ဂျပန်ဆိုတာ wheelchair သမားတွေအပေါ်ပျူငှာတဲ့ အဖွဲ့အစည်းတစ်ခုလား?

မွေးရာပါမသန်စွမ်းခြင်း၊ မတော်တဆမှုကြုံလိုက်ရခြင်း၊ အသက်ကြီးလာခြင်းနှင့် နေမကောင်းဖြစ်ပြီးလမ်းမလျှောက်နိုင်တော့ခြင်း စတဲ့လူတွေ အများအပြားဟာ မမျှော်လင့်ဘဲ wheelchair ဘဝရောက်သွားရသလို၊ လူတိုင်းလူတိုင်းဟာလည်း ထိုသို့မဖြစ်နိုင်ဘူးလို့ တစ်သတ်မှတ်တည်းမပြောနိုင်ပါဘူး။

 

https://www.askul.co.jp/p/1465997/

wheelchair သုံးဖူးတဲ့လူတွေသာလျှင် ဒီအခြေအနေကိုနားလည်နိုင်မှာပါ။
လှေကားထစ်တို့အပါအဝင် မြို့ထဲသွားလာတဲ့အခါ wheelchair သမားတို့အတွက်အတားအဆီးအခက်အခဲများစွာရှိပါတယ်။
ခြေလှမ်းသေးတွေကနေစပြီး မတ်စောက်သောတောင်စောင်းနှင့်အတူဆင်ခြေလျှောတို့မှာ သူတို့အတွက်အလွန်ခက်ခဲပါတယ်။
တစ်ယောက်တည်းဆို ရွေ့လျားဖို့ခက်ခဲတာကြောင့် အပြင်သိပ်မထွက်ဖြစ်ကြတော့ပါဘူး။

ဂျပန်မှာ ဒီလိုလူမျိုးတွေအတွက်တုံ့ပြန်မှုလေးတွေလုပ်ထားပေးပါတယ်။
wheelchair သမားတို့အတွက်ဘာတွေပြင်ဆင်ထားပေးသလဲ တိုကျိုမြို့ကိုကြည့်ကြရအောင်

ဓာတ်လှေကား
ဓာတ်လှေကားစီးတဲ့အခါ ထွက်ပေါက်ကိုမျက်နှာမူပြီးစီးရပေမဲ့၊ အခန်းကျဥ်းထဲ အထူးသဖြင့်ဓာတ်လှေကားထဲ ၂ ယောက် ၃ ယောက်ပါလာတာနဲ့ လှည့်ဖို့ပြုဖို့အဆင်မပြေတော့ပါဘူး။
ဒါကြောင့် ကျောပေးပြီးမထွက်လို့မရပါဘူး။
ဒါကိုဂျပန်ရဲ့ ဓါတ်လှေကားအများစုမှာတော့ ဒီလိုမှန်ကပ်ထားပေးလိုက်ပါတယ်။

https://www.e-kagami.com/elv_awase.html

ဒီမှန်ကို မိတ်ကပ်လိမ်းဖို့အတွက်လုပ်ထားပေးတာမဟုတ်ဘူးနော်
wheelchair သမားတွေဟာအနောက်ကိုကြည့်ရင် ထွက်နိုင်ဖို့ ထားပေးထားခြင်းပဲဖြစ်ပါတယ်။

ကား
ကားမှာလည်း wheelchair နဲ့အဆင်ပြေစေမယ့် မော်ဒယ်တွေထုတ်လာပါတယ်။

https://clicccar.com/2017/11/12/526880/

ကားနောက်ခန်းကနေဝင်ရပြီး driving seat မှာတောင်ထိုင်ပြီးမောင်းနိုင်လာပါတယ်။
ခြေထောက်မလုပ်နိုင်တဲ့လူတွေအတွက်၊ လက်ဖြင့်ထိန်းချုပ်မောင်းနှင်နိုင်ဖို့ ပြန်လည်ပြင်ဆင်ထားတဲ့ကားများလည်းရှိပါတယ်။

ရထား
ရထားအတွက် ပြင်ဆင်ထားတဲ့ပုံစံက အမိုက်ဆုံးပဲလို့ထင်ပါတယ်။
အရင်ဆုံးလှေကားထစ်! နေရာပြဿနာကြောင့် ဓါတ်လှေကားထားပေးလို့အဆင်မပြေတဲ့အခါ ဒီလိုလုပ်ထားပေးပါတယ်။

http://www.shinkosangyo.co.jp/example/post-1.html

ဘူတာရုံဝန်ထမ်းအကူအညီနဲ့ လှေကားအတက်အဆင်းလုပ်နိုင်တဲ့ စက်ကိုထားပေးထားတယ်။
နောက်ပြီး ရထားစီးရတဲ့အခါလည်း ခက်ခဲပါတယ်။

 

ရထားဝန်ထမ်းက ဒီလိုအခမဲ့ကူညီပေးပါတယ်။
ပျူငှာတဲ့တုံ့ပြန်မှုက ဂျပန်ဆန်ခြင်းပဲဖြစ်ပါတယ်.

ဒီအပြင် အလိုအလျောက်စနစ်ကိုစမ်းသပ်နေကြတယ်။ ရထားဆိုက်ရောက်လာတဲ့အခါ ရထားဝန်ထမ်းကအတက်အဆင်းအတွက် ကူညီဆောင်ရွက်ပေးစရာမလိုတော့ဘဲ စက်ကအလိုအလျောက်အလုပ်လုပ်သွားတဲ့စနစ်ကိုကြိုးပမ်းနေပါတယ်။

 

 

ဘူတာရုံရဲ့ Toilet မှာလည်း wheelchair သမားတို့အတွက်ပြင်ဆင်ထားပါတယ်။
တစ်ယောက်သုံး Toilet အကျယ်ကြီးထဲမှာ wheelchair နဲ့လည်း အသုံးပြုရလွယ်ကူအောင် စဥ်းစားပြီးပြင်ဆင်ထားပေးတယ်။

 

https://www.jrhokkaido.co.jp/network/barrier/station_barrier.html

 

တိုကျိုဟာ မသန်စွမ်းသူများလည်း လွတ်လပ်စွာသွားနိုင်တဲ့မြို့တစ်မြို့ဖြစ်ဖို့ရည်ရွယ်လျှက်ရှိပါတယ်။
မည်သူမဆိုအချိန်မရွေး wheelchair ဘဝကိုရောက်နိုင်ပါတယ်။
ဒီလို လုပ်ဆောင်ပေးမှုတွေက လူတိုင်းကိုပျော်ရွှင်စေပြီး အားတက်စေတယ်လို့ထင်မိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: