ဂျပန်နိုင်ငံသို့ ခရီးသွားမလည်သင့်ဆုံးအချိန် !!!

နှစ်သစ်ကူးရုံးပိတ်ရက် (ဇန်နဝါရီ ၁-၃)

https://imgcp.aacdn.jp/img-a/1200/auto/global-aaj-front/article/2018/11/5bed09262138f_5bed0797b272d_50408400.jpg

ဘာကြောင့်လဲ?
ဂျပန်နိုင်ငံမှာ ခရစ္စမတ်ပွဲကိုကျင်းပသော်လည်း အချို့ကတော့ ကွဲပြားခြားနားစွာကျင်းပကြပါတယ်။ ဂျပန်နိုင်ငံကြီးမားတဲ့အားလပ်ရက်ကတော့ နှစ်သစ်ကူးပွဲတော်ဖြစ်ပါတယ်။ ဇန်နဝါရီ ၁မှ စ၍ ၃ ရက်နေ့အထိ အစိုးရရုံးများ၊ ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများနှင့်စားသောက်ဆိုင်များသည်အားလပ်ရက်ကာလကိုကြိုဆိုရန် နှစ်သစ်ကူး (New Year) အနေနဲ့ ပိတ်ကြပါတယ်။
အကယ်၍ ဤကာလအတွင်းမှာ သင်ဟာ အကြောင်းကြောင်းကြောင့် ဂျပန်နိုင်ငံသို့ရောက်ရှိနေတယ်ဆိုရင် နှစ်သစ်အနေနဲ့ လာရောက်လည်ပတ်တဲ့သူများတဲ့ ရှင်တိုဘုန်းကြီးကျောင်းများ၊ အထူးသဖြင့်ကျော်ကြားသောဘုရားကျောင်းများကို သွားရောက်လည်ပတ်ဖို့ရှောင်ရှားခြင်းက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
ဒေသခံသယ်ယူပို့ဆောင်ရေးလုပ်တဲ့သူတွေကလည်း သူတို့ရဲ့မိသားစုနှင့်အတူ ဘုရားကျောင်းသွားရောက်ကြပြီး တဲ့နောက်အတူတူအချိန်ကုန်ဆုံးလေ့ရှိကြတဲ့အတွက် Local transport တွေပြေးဆွဲတဲ့ အချိန်ဇယားကလည်း လျော့ကျ(မရနိုင်) တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။အကယ်၍ သင်က နှစ်သစ်ကူးကာလအတွင်းမှာပဲ သွားရောက်လည်ပတ်လိုပါက ကားငှားရမ်းပြီး လည်ပတ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အများသုံးသယ်ယူပို့ဆောင်ရေးရဲ့ အခက်အခဲများကို ရှောင်ရှားနိုင်ပြီး ပုံမှန်မဟုတ်သောနေရာတစ်ခုသို့ သွားရောက်လည်ပတ်ရန် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ပိတ်ရက်သုံးရက်အတွင်း ဘဏ်များပိတ်ထားတဲ့အတွက် သင့်ရဲ့ ကားငှားရမ်းမှုကို ဇန်နဝါရီလ ၁ ရက်နေ့မတိုင်မီ ငှားရမ်းနိုင်ရန် လိုအပ်ပါတယ်။

 

Golden Week (ဧပြီ ၂၉ရက် မှ မေ ၆ ရက်)

https://imgcp.aacdn.jp/img-a/1200/auto/global-aaj-front/article/2018/11/5bed1243b832a_5bed0a15997d2_1021565386.jpg

ဘာကြောင့်လဲ?
Golden Week လို့ခေါ်တဲ့ ရွှေရောင်ရက်သတ္တပတ်ဆိုတာက ခုနစ်ရက်ပတ်လုံးပျံ့နှံ့လျက်ရှိသော အမျိုးသားအားလပ်ရက်လေးမျိုးကို စုစည်းထားခြင်းဖြစ်ပါတယ်။
လူအများစုအနေဖြင့် အားလပ်ရက်တစ်ရက်စီတွင်အကြား၌ရှိသောနေ့ရက်များကို လစာမဲ့ခွင့်ယူသည့်အချိန်အဖြစ် ခွင့်ယူလေ့ရှိပြီး တစ်ပတ်လုံး ခရီးသွားကြပါတယ်။
လမ်းများမှာလည်း တော်တော်လေးပိတ်ကြပ်တတ်ပြီး လူကြိုက်များတဲ့ ခရီးသွားနေရာများမှာ များသော အားဖြင့်လူ ဦးရေထူထပ်ပါတယ်။
Golden Week မှာကြိုတင်ဘွတ်ကင်လုပ်ထားတာမဟုတ်လျှင် တည်းခိုစရာနေရာဆိုတာ ရနိုင်ဖို့မလွယ်ပါဘူး။
အကယ်၍ Golden Week မှာ ခရီးသွားရန်လိုအပ်ပါက ကြိုတင်စာရင်းသွင်းခြင်း (ရထားလက်မှတ်၊ တည်းခိုခန်းစသည်) ကို ကြိုတင်ပြီးစာရင်းသွင်းထားပြီးမှ သွားတာအကောင်းဆုံးပါ။

 

Obon (သြဂုတ် ၁၁-၁၉)

https://imgcp.aacdn.jp/img-a/1200/auto/global-aaj-front/article/2018/11/5bed1244ca162_5bed0cfbe38e9_340774706.jpg

ဘာကြောင့်လဲ ?
Obon အားလပ်ရက်ရာသီသည် သြဂုတ်လ ၁၁ ရက်မှ ၁၉ ရက်အထိကြာမြင့်ပါတယ်။ (ရက်စွဲများကွဲပြားနိုင်ပါတယ်)
ဒီအားလပ်ရက်ဟာဆိုရင် ဘိုးဘေးတို့၏ဝိညာဉ်များဤကမ္ဘာသို့ပြန်လာသည့်ကာလအနေဖြင့် လူအများစုသည် သူတို့၏ဘိုးဘွားပိုင်အိမ်များသို့ပြန်သွားပြီး အားလပ်ရက်ကို ကုန်ဆုံးလေ့ရှိကြပါတယ်။ ဒါ့ကြောင့် လူအများအပြားသည် မြို့ကြီးများမှကျေးလက်သို့ တစ်ပတ်လုံးလုံး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ဖြင့် ခရီးသွားကြပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသရှိဘတ်စ်ကားများ၊ ဒေသတွင်းရထားများနှင့်အကန့်အသတ်ဖြင့်သာရှိသောရထားတွေ၊ လမ်းတွေဟာ အဲဒီအချိန်မှာ အလွန်အမင်းကြပ်ပါတယ်။ သင်ဟာ ဂျပန်အလည်အပတ်ခရီးမှာ နေရာဒေသများစွာသို့သွားရန်စဉ်းစားနေပါက Obon ကိုရှောင်ရှားရန်အကောင်းဆုံးဖြစ်ပါတယ်။
ကြပ်သောလမ်းများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကိုရှောင်ရှားနိုင်ရန် Obon မတိုင်မီ (သို့မဟုတ်) ပြီးနောက် သင့်ရဲ့လည်ပတ်မှုကို ကြိုတင်စီစဉ်ပါ။ ကျင်းပမည့်ရက်စွဲများကွဲပြားနိုင်သည့်အတွက် ၎င်းကိုမည်သည့်အချိန်တွင်ကျင်းပမည်ကိုနှစ်ကြိမ်စစ်ဆေးပါ။

 

Silver Week (စက်တင်ဘာ ၁၆-၂၃)

https://imgcp.aacdn.jp/img-a/1200/auto/global-aaj-front/article/2018/11/5bed1245cc0c8_5bed108b4101c_417481834.jpg

ဘာကြောင့်လဲ ?
Silver Week ကတော့ စက်တင်ဘာလနှောင်းပိုင်းတွင်ကျင်းပသော အစိုးရရုံးပိတ်ရက်များကိုဗဟိုပြုသည့် Golden Week ရဲ့ ဆောင်း ဦး ရာသီဗားရှင်းဖြစ်ပါတယ်။ နှစ်ပေါ်မူတည်ပြီးတနင်္ဂနွေနေ့သည်အားလပ်ရက်နှင့်တန်းစီနိုင်ပါတယ်။
နှစ်စဉ်နှစ်တိုင်းဖြစ်ပွားလေ့မရှိသောကြောင့် ယင်းသည်ဂျပန်နိုင်ငံသားများကြားအတွက်တော့ အားနည်းသောအားလပ်ရက်ဖြစ်ဖြစ်ပါတယ်။ အကယ်၍ ဤသို့ဖြစ်ခဲ့ပါက အထူးသဖြင့်နွေရာသီအပူအရှိန်လျော့သွားသောကြောင့် ခရီးသွားခြင်းအတွက်ရာသီဥတုက အထူးသဖြင့်ရွှေရောင်ရက်သတ္တပတ်ကဲ့သို့သောခရီးသွားလာခြင်းနှင့်ဆင်တူပါတယ်။

 

အကယ်၍ သင့်ရဲ့ ခရီးသွားအစီအစဉ်ကို ပြောင်းလွယ်ပြင်လွယ်လုပ်လို့ရပါက ဂျပန်နိုင်ငံရဲ့ခရီးစဉ်မှာ အကောင်းဆုံးဖြစ်စေရန် ခရီးသွားရန်အကောင်းဆုံးသောအချိန်တစ်ချို့ရှိပါတယ်။

https://imgcp.aacdn.jp/img-a/1200/auto/global-aaj-front/article/2018/11/5bed1246b6124_5bed10efee1ab_1040690642.jpg

နွေ ဦးရာသီ
ရွှေရောင်ရက်သတ္တပတ်ပြီးနောက် မေလသည်မြောက်ပိုင်း Hokkaido (သို့) Tohoku သို့ သွားပြီး ဆာကူရာ ပန်းတို့ပွင့်နေပုံကို အေးအေးဆေးဆေး Golden Week ရဲ့ လူတွေထူထပ်နေတဲ့အချိန်မှာမသွားဘဲ ကြည့်ရှုခံစားနိုင်ပါတယ်။ ဂျပန်နွေရာသီမတိုင်မီအချိန်လည်းဖြစ်လို့ အပူနှင့်စိုထိုင်းခြင်းကိုလည်းရှောင်ရှားနိုင်ပါတယ်။

နွေရာသီ
စက်တင်ဘာလနှင့်အောက်တိုဘာလအစောပိုင်း (Silver Week မှလွဲ၍) များသောအားဖြင့်နွေရာသီတွင်နွေးထွေးသောအပူရှိန်ရှိသည်။

ဆောင်း ဦးရာသီ
အောက်တိုဘာလနှောင်းပိုင်းနှင့် နို၀င်ဘာလအစောပိုင်းတွင် ဂျပန်နိုင်ငံရှိဆောင်း ဦး ရာသီရဲ့ အလှအပများကို ဖမ်းယူနိုင်ရန်အတွက်အကောင်းဆုံးဖြစ်ပါတယ်။ ကျေးလက်ဒေသသို့သွားပါ။ သို့မဟုတ် အောက်တိုဘာလမှဒီဇင်ဘာလအထိ တောင်ပေါ်သို့ လူများစွာထူထပ်မနေတဲ့အချိန် ဂျပန်ရဲ့ သဘာဝအလှအပများကိုခံစားရယူပါ။

ဆောင်းရာသီ
ဇန်နဝါရီလနှောင်းပိုင်းနှင့် ဖေဖော်ဝါရီလအစောပိုင်းတွင် လူအုပ်များပြားမှုနှင့်ဆောင်းရာသီရဲ့အကုန်ကို ခံစားရန်အတွက်အကောင်းဆုံးဖြစ်ပါတယ်။ သင့်ရဲ့ခရီးစဉ်ကိုအပြည့်အ၀ အသုံးချနိုင်ရန်အတွက် Tohoku နှင့် Hokkaido ရှိဆောင်းရာသီအပန်းဖြေစခန်းအချို့သို့သွားပါ။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: