နေအိမ်တစ်ခုအတွင်း ခွေးအကောင်ပေါင်း ၁၆၄ ကောင်မွေးထားကြောင်း ဂျပန်ကျန်းမာရေးအရာရှိများတွေ့ရှိခဲ့ (Shimane စီရင်စု)

ဂျပန်ကျန်းမာရေးအရာရှိများက နေအိမ်တစ်ခုအတွင်း ခွေးအကောင်ပေါင်း ၁၆၄ ကောင်မွေးထားတာကိုတွေ့ရှိခဲ့ပါတယ်။
မွေးထားသောနေအိမ်မှာ ကျဥ်းမြောင်းပြီး ခွေးများဟာလည်း အစာရေစာဝဝလင်လင်စားရပုံမပေါ်တဲ့အပြင် အားလုံးပိန်ချုံးနေတာကိုတွေ့ရပါတယ်။
ဒါဟာ တိရစ္ဆာန်အခွင့်အရေးကိုချိုးဖောက်တဲ့ အဆိုးဆုံးလုပ်ရပ်ပဲလို့ ကျန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့ကမှတ်ချက်ချခဲ့ကြပါတယ်။

https://www.japantimes.co.jp/news/2020/11/04/national/164-dogs-japan/

ကပ်ပါးပိုးကောင်တွေအစုလိုက်အပြုံလိုက်ကူးစက်နေတဲ့ တိရစ္ဆာန်တွေကို Shimane စီရင်စု Izumo မြို့ရဲ့ ၃၀ စကွဲမီတာသာကျယ်ဝန်းတဲ့ အိမ်ထဲမှာတွေ့လိုက်ရပြီး၊ အောက်တိုဘာလ လယ်လောက်မှာ အိမ်နီးချင်းများရဲ့ တိုင်းတန်းမှုကြောင့်သိရတယ်လို့ တိရစ္ဆာန်အခွင့်အရေးအဖွဲ့၏ဦးဆောင်သူဖြစ်တဲ့ မစ္စတာ Kunihisa Sagami ရဲ့ပြောချက်အရသိရပါတယ်။

 

https://www.japantimes.co.jp/news/2020/11/04/national/164-dogs-japan/

 

https://www.japantimes.co.jp/news/2020/11/04/national/164-dogs-japan/

 

၎င်းနေအိမ်အတွင်းခွေးများဟာ တစ်ချို့စင်ပေါ်၊ တစ်ချို့စာပွဲကုလားထိုင်အောက် စတဲ့နေရာတွေမှာ နေရာလွတ်မရှိတဲ့အထိပူးကပ်စွာနေကြရပါတယ်။
“ အိမ်ထဲတွင်ခွေးများနဲ့ပြည့်နေပြီး ကြမ်းပြင်တစ်ခုလုံးကလည်း ၎င်းတို့မစင်များနဲ့ဖုံးနေတယ်” လို့ မစ္စတာ Sagami ကပြောပါတယ်။
ပြည်သူ့ကျန်းမာရေးအရာရှိများဟာ လွန်ခဲ့တဲ့ ၇ နှစ်ကပင် အသံဆူညံမှု၊ အနံ့အသက်ဆိုးဝါးမှုတွေကြောင့်အိမ်နီးချင်းများရဲ့တိုင်ကြားမှုကိုရရှိပြီး ပထမဆုံးအကြိမ်အဖြစ်၎င်းနေအိမ်သို့သွားခဲ့ပေမဲ့၊ ထိုအချိန်ကပိုင်ရှင်ဟာ တရားဝင်စစ်ဆေးခွင့်ကိုငြင်းပယ်ခဲ့ပါတယ်။

 

ထိုနေအိမ်မှာ လူ ၃ ဦးနေထိုင်ပြီး၊ “ သူတို့ဟာ ခွေးများကိုသင်းကွပ်ပေးဖို့မတတ်နိုင်ခဲ့ဘူး၊ ဒါကြောင့်ဆက်လက်မွေးခဲ့တယ်” လို့ပြောပါတယ်။
မစ္စတာ Sagami ပြောပြချက်အရတော့ ထိုမိသားစုဟာ ခွေးတွေကိုလက်လျှော့ဖို့ သဘောတူလိုက်ပြီး၊ ၎င်းတို့ဆေးဝါးကုသမှုရရှိပြီးတဲ့အခါ ၎င်းတို့အားထိန်းသိမ်းစောင့်ရှောက်ပေးမယ့်နေအိမ်များကိုလည်း ရှာဖွေနေတယ်လို့ သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: