Aomori ခရိုင်မှာရှိတဲ့ Hirosaki apple park

ဒီပုံကတော့ ၂၀၂၀ အောက်တိုဘာ ၂၃ ရက်နေ့က ဂျပန်နိုင်ငံရဲ့ Hirosaki ဆိုတဲ့မြို့မှာရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။ ဒီဓါတ်ပုံထဲက ပန်းသီးတွေမှာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် Yoshihide Suga နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ရဲ့ပုံနဲ့အတူ အခြားသောပုံတွေဆွဲထားတာကိုလည်းတွေ့ရပါတယ်။ အချို့ပန်းသီးတွေကိုတော့ တိုကျိုမှာရှိတဲ့ ဝန်ကြီးချုပ်ဌာနနဲ့ ပြင်သစ်နိုင်ငံရှိ သမ္မတရုံးကို လက်ဆောင်အဖြစ်ပေးပို့မယ်လို့သိရပါတယ်။

https://img.kyodonews.net/english/public/images/posts/cb69fadb926983aa177aabbd4691e0fb/photo_l.jpg

ဒီအထဲမှာနောက်ထပ်လေ့လာစရာတစ်ခုကတော့ ဒီပန်းသီးတွေထွက်တဲ့နေရာပါ…
Hirosaki မြို့ဆိုတာ ဂျပန်နိုင်ငံရဲ့ မြောက်ဘက်အစွန်းဆုံးဖြစ်တဲ့ ဟိုကိုင်းဒိုးခရိုင်ဘက်မဟုတ်ဘဲ၊ ဒုတိယမြောက်အစွန်းလို့ခေါ်ရမယ့် Aomori ခရိုင်မှာရှိတဲ့ မြို့ဖြစ်ပါတယ်။
ထူးဆန်းတာက အဲ့ဒီမြို့မှာ Hirosaki apple park ဆိုတာတောင်ရှိပါတယ်။ ပန်းသီးထွက်တဲ့နေရာပေါ့ …

https://d3hg7snzn13jf0.cloudfront.net/files/kanko/2046/2046–80f4de078298e3a6b40ebad09ecd42d9.jpg

https://cdn.tohokuandtokyo.org/front_assets/images_other/spot/middle/ao-m07-03.jpg

အဲ့ဒီ park ထဲမှာလည်း ပန်းသီးပင်ပေါင်း ၁၃၀၀ ကျော်ရှိပြီး အမျိုးပေါင်း ၆၅ မျိုးရှိပါတယ်။
အဲ့ဒီကိုသွားလည်ပတ်မယ်ဆိုရင်တော့ ပန်းသီးတွေခူလို့ရတယ်။ ဒါပေမဲ့ အခကြေးငွေတော့ရှိတယ်။
သူက ပန်းသီး ၁ ကီလိုကိုယန်း ၂၀၀ လို့သတ်မှတ်ထားပါတယ်။
ဖွင့်တဲ့အချိန်ကတော့ ၉း၀၀-၁၇း၀၀ အထိပါ။ Wifi လည်းရတယ်လိုပြောပါတယ်။
ဒါဆို အခွင့်အခါကြုံရင် သွားလည်ကြည့်ပါ။

 

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: