လူကိုပျင်းရိစေတဲ့ ဆောင်းရာသီသုံးပစ္စည်း?

ဂျပန်ရဲ့ဆောင်းရာသီဟာအေးပြီး၊ အပူပေးနိုင်တဲ့ပစ္စည်းတွေမရှိရင် နေထိုင်ဖို့တော်တော်ခက်ခဲပါတယ်။
ဂျပန်ရဲ့အပူပေးပစ္စည်းတွေက၊ အမေရိကန်နဲ့ဥရောပတို့လို့အနောက်နိုင်ငံတွေနဲ့နည်းနည်းတော့ကွဲပြားပါတယ်။ …
ထိုအထဲမှာ လူကိုဖျက်ဆီးနိုင်တဲ့ မထင်မှတ်ထားတဲ့အပူပေးပစ္စည်းရှိနေတယ်တဲ့..

သို့သော်အဲ့ဒီအကြောင်းမပြောခင်
ဘာကြောင့် ဂျပန်နဲ့အနောက်နိုင်ငံတွေမှာ အပူပေးတဲ့ပစ္စည်းနဲ့ပတ်သက်ပြီး ကွဲလွဲမှုရှိလဲဆိုတာ သိကြပါသလား?
ထိုအရာက အိမ်ရဲ့ဆောက်လုပ်မှုမှာမူတည်ပါတယ်။

အနောက်နိုင်ငံတွေကတော့ ကျောက်ကိုအခြေခံပြီးအိမ်ဆောက်တယ်။
ဂျပန်ကတော့ သစ်သားကိုသုံးပြီးဆောက်တာပိုများတယ်။ အရင်ကတည်းကအသုံးပြုလာခဲ့ကြပါတယ်။
ဂျပန့်အဟောင်းနွမ်းဆုံးသစ်သားအဆောက်အအုံဖြစ်တဲ့ 法隆寺(ほうりゅうじ)ဘုရားကျောင်းဟာ ဆောက်လုပ်စဥ်ကနေ နှစ်ပေါင်း ၁၃၀၀ ကျော်တိုင်ရှိနေပြီဖြစ်သော်လည်း ယခုချိန်ထိပြဿနာမရှိသေးပါဘူး.


https://joyyucco.com/formyself/houryuji/

စိုထိုင်းဆကိုထိန်းညှိထားခြင်းက ပျက်စီးလွယ်တဲ့သစ်သားကို ဒီလောက်ထိတာရှည်ခံစေခြင်းပဲဖြစ်ပါတယ်။
ပုံမှန်နေအိမ်လည်းအတူတူပါပဲ။ ကြမ်းခင်းအောက်မှာလေဝင်လေထွက်ရှိဖို့နေရာ သေသေချာချာပြုလုပ်ထားပြီး၊ Tatami ဖျာတို့ Shoji လို့ခေါ်တဲ့ ဂျပန်တံခါး၊ စတဲ့ပစ္စည်းတွေက အစိုဓါတ်ကိုစုပ်ယူကာ၊ ပြင်ပလေနဲ့ထိန်းညှိမှုကိုလုပ်ပေးပါတယ်။

ဆိုလိုတာက
ပြင်ပကနေအအေးဓါတ်အလွယ်တကူဝင်လာနိုင်တယ်လို့ ပြောတာဖြစ်ပါတယ်။
အနောက်နိုင်ငံတွေလို အိမ်အတွင်းဘက်ကို မီးဖိုနဲ့အနွေးဓါတ်ပေးလိုက်ရင်ရောမကောင်းဘူးလာ? ဆိုတဲ့အတွေးကကောင်းပါတယ်။ ဒါပေမဲ့ လိုက်လုပ်ဖို့ခက်နေတာလေးပါ။
ဒါကြောင့်တစ်စိတ်တစ်ပိုင်းတော့နွေးနိုင်ဖို့ လုပ်လာကြပါတယ်။

ဂျပန်မှာ အကောင်းဆုံးသောအပူပေးစက် အများအပြားရှိပေမဲ့၊ ထိုအထဲမှာ အဆင့်အမြင့်ဆုံးကတော့ ဒီမှာပါ။

「こたつで寝るのは絶対ダメ!」 最悪の場合、命を落とす危険性も

ဟုတ်ပါတယ်။ Kotatsu ဖြစ်ပါတယ်။
စားပွဲအောက်မှာအပူပေးစက် (လက်ရှိအချိန်မှာတော့ လျှပ်စစ်အဓိကသုံး) နဲ့အနွေးဓါတ်ပေးပြီး၊ ထိုအပူထွက်မသွားစေဖို့ စောင်ကိုအုပ်ထားတတ်ကြပါတယ်။
ဒီအနွေးဓါတ်ဟာ တကယ်ကိုပျော်ရွှင်စေတယ်။ နောက်ပြီး

https://marusan-mengyo.com/blog/2017/11/20/20171120/

လူရော၊ ခွေးလေးတွေရော၊ ကြောင်လေးတွေရော ဒီအတိုင်းပါ။
မရွေ့နိုင်တော့ဘဲ ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်သွားတတ်ကြတယ်။

မရွေ့ချင်တော့ဘူး၊ toilet လည်းမသွားချင်တော့ဘူး။ toilet ဒီကိုလာပေးရင်ကောင်းမှာပဲလို့ဆိုတာတွေ၊ လူပျင်းကြီးဆိုတဲ့စကားလုံးမထင်မှတ်ဘဲ အပြောခံရနိုင်တဲ့ အန္တရာယ်ရှိအပူပေးပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

ဒီလိုထိုင်ရတာဘယ်လောက်တောင်ဇိမ်ရှိသလဲ မသိသူတွေအဖို့ ဆောင်းရာသီရောက်ရင် သေချာပေါက်ဂျပန်လာပြီးထိုင်ကြည့်စေချင်တယ်။
ဒီလိုအပူပေးတဲ့ပစ္စည်းက ၂၀၂၀ ခုနှစ်မှာတော့ ပုံစံအသစ်ပြောင်းလဲလာခဲ့ပါတယ်။
အဲ့ဒါကတော့ ဒီမှာပါ။

https://www.nissen.co.jp/item/VQW0120E0012

ဝတ်ရုံလိုခြုံဝတ်ရတဲ့ Kotatsu
အရင် Kotatsu ပုံစံကတော့ ခြေထောက်လောက်သာနွေးပြီး ကျောဘက်မှာအေးစိမ့်နိုင်ပေမဲ့ ပြောင်းလဲလာတဲ့ပုံစံအသစ်ကတော့ ခန္ဓာကိုယ်တစ်ခုလုံးကိုအပြည့်အဝ လုံခြုံနွေးထွေးမှုပေးပါတယ်။

စားပွဲဖယ်လိုက်ရင်တော့ ဒီလိုပုံစံဖြစ်သွားပါတယ်။


အဲ? toilet သွားချင်တယ်?
ဒါဆိုရင် Kotatsu ကိုဝတ်ထားရက်သား သွားလို့ရရင်ကောင်းမယ်နော်..


Star Wars ထဲက Jedi Knight လိုပုံစံဖြစ်နေပေမဲ့ toilet ထဲမှာတောင်အနွေးဓါတ်ရနိုင်ပါတယ်။
ဒါပေမဲ့ ဒါကိုဝတ်ပြီးtoilet သွားမယ်ဆိုရင် နည်းနည်းတော့စိတ်ရှုပ်ဖို့ကောင်းမှာပါ။

တကယ်ကဒါကို တိတိကျကျပြောရရင် Kotatsu လို့မပြောဘဲ ဝတ်လို့ရတဲ့ Kotatsu futon လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။
ဒီဝတ်ရုံရဲ့ ပိတ်သားထဲကို လျှပ်စစ်သုံး Kotatsu ထည့်သုံးမယ်ဆိုရင် သူ့အလိုလိုနွေးလာမှာဖြစ်ပါတယ်။

ဒါကြောင့် စားပွဲကိုဖယ်လိုက်လို့အပူပျောက်သွားပေမဲ့၊ အနွေးဓါတ်ကထိုအတိုင်းကျန်နေဆဲအချိန်မှာ သင်ပျော်ရွှင်နိုင်ပါတယ်။

စကားမစပ် Kotatsu ဟာ လူတွေကိုအနွေးဓါတ်ပေးပြီးပျော်ရွှင်စေပေမဲ့၊ သူရဲ့အားနည်းချက်က အသားအရေကိုချောက်သွားစေပါတယ်။ ဒါကြောင့် Kotatsu နဲ့အတူ လိမ္မော်သီးစားပေးခြင်းက အလိုက်ဖက်ဆုံးပါပဲ။

http://oyaideshop.blogspot.com/2015/11/blog-post_16.html

အနောက်နိုင်ငံရဲ့အိမ်တွေမှာတော့ မီးဖိုတွေနဲ့နွေးအောင်လုပ်နိုင်ကြပေမဲ့၊ သစ်သားအိမ်တွေဖြစ်တဲ့ဂျပန်မှာတော့ ဒါဟာခက်ခဲပါတယ်။
ဒီနောက်ပိုင်း အအေးဓါတ်ဝင်နိုင်တဲ့အိမ်တွေကို လူတွေသိပ်သဘောမကျတော့ဘဲ၊ လေလုံတဲ့အိမ်တွေပိုပြီးသဘောကျလာကြတယ်။ ဒါပေမဲ့ သစ်သားနဲ့ဆောက်ထားတဲ့အိမ်တော်တော်များများ အိမ်ရဲ့အုတ်မြစ်ဟာ နှစ် ၂၀ အတွင်းမှာပဲပြိုကျတတ်ကြတယ်လို့ သိရပါတယ်။

ကျွန်တော်တို့အိမ်ကတော့ နှစ် ၃၀ သက်တမ်းရှိတဲ့သစ်သားအိမ်ဖြစ်ပေမဲ့၊ ပြဿနာလုံးဝမရှိသေးပါဘူး။
ဒါပေမဲ့ တော်တော်တော့အေးတယ်။
ဒါကြောင့် Kotatsu မှာခြေထောက်အုပ်ပြီး အေးအေးဆေးဆေးအနွေးဓါတ်ယူကြတယ်။
လူပျင်းကြီးများထုတ်တဲ့စက်လို့တောင် ပြောလို့ရတဲ့ ဒီ Kotatsu ကပေးတဲ့ပျော်ရွှင်မှုဟာ မူးယစ်ဆေးစွဲနေသလိုမျိုး မသုံးရမနေနိုင်ပုံမှန်သုံးဖြစ်လာပါတယ်။

ဒီပျော်ရွှင်မှုကိုသင်လည်းသိချင်တယ်ဆိုရင်တော့ ဂျပန်ရဲ့ဆောင်းရာသီရောက်တဲ့အခါ သေချာပေါက်လာခဲ့ပါ။ နောက်ပြီး အိမ်အိုအိမ်ဟောင်းလေးမှာ တစ်ခါလောက်တည်းဖူးလေ့ရှိသွားအောင် တည်းခိုကြည့်လိုက်ပါ…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: