痛車(Itasha)ဆိုတဲ့ Trend အသစ် ?
ဂျပန်ရဲ့ စီးပွားရေးပြန်တက်လာတဲ့ ၁၉၈၀ ခုနှစ်၊ ၁၉၉၀ ခုနှစ်လောက်မှာ အဆင့်အမြင့်ဆုံး နိုင်ငံခြားစားသောက်ဆိုင်တွေနာမည်ကြီးလာခဲ့ပါတယ်။
အဲ့ဒီအထဲမှာ ဈေးလည်းအရမ်းမကြီးဘဲ သွားရောက်စားသောက်နိုင်တဲ့ဆိုင်အဖြစ် အီတလီစားသောက်ဆိုင်ကနာမည်ရလာတာကြောင့် itameshi ဆိုတဲ့စကားလုံးကလည်း စတင်လာခဲ့တယ်။
itameshi ဆိုတာ အီတလီ meshi(ထမင်း) ရဲ့အတိုကောက်ပါ။
ဒီတစ်ကြိမ် မိတ်ဆက်ပေးမှာကတော့ အသံထွက်တော်တော်လေးတူတဲ့ 痛車 (Itasha)ပဲဖြစ်ပါတယ်။
အခုပြောမှာက အီတလီရဲ့ Ferrari ကိုရည်ညွှန်းခြင်းမဟုတ်ဘဲ၊ ဒီလိုကားအကြောင်းကိုပြောမှာပါ။
https://kuruma-news.jp/post/172102
ဒီကောင်မလေးကို တော်တော်များများသိကြမယ်လို့ထင်ပါတယ်။
အဲ့ဒီလို မိမိအရမ်းကြိုက်တဲ့ anime ဇာတ်ကောင်ကို ကားစတေကာအဖြစ်ကပ်တာကို 痛車 (Itasha)လို့ခေါ်ပါတယ်။
အကြောင်းကတော့ ကြည့်လိုက်တာနဲ့ “ အား.ဒီကောင်ရူးသွားတာလား. သနားစရာပဲ” လို့ဘေးလူတွေက ကားကိုနှမြောတသဖြစ်လို့ ပြောလိုက်ခြင်းဖြစ်ပါတယ်။
ဒါပေမဲ့ လူငယ်တွေကသူတို့အရမ်းကြိုက်တဲ့ ဇာတ်ကောင်တွေဖြစ်တာကြောင့်လည်း သူတို့ကိုယ်တိုင်အရမ်းဂုဏ်ယူရတဲ့ကားမှာကပ်ချင်ကြတယ်။
ဒီလိုအကောင်းစားကားမှာ သုံးပြီးသားစတေကာတွေတော့ကပ်မှာမဟုတ်ပါဘူး။
ဒါပေမဲ့ နှမြောစရာတော့ကောင်းတယ်နော်
နောက်ပြီးဒီလို ဇိမ်ခံကားတွေမှာလည်း…
Ferrari ဗားရှင်းနဲ့ 痛車 (Itasha)
https://insurance.rakuten.co.jp/inlife/fun/itasha-20171027/
https://www.barks.jp/news/?id=1000044683
https://www.joetsutj.com/articles/52077581
အီတလီ 痛車 (Itasha) ကို၊ (အီတအီတရှ)လို့ခေါ်လိုက်ရင်ကောင်းမလား?
Ferrari စီးသူတွေကို မိန်းကလေးတွေကလည်း သဘောကျပေမဲ့၊ ဒီလို Ferrari ဆိုရင်ရော သူတို့စီးချင်မလား?
ဒီလိုကားစီးနိုင်ပြီဆိုမှတော့ ပိုက်ဆံချမ်းသာသူဆိုတာမလွှဲဧကန်ပါပဲ။ ဒါပေမဲ့ စာဖတ်သူတို့ရော ဒီလိုပုံစံစီးချင်ပါသလား?
တစ်ခုကောင်းတာကတော့ ကားပါကင်မှာ မိမိကားကိုအလွယ်တကူရှာနိုင်သွားတာပါ။ ဒါပေမဲ့ ကျွန်တော်အတွက်တော့ အခြားကောင်းတဲ့အချက်တွေကိုရှာမတွေ့သေးပါဘူး။
ကိုယ်အရမ်းကြိုက်တဲ့ ဇာတ်ကောင်နဲ့အတူအပြင်ထွက်နိုင်တာကတော့ ပျော်စရာတစ်ခုပဲနော် ?
ဒါကတော့ နောက်ထပ်ဆိုင်ကယ်ဗားရှင်းပါ။
https://www.goobike.com/learn/bike_issue/toku251/03.html
https://www.goobike.com/learn/bike_issue/toku251/03.html
ဝါး..
ကားထပ်တောင်ပိုပြီး ရှင်းနေတယ်နော် ?
ဆိုင်ကယ်တွေမှာလည်း Luxury class တွေကိုသုံးပါတယ်။
ဒီ (Itasha) trend က တစ်ဖြည်းဖြည်းနိုင်ငံခြားတွေမှာလည်းအစပြုလာခဲ့ပါတယ်။
စာဖတ်သူတို့ကလည်း anime ရူးသွပ်သူတစ်ယောက်ဆိုရင်တော့ … လုပ်မကြည့်ချင်ဘူးလား?
Kengo Abe