တိုကျို Disneyland နဲ့ တိုကျို DisneySea အတွက် ရက်ကန့်သတ်ခြင်းမရှိတဲ့ လက်မှတ်တွေကိုမဲဖောက်ပေးတော့မည်

တိုကျို Disneyland နဲ့ တိုကျို DisneySea ကတော့ ၇ လပိုင်းကနေ ပြန်လည် လည်ပတ်နေခဲ့ပါတယ်။
ဒါပေမဲ့ပန်းခြံလာတဲ့လူတွေကိုအရေအတွက် ကန့်သတ်ထားတာကြောင့်၊ အရင်ဆုံးတရားဝင် website ကနေ ရက်အတိအကျသတ်မှတ်ထားတဲ့လက်မှတ်တွေကိုမဝယ်ထားရင်တော့ လည်ပတ်ခွင့်မရှိခဲ့ပါဘူး။
စီမံခန့်ခွဲနေတဲ့ Oriental Land Co., Ltd. က ယခု ဒီဇင်ဘာလနောက်ပိုင်းကနေစပြီး ရက်ကန့်သတ်ထားခြင်းမရှိတဲ့လက်မှတ်နဲ့ပတ်သက်ပြီး မဲနှိုက်လို့ပေါက်သွားမယ်ဆိုရင်း လာရောက်လည်ပတ်နိုင်ပြီလို့ ကြေငြာလိုက်ပါတယ်။

“ ပန်းခြံလည်ပတ်သူတွေသိပ်ပြီးတိုးမလာသေးတဲ့အထဲမှာ လက်မှတ်ရှိထားရက်နဲ့ဝင်ခွင့်မရတဲ့လူတွေကိုလည်း လာရောက်လည်ပတ်ခွင့်ရစေချင်တယ်” လို့ပြောပါတယ်။
၁၂ လပိုင်းအတွက်ကံစမ်းမဲကတော့ လာမယ့်လ ၂ ရက်နေ့ကနေစပြီး လျှောက်နိုင်ပါပြီး။..
ကဲ ဘယ်သူတွေကံစမ်းမဲနှိုက်ကြမလဲ ?
source:ANN

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: