ဂျပန်နိုင်ငံတွင် LGBT စနစ်အား လက်ခံကျင့်သုံးသည့်ဒေသဆိုင်ရာအစိုးရအဖွဲ့ ၆၄ ခုရှိ !!

လိင်တူစုံတွဲကို “ လက်ထပ်ခြင်းနဲ့ညီမျှတဲ့ဆက်ဆံရေး” အဖြစ်အသိအမှတ်ပြုတဲ့ Partnership စနစ်ကို တိုကျိုမြို့ Shibuya ရပ်ကွက်နဲ့ Setagaya ရပ်ကွက်မှာ ၂၀၁၅ ခုနှစ် ၁၁ လပိုင်း ၅ ရက်နေ့ကနေအစပြုခဲ့ပြီး၊ အခုဆို ၅ နှစ်တိတိပြည့်သွားခဲ့ပါတယ်။
ဂျပန်ရဲ့ ဥပဒေမှာတော့ လိင်တူစုံတွဲလက်ထပ်ခြင်းကိုတရားဝင်အသိအမှတ်မပြုထားသေးပေမဲ့၊ ဒေသအစိုးရက Partnership စနစ်ကိုအတည်ပြုထားတာကြောင့်၊ အသက်အာမခံ၊ လက်ကိုင်ဖုန်းများအတွက် မိသားစုအထူးလျှော့ဈေး၊ အများပိုင်အိမ်ရာသို့ပြောင်းရွှေ့ရန်လျှောက်လွှာတင်တဲ့အခါ စတာတွေကို “ မိသားစု” အဖြစ်အသိအမှတ်ပြုခံရလာပါတယ်။

 

https://www.nippon.com/ja/japan-data/h00860/?cx_recs_click=true

Shibuya ရပ်ကွက်နဲ့ NPO ကော်ပိုရေးရှင်း “ NIJIIRO DIVERSITY” (LGBT အဖွဲ့အစည်း) ရဲ့စစ်ဆေးချက်အရသိရတာက၊ ၂၀၂၀ ခုနှစ် ၉ လပိုင်း ၃၀ ရက်နေ့လောက်မှာ နိုင်ငံအနှံ့ရှိဒေသဆိုင်ရာအစိုးရ ၅၉ ခုဟာ partnership စနစ်ကိုကျင့်သုံးနေကြပါတယ်။
ဒီ ၅ နှစ်တာကာလအတွင်းမှာပဲ လိင်တူချစ်သူများစုံတွဲပေါင်း ၁၃၀၁ တွဲဟာ ‌ဒေသဆိုင်ရာအစိုးရဆီလျှောက်တင်ပြီး အသိအမှတ်ပြုလက်မှတ်တောင်ရရှိထားပြီးလို့သိရပါတယ်။

ဒီနှစ် ၁၀ လပိုင်းမှာပဲ Saitama စီရင်စု Sakado မြို့၊ Tokyo ရဲ့ Koganei မြို့ ၊ ၁၁ လပိုင်းမှာ Chiba စီရင်စုမှာရှိတဲ့ Tochigi မြို့နဲ့ Matsudo မြို့ ၊ ထို့အပြင် Saitama စီရင်စု Kitamoto မြို့ စတဲ့အသီးသီးတို့မှာ ဒီစနစ်ကို စပြီးကျင့်သုံးလာကြတဲ့အတွက် အခုဆိုရင်တစ်နိုင်ငံလုံးအနှံ့ partnership စနစ်ကိုကျင့်သုံးနေကြတဲ့ ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းစုစုပေါင်း ၆၄ ခုရှိနေပါပြီ။

ဒါကတော့ တစ်နိုင်ငံလုံး partnership စနစ်ကိုကျင့်သုံးနေကြတဲ့ စီရင်စုများကိုတင်ပြထားပုံဖြစ်ပါတယ်။


အပန်းရောင် အဖျော့လေးကတော့ မြို့တစ်မြို့လောက်ကပဲ ဒီစနစ်ကိုကျင့်သုံးနေတယ်လို့ဖော်ပြပြီး၊ အနီရောင်ကတော့ စီရင်စုတစ်ခုလုံး စနစ်ကိုအသုံးပြုနေပါတယ်။
ကျန်တာကတော့ စနစ်မရှိသေးဘူးလို့ဖော်ပြပါတယ်။

စာဖတ်သူတို့ရော LGBT တို့ရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲ?

JAPO Myanmar

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: