Excel မှာပြောင်းလဲမှုတွေဖြစ်လာတယ်ဆိုတဲ့ ကောလဟလကအမှန်လား?

ဘယ်အလုပ်မျိုးကိုမဆို အဆင်ပြေစွာအသုံးပြုနိုင်တဲ့ စာရင်းတွက်ချက်မှုဆိုင်ရာ software ကတော့ Excel ပဲဖြစ်ပါတယ်။
ဒါပေမဲ့ ဒီ software ရဲ့ function ကို၊ စာဖတ်သူတို့ဘယ်လောက်ထိကျွမ်းကျင်စွာအသုံးပြုနိုင်ပါသလဲ?
တကယ်သာကျွမ်းကျင်မယ်ဆို ဘယ်လိုအရာပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်။

မိုက်ခရို language အဖြစ်တောင်အသုံးပြုနိုင်လာပြီး၊ ဥပမာ ဒီလိုအရာတွေတောင်လုပ်နိုင်ပါတယ်။

တကယ်ကို Drum machine ပါပဲ။
လက်ရှိ Excel အသုံးပြုနေသူတွေအတွက် ထိရောက်မှုရှိ/မရှိအရေးမကြီးပါဘူး။ ဒါပေမဲ့ Excel နဲ့အားလုံးလုပ်နိုင်တဲ့ ခေတ်သစ်ကြီးကိုရောက်လာပါပြီ။

မိုက်ခရို language ဖြစ်တဲ့ VBA ကိုမသုံးဘဲ ဂိမ်းတစ်ခုလုပ်လိုက်ပါတယ်။
ဂျပန်လူမျိုးတိုင်းသိကြတဲ့ DRAGON QUEST ဆိုတဲ့ဂိမ်း။ ထိုအထဲမှာ အကောင်းဆုံးလက်ရာအဖြစ်နာမည်ကြီးနေတဲ့ DRAGON QUEST3 ကို Excel နဲ့ တည်ဆောက်ထားတယ်။

ဒီဂိမ်းက လူကြိုက်အရမ်းများပြီး၊ ပထမဆုံးတစ်ခုက Famicom နဲ့ထွက်လာခဲ့ပေမဲ့၊ Super Famicom、PlayStation、Nintendo Switch、ဒါ့အပြင် စမတ်ဖုန်းသုံးအနေနဲ့တစ်ခုပြီးတစ်ခုထွက်လာခဲ့တယ်။
ဒါပေမဲ ဒီမှာ Excel နဲ့နှိုင်းယှဥ်လိုက်ရင်တော့ကွာခြားမှုတစ်ခုပဲရှိပါတယ်။
ဖွင့်လိုက်တာနဲ့ ဒီလိုဖန်သားပြင်ပေါ်လာပါတယ်။

https://gigazine.net/news/20201104-excel-dragon-quest-3-no-vba/

ဒါ Famicom ပဲ!!
ဒါပေမဲ့ ရယ်စရာကောင်းတာက အောက်မှာ Excel sheet ကြီးပါ။
လမ်းလျှောက်တဲ့အခါ effect တွေဝင်ထည့်ထားတယ်..


ရန်သူ

ဒီအထိကတော့ သာမန် DRAGON QUEST ပဲ…
ဒါပေမဲ့ Excel version နဲ့ဆိုရင်တော့ ဒီလိုအင်အားကောင်းတဲ့ရန်သူ ထွက်လာပါတယ်။

ဟုတ်တယ် Excel ရဲ့လက်ထောက်ဇာတ်ကောင်လင်းပိုင်
စိတ်တော့မရှိပါနဲ့ လူတော်တော်များများကတော့ ဒီလင်းပိုင်ကဘယ်လိုမှအသုံးမတည့်ဘူး၊ အလကားပဲလို့ပြောကြတယ်။


အခြားစာရွက်တစ်ခုကို ရွှေ့လိုက်ရင်တော့ ဒီလိုပုံစံပါ။

ဟုတ်ပါတယ်။ ကစားသမားတို့ရဲ့ ကာရိုက်တာဇာတ်ကောင်ရဲ့ အင်အားကို ပြောင်းလဲနိုင်ပါတယ်။
ဒါက Excel version မှာပဲရနိုင်တဲ့ အားသာချက်ပါ။

တကယ့် Video ကိုကြည့်လိုက်ပါ။ ဒါက မိုက်ခရို language ဖြစ်တဲ့ မည်သည့် VBA ကိုမှမသုံးဘဲ၊ Excel နဲ့ပဲတည်ဆောက်ထားတယ်ဆိုတာကို ယုံပါသလား?

နောက်ဆုံးမှာတော့ လင်းပိုင်ကိုတောင်မနိုင်တဲ့ ရယ်စရာဇာတ်သိမ်း !!!
ပုံမှန်အားဖြင့် ပရိုဂရမ်ရေးဆွဲဖို့ ပိုမိုလွယ်ကူပါတယ်။
အဲ့ဒါကို Excel နဲ့ဆွဲတယ်။ ထို့အပြင် VBA မပါဘဲလုပ်ကြည့်လိုက်တဲ့အခါ လုံးဝအပြောင်းအလဲကိုဖြစ်သွားပါတယ်။

ဘာကြောင့် Excel မှာပြောင်းလဲမှုတွေဖြစ်လာရသလဲ?
ဒါမှမဟုတ် Excel ကလူတွေကိုပြောင်းလဲလိုက်တာလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: