(၉)ရက်နေ့ ကူးစက်လူနာအသစ် တိုကျိုတွင် (၁၅၇) ဦးရှိပြီး၊ ဟိုကိုင်းဒိုးတွင် (၂၀၀) ဦးရှိနေ

တိုကျိုမြို့အတွက်ကတော့ ဒီနေ့ (၉)ရက်နေ့အတည်ပြုခဲ့တဲ့ကူးစက်လူနာအသစ်ကတော့ စုစုပေါင်း ၁၅၇ ဦးရှိပါတယ်။
ကူးစက်လူနာတွေက ၇ ရက်တစ်ပတ်ကြာပျမ်းမျှ ၂ ရက်ဆက်တိုက် အယောက် ၂၀၀ ကျော်ခဲ့ပါတယ်။

ကူးစက်လူနာတွေထဲမှာအသက်အရွယ်အလိုက်
အသက် ၂၀ နှစ် = ၃၃ ဦး
အသက် ၃၀ နှစ် = ၂၄ ဦး
အသက် ၄၀ နှစ် = ၂၇ ဦး
အသက် ၅၀ နှစ် = ၂၈ ဦး
ရောဂါပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်နှင့်အထက်အသက်ကြီးသူတွေစုစုပေါင်း = ၂၄ ဦးရှိပါတယ်။ တိုကျိုမြို့မှာတော့ ကူးစက်လူနာစူစုပေါင်း ၃၂၇၆၈ ဦးရှိနေပါတယ်။

https://www.nippon.com/ja/japan-data/h00663/

လက်ရှိလူဦးရေထူထပ်တဲ့ တိုကျိုကိုအမှီလိုက်နေတာကတော့ ဟိုကိုင်းဒိုးပါပဲ။ ဟိုကိုင်းဒိုးမှာ ယနေ့ကူးစက်မှုအသစ်က အယောက် ၂၀၀ တောင်ရှိပါတယ်။ သေဆုံးသူပေါင်းကတော့ ၁၁၅ ဦးပါ။
အိုဆာကာမှာတော့ ယနေ့ကူးစက်မှုက ၇၈ ဦးဖြစ်ပါတယ်။
ဒီနေ့အတွက်ပြန်ကြည့်ရင် ဟိုကိုင်းဒိုးက ကူးစက်မှုအသစ်အယောက် ၂၀၀ နဲ့ထိပ်ဆုံးမှာရှိနေပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: