ဘယ်သူမှမဆင်းကြတဲ့ ထူးဆန်းဖွယ် ရထား platform တစ်ခု !

ဂျပန်ဟာ ရထားလမ်းစနစ်မှာ အထူးကောင်းမွန်တဲ့နိုင်ငံဖြစ်ပါတယ်။
ထိုအထဲမှာ လူတွေအများဆုံးအသုံးပြုကြတာကတော့ 山手線(やまのてせん)Yamanote လိုင်းပဲဖြစ်ပါတယ်။
တိုကျိုရဲ့ အရေးကြီးတဲ့ဧရိယာတစ်ခွင် လှည့်ပတ်သွားနေပေမဲ့၊ နံနက် ၈ နာရီအစီးအရေအတွက်ကပိုများတာကြောင့်၊ ၂ မိနစ်၊ ၃ မိနစ်တိုင်းမှာ အတွင်းနဲ့အပြင်ရထားများလာပါတယ်။


https://trafficnews.jp/post/79289

ဝင်လာတဲ့ရထား၊ ပြန်ထွက်တဲ့ရထားတို့ရဲ့ဦးတည်ရာက ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် စက်ဝိုင်း ၂ ခုပ်ထပ်နေတဲ့မျဥ်းလိုပါပဲ။ ဒါပေမဲ့ စက်ဝိုင်းတစ်ခုတည်းရဲ့အပေါ်ကို အများဆုံး ၂၄ စီး(စက်ဝိုင်း ၂ ခု ၄၈ စီး) ဟာတစ်ချိန်တည်းမှာပဲ ပြေးနေကြပါတယ်။
ဒါကိုတောင် လူတွေပြည့်ကျပ်နေမှုကမသက်မသာဖြစ်ရလောက်တဲ့အထိ လူတွေပြည့်လျှံတဲ့ရထားပါ။

အဲ့ဒီ Yamanote လိုင်းရဲ့ဘူတာ ၁ ခုဖြစ်တဲ့ 原宿駅 Harajuku ဘူတာမှာတော့ ထူးဆန်းတဲ့platform တစ်ခုရှိတယ်။

https://news.livedoor.com/article/detail/16506797/

အဲ့ဒါကတော့ ဒီမှာပါ။
ညာဘက်က ပုံမှန်Yamanote လိုင်းရဲ့ platform ဖြစ်ပြီး ဘယ်ဘက်ကတော့ ထူးဆန်းနေတဲ့ platform ပါ။

http://uhphantom.blog104.fc2.com/blog-entry-21.html

ကောင်းကောင်းမွန်မွန်လုပ်ထားတဲ့ ဘူတာရုံအဆောက်အအုံလည်းရှိတယ်။

https://news.mynavi.jp/article/trivia-20/

ရထား platform တွေကိုပြန်ပြီးပြင်ဆင်ထားတာကြောင့် ဒီဟာကသုံးခဲ့ပြီးသား platform အဟောင်းလည်းမဟုတ်ပြန်ပါဘူး။
ဒါပေမဲ့ ဘယ်သူမှလည်းမဆင်းတဲ့နေရာဖြစ်နေတယ်။ ဒီ platform ပါပဲ။

အကြောင်းကတော့ လူတစ်ယောက်အတွက် အထူးလုပ်ခဲ့တဲ့ platform ပါ…
ဘာကြောင့်လဲဆိုတော့ ဧကရာဇ်အသုံးပြုတဲ့ platform ဖြစ်နေလို့ပါပဲ။
ဘူတာရုံဆီသို့သွားတဲ့ သံလမ်းကလည်း အကြီးဆုံးနတ်ကွန်းဖြစ်တဲ့ Meiji Jingu နဲ့ဆက်စပ်နေတဲ့ အဆောက်အအုံ
ဒီအတွက်သုံးတဲ့ရထားကတော့ အခုထိကို တောက်ပြောင်နေတုန်းပါ…
သူ့ရဲ့ခမ်းနားလွန်းတဲ့ပုံစံကြောင့် お召し列車(おめしれっしゃ) ဆိုတဲ့နာမည်နဲ့ လူသိများပါတယ်။

https://trafficnews.jp/post/85720

သြဇာလွှမ်းတဲ့အရောင်ကိုသုံးထားတဲ့အထဲမှာ ရွေကိုဇိမ်ခံအဖြစ် ဖော်ပြထားတယ်။
နောက်ပြီး ရထားခေါင်းတွဲရဲ့ရှေ့ဆုံးမှာ ဂျပန်ရဲ့အလံနဲ့ ဧကရာဇ်ရဲ့အမှတ်အသားပါတဲ့ 家紋
အတွင်းပိုင်းကိုတော့ တရားဝင်မဖော်ပြထားပေမဲ့၊ ရထားပြတင်းပေါက်အပြင်ကနေကြည့်ရုံနဲ့ အထဲကဘယ်လောက်တောင် ဇိမ်ရှိဖွယ်ကောင်းမလဲဆိုတာကို သိနိုင်ပါတယ်။
သေချာတာက ရထားရဲ့ခရီးစဥ်ကိုလည်း ဘယ်သူ့ကိုမှအသိမပေးပါဘူး။
ဒါပေမဲ့ ဒီလောက်ထင်ရှားနေတဲ့ရထားကို ပြေးဆွဲမယ်ဆို လူအများကလည်းသတိထားမိကြမှာပါ။

ရထားသွားတာကိုမြင်ရသူတွေကတော့ ကံကောင်းသူတွေလို့ပြောရပါမယ်။
ဒီ お召し列車(おめしれっしゃ) အိုမဲရှိယဲရှ ရဲ့နှစ် ၁၀၀ အထက်သမိုင်းမှာတော့ ဒီလိုရေနွေးငွေ့စက်ခေါင်းလည်း ပါဝင်ခဲ့ပါတယ်။

https://www.pinterest.ru/pin/757027018583277110/

ဒီဘက်အချိန်နဲ့ဆို ဒါကတော်တော်လေးမိုက်မှာပဲနော်…
မြင်ဖူးချင်မိတယ်။
ဒီလို ဧကရာဇ်တို့အသုံးအဆောင် စီးစရာများက ရထားနဲ့ကားအပြင်မရှိပါဘူး။
ဒီဘက်ခေတ်မှာ လေယာဥ်တွေတောင်ရှိနေတာဖြစ်နိုင်ပါ့မလား? လို့တွေးမိမယ်နော် … တကယ်ကိုမရှိပါဘူးတဲ့။

စကားမစပ် တော်ဝင်မိသားစုရှိတဲ့အင်္ဂလန်မှာလည်း ဂျပန်လိုပဲ お召し列車(おめしれっしゃ) အိုမဲရှိယဲရှ ရှိပါတယ်။ ဒီမှာပါ။


https://toyokeizai.net/articles/-/176682?page=2

အတူတူလိုပဲ အရောင်ခပ်မိုက်မိုက်လို့ပြောရမလား သြဇာရှိတဲ့အရောင်လို့ပြောရမလား?
နောက်တစ်ခုက ဒီရထားဟာ ဂျပန်ကုမ္ပဏီ Hitachi ကထုတ်ထားတဲ့ရထားလည်းဖြစ်ပါတယ်။
နိုင်ငံရဲ့ အလေးမြတ်ထားဆုံးသောပုဂ္ဂိုလ်ကို စီးစေမယ့်ရထားအဖြစ် ဂျပန်ထုတ်ရထားဟာရွေးချယ်ခံရပါတယ်။
ဒါဟာ ဂျပန်ရဲ့ ရထားနဲ့ပတ်သက်တဲ့နည်းပညာက တော်တော်လေးမြင့်တာကို အသိအမှတ်ပြုခံရခြင်းပဲဖြစ်ပါတယ်။

သို့သော် စစ်တပ်အဖြစ်လိုက်ပါလာမယ့်လူတွေကလည်းများတာကြောင့် ဇိမ်ခံအဖြစ်ပြင်ဆင်လွန်းခြင်းက ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီအတွက်နဲ့ပဲလက်တလောမှာတော့ お召し列車(おめしれっしゃ) အသုံးပြုမှုနည်းပါးလာပါတယ်။
ရွေ့လျားတဲ့အချိန်မှာလည်း ကျည်ဆန်ရထားထဲမှာ လိုက်ပါစီးနှင်းခြင်းခံရတာလည်း များလာတယ်။

ဒီအပြင်ကုန်ကျစရိတ်ကြောင့် ငြင်းပယ်ခံရတာတွေလည်းများလာပါတယ်။ သို့သော်တိုင်းပြည်ကိုကိုယ်စားပြုနေတဲ့ပုဂ္ဂိုလ်တွေဖြစ်တာကြောင့်၊ ဘာလိုပဲဖြစ်ဖြစ် ဒီလိုအခွင့်ထူးကိုပေးချင်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီお召し列車(おめしれっしゃ)ကိုမျက်စိနဲ့ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ချင်တာကြောင့် များများပိုပြီးအသုံးပြုစေချင်မိပါတယ်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: