လိင်ဝန်ဆောင်မှုယူပြီး ပိုက်ဆံမပေးတဲ့အမျိုးသားများကို အဲဒိုခေတ်မှာဒီလိုအပြစ်ပေးခဲ့ပါတယ်။

ပိုက်ဆံမရှိပေမဲ့ထမင်းမှာစားတယ်။ ပြီးတော့ အဲ့ဒီအတိုင်းထွက်ပြေးသွားတယ်။
အဲ့ဒီလိုလူကို ဂျပန်လို 食い逃げ(くいにげ)Kuinige လို့ခေါ်ပါတယ်။
ဆိုင်ဘက်ကနေပြန်ကြည့်ရင် တော်တော်လေးဆိုးရွားတဲ့လုပ်ရပ်ပဲပေါ့…

ထိုနည်းတူပဲ ဝန်ဆောင်မှုယူပြီး ပိုက်ဆံမပေးတဲ့လူတွေရှိခဲ့တာကြောင့် အဲ့ဒိုခေတ်ရဲ့ လူစည်ကားတဲ့မြို့ပြမှာ ဘယ်လိုအပြစ်ပေးလဲဆိုရင်တော့
ဒီပုံမှာ သနားစရာမျက်နှာနဲ့နော် ..

https://intojapanwaraku.com/culture/130378/

ဒီအမျိုးသားဟာ sex shop မှာ လိင်ဝန်ဆောင်မှုကိုယူပြီး ပိုက်ဆံမပေးခဲ့သူပါ။
桶伏せ(おけふせ)Okefuse လို့ခေါ်တဲ့အပြစ်ပေးနည်းဖြစ်ပြီး၊ ရေသိုလှောင်တဲ့စည်ပိုင်းထဲမှာ သူ့ကိုပိတ်ထားတယ်။ ထွက်ပြေးလို့မရအောင် အပေါ်မှာကျောက်တုံးကိုပါတင်ထားလိုက်ပါတယ်။

ပြတင်းပေါက်အသေးလေးဖွင့်ထားပြီး လူအများမြင်သာအောင် ပြထားတယ်.
မသေအောင်လို့ အညံ့ဆုံးအစားအစာတွေပေးပေမဲ့၊ အနွေးအင်္ကျီတောင်ပေးမဝတ်ဘဲ အပေါ်ယံတစ်ထပ်လောက်နဲ့ပဲထားပါတယ်။
အလေးသွားမယ်ဆိုလည်း ဒီအထဲမှာပဲသွားရတာကြောင့် မစင်တွေနဲ့အတူ ဒီအထဲမှာပိတ်မိနေတယ်။
အိမ်ကမိသားစုပိုက်ဆံယူလာမယ့်အချိန်ထိ ဒီအထဲမှာဘယ်လောက်အထိနေရမလဲ ?
အဲ့ခေတ်အဲ့အခါဖြစ်လို့ ၁ ပတ်ကြာလောက် အချုပ်ခံရတာမျိုးလည်းရှိတယ်တဲ့..

ဒါပေမဲ့ ဒီအခြေအနေကြောင့် စိတ်မကောင်းဖြစ်ပြီး အစားအစာတိတ်တဆိတ်လာပေးတဲ့မိန်းကလေးတွေလည်းရှိပါတယ်.

ဒီမှာတောင် ပိုက်ဆံမပေးရဘဲအနေအစားချောင်တယ်နော် …(ရယ်လျက်)
ထိုက်သင့်တဲ့ဝန်ဆောင်မှုနဲ့ ပစ္စည်းတွေအတွက် ထိုက်သင့်တဲ့ငွေကိုပေးရမယ်။ လုပ်သင့်တာကိုမလုပ်ဘူးဆိုရင်တော့ ဒီလိုဘဝမျိုးရောက်မယ်လို့ ရှေးလူတွေကဆုံးမကြပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: