2020, Halloween ညပုံရိပ်များနှင့် လူငယ်တို့ရဲ့ Covid အပေါ်သဘောထား

နှစ်စဥ် Halloween ညကိုရောက်ပြီဆိုရင် တိုကျိုမှာရှိတဲ့ Shibuya ရပ်ကွက်ကတော့နာမည်ကြီးပါပဲ။ ဘာကြောင့်လဲဆိုရင် ပုံမှန်လှုပ်ရှားသွားလာနေတဲ့မြို့ကနေ တစ်ခါမှမမြင်တွေ့ဖူးတဲ့ လူအုပ်ကြီးနဲ့ထူးဆန်းတဲ့သူတို့ရဲ့ သရဲဝတ်စုံဒီဇိုင်းတွေနဲ့ပျော်ရွှင်ကြပုံတို့ကြောင့် အားလုံးအတွက်ဆွဲ‌ဆောင်မှုတစ်ခုအဖြစ် နာမည်ကြီးပါတယ်။
ဒီနှစ်ကတော့ စိတ်မကောင်းစွာပဲ ယခင်နှစ်တွေနဲ့ယှဥ်ရင် သိသိသာသာငြိမ်သက်နေပေမဲ့၊ ဒီကာလကိုရိုနာဗိုင်းရပ်စ်အစုလိုက်အပြုံလိုက်ကူးစက်နေရင်းနဲ့ကိုပဲ ကျန်ခဲ့တဲ့စနေနေ့ညမှာတော့ မြို့ရဲ့နာမည်ကြီးလမ်းတွေမှာ ဒီလိုလူအုပ်ကြီးကိုတွေ့လိုက်ရပါတယ်။

https://www.japantimes.co.jp/halloween-shibuya-2020/

ဒီကာလတတ်နိုင်ရင်အိမ်မှာပဲနေကြဖို့ ပြောထားသလို၊ ဂိမ်းအပါအဝင် online events တွေလောက်ပဲကျင်းပဖို့ Shibuya ရပ်ကွက်ကပူးပေါင်းထားပေမဲ့၊ တကယ်တမ်းစနေနေ့မှာတော့ ဒီလိုလူအုပ်ကြီးကိုတွေ့လိုက်ရပါတယ်။
COVID-19 ကာလအတွင်းမှာ ဒီလူအုပ်ကြီးကတော့ ဗိုင်းရပ်စ်ပြန့်ဖို့အကူအညီပေးနေသလိုပါပဲနော်။
Shibuya ရဲ့မြို့တော်ဝန် Ken Hasebe ကတော့ “ Shibuya အတွက်ကူးစက်မှုအနည်းဆုံးပဲဖြစ်စေချင်ပါတယ်” လို့ပြောထားပါတယ်။ လူစုလူဝေးတွေမှလည်း ရှောင်ကြဥ်ပြီး အတတ်နိုင်ဆုံးမိမိကိုယ်ကိုကူးစက်မှုမှ ကာကွယ်ကြဖို့ သတိတွေပေးထားပေမဲ့၊ ဒါတွေဟာ လူအုပ်ကြီးရဲ့ ခံယူချက်ကိုတော့ မကန့်သတ်နိုင်ခဲ့ပါဘူး။

‌ဒေသတွင်းမီဒီယာတို့ရဲ့တင်ပြမှုကြောင့် ဒီလိုလူအုပ်ကြီးက Shibuya အပြင်၊ Osaka, Fukuoka နဲ့ နိုင်ငံတစ်ဝှမ်းအခြားနေရာတွေမှာလည်း စုဝေးနေကြောင်းသိရပါတယ်။
ကိုဗစ်ကာလအတွင်း မွန်းကြပ်နေတဲ့စိတ်တွေကို Halloween ညမှာဖွင့်ချလိုက်တဲ့ သူတို့ရဲ့ပျော်ရွှင်နေကြပုံလေးတွေကတော့….

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: