုသုံးထားတဲ့ အမျိုးသားတစ်ယောက်ဆီကနေ

“ စာချုပ်ငွေ 250,000 usd ထဲက၊ 50,000usd ကိုအရင်ဆုံးသင့်ရဲ့ ဘဏ်အကောင့်ထဲပို့လိုက်ပါမယ်။
ဝန်ဆောင်ခအနေနဲ့ 2,250usd ကုန်ကျပါမယ်”

လို့ပြောပြီး၊ ဒီငွေပမာဏလွှဲပြီးတဲ့နောက် ကျန်သေးတဲ့ 200,000usd အတွက် ဝန်ဆောင်ခ ယန်းသောင်း ၁၀၀ လိုတယ်လို့ ထပ်လွှဲခိုင်းပါတယ်။
နောက်ပြီးအကြောင်းပြချက်အမျိုးမျိုးပေးပြီး ဝန်ဆောင်ခလွှဲခိုင်းတယ်၊ နောက်ဆုံးမှာ ယန်းသောင်း ၅၀၀ ကျော်တဲ့ပမာဏကိုလွှဲလိုက်ရပါတယ်။
ဒါဟာ ၂ ပတ်အတွင်းပဲဖြစ်သွားခဲ့တယ်။
သူမဟာ မိခင်ဆီကနေ ယန်းသောင်း ၁၀၀ ချေးရုံသာမက အခြားသူတွေဆီကနေလည်း ငွေချေးပြီးပေးခဲ့တယ်။

“ သူမဆီဝင်လာရမယ့် 250,000usd သာရောက်မလာခဲ့ရင် ….”

ဒီလိုတွေးရုံနဲ့တင် ထိတ်လန့်ဖို့ကောင်းနေပါပြီ…
ပိုက်ဆံတွေလိုက်ချေးခဲ့တဲ့သူမဟာ ဒုက္ခရောက်ပြီး သူငယ်ချင်းဖြစ်သူနဲ့ငွေချေးထားတဲ့ကိစ္စဆွေးနွေးလိုက်တဲ့ခါ၊ ဒါငွေလိမ်တာမလား? လို့သူငယ်ချင်းဆီကစကားတစ်ခွန်းကြားလိုက်ပြီးနောက် သတိပြန်လည်လာတယ်။

နောက်ဆုံးတော့ လွှဲလိုက်တဲ့ပိုက်ဆံလည်းမဝင်လာတော့ပါဘူး။
ဟိုအမျိုးသားပို့လိုက်တဲ့ဓါတ်ပုံကလည်း အခြားသူတစ်ယောက်ရဲ့ဓါတ်ပုံဖြစ်နေပါတယ်။
သြစတြေးလျနိုင်ငံသားဟုတ်မဟုတ်လည်းမသေချာသလို၊ လိုက်ရှာဖို့လည်းဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။
ဒါနဲ့ပဲအဆုံးသတ်က ပိုက်ဆံတွေပါသွားပါပြီ။

ကိုရိုနာကြောင့် အချင်းချင်းအဆက်အသွယ်တွေပြတ်ပြီးအထီးကျန်တဲ့စိတ်ကို အခွင့်ကောင်းယူလိုက်တဲ့ ရာဇဝတ်မှုပဲဖြစ်ပါတယ်။
ဒါကြောင့် အားလုံးလည်းသတိထားကြဖို့ နှိုးဆော်လိုက်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: