ဂ်ပန္ဗုဒၶဘာသာ၏ အယူအဆ

ဗုဒ္ဓဘာသာသည် အာရှတစ်ခွင်ပျံ့နှံ့သွားသည်မှာလွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်ကဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာမွေးဖွားခဲ့ပြီး တရုတ်သို့ပျံ့နှံ့လာကာ ထိုမှတစ်ဆင့် အရှေ့တောင်အာရှနှင့်ဂျပန်နိုင်ငံများသို့ ရောက်ရှိလာတာပါ။ အချိန်များစွာကြာမြင့်ပြီးနောက် ၎င်းသည် ဒေသအလိုက် ဓလေ့များဟာလည်း ပြောင်းလဲသွားခဲ့ပါတယ်။ဒါ့ကြောင့်လည်း ဂျပန်ဘုရားရှိခိုးကျောင်းများနှင့်ဗုဒ္ဓရုပ်ပွားတော်များဟာ သင့်တိုင်းပြည်မှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် ဆင်တူတယ်ထင်ရသော်လည်း အလွန်ကွဲပြားခြားနားသောပတ်ဝန်းကျင်ရှိနေတာဖြစ်ပါတယ်။

https://dime.jp/genre/854239/

ဗုဒ္ဓဘာသာရဲ့ မူလရည်ရွယ်ချက်မှာ ဉာဏ်အလင်းပွင့်ရန်ဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိအရာအားလုံးကိုနားလည်နိုင်ရန်အတွက်ဆိုတဲ့ အဓိပ္ပာယ်ဖြင့် ၎င်းကို “ jobutsu” လို့ လည်းခေါ်ပါတယ်။
မြန်မာနိုင်ငံက ထေရဝါရဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ဒီနေရာမှာ ပိုပြီးတော့ ကွဲပြားခြားနားတဲ့ ခံယူချက်တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။
သို့သော် ဂျပန်နိုင်ငံရဲ့ ဗုဒ္ဓဘာသာမှာ စဉ်းစားတွေးခေါ်ပုံနည်းလမ်းများနှင့် မူဝါဒများမှာ ကွဲပြားခြားနားမှုများရှိခဲ့ပြီး မတူညီတဲ့ ဗုဒ္ဓဘာသာဂိုဏ်းများကို ဂျပန်အတွင်း၌ပင်ခွဲခြားထားပါတယ်။ဒီတစ်ကြိမ်မှာတော့ ဒီလို ဂျပန်ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းများ ခွဲခြားထားတာကို အကျဉ်းချုံးဖော်ပြချင်ပါတယ်။

 

華厳宗 ( Kegon ဂိုဏ်း)
၇၃၆ ခုနှစ်က တရုတ်ပြည်မှရောက်ရှိလာတဲ့ သမိုင်းကြောင်းရှည်လျားသောဂိုဏ်းတစ်ခုဖြစ်ပါတယ်။
Nara ‌ဒေသရှိ Todaiji ဘုရားကျောင်းတွင် အခြေစိုက်တဲ့ Nara ဘုရားသည် စာဖတ်သူတို့အားလုံးသိကြတဲ့ ဤဂိုဏ်း၏အယူအဆများကို အခြေခံ၍ ဖန်တီးခဲ့တာဖြစ်ပါတယ်။
ဒီဂိုဏ်းမှာ 華厳経 ( Kegonkyo ) လို့ခေါ်တဲ့ ကျန်းဂမ်တော်ရှိပါတယ်။
အဲဒီမှာ ပါ၀င်တဲ့ အကြောင်းအရာများမှာ ဗုဒ္ဓရဲ့ ကိုယ်တိုင် ဉာဏ်အလင်းရစေတဲ့ အရာကို ရှင်းလင်းဖော်ပြထားပါတယ်။
အဲဒီအကြောင်းကြောင့် ဒီကျန်းဂမ်ဟာ အရေးအကြီးဆုံးလို့ စဉ်းစားမိပါတယ်။

四種法界 (Yonshu Hokkai) လို့ခေါ်တဲ့ ကိုယ်ပိုင်တကယ့်လောကရဲ့အမြင်ရှိခြင်းကို သယ်ဆောင်ထားတဲ့ သွင်ပြင်လက္ခဏာရှိပြီး ကမ္ဘာပေါ်ရှိအရာအားလုံးသည် အထီးကျန်ဖြစ်တည်ပြီး တည်ရှိတာမဟုတ်ပဲ ဆက်သွယ်မှုရှိတယ်ဆိုတဲ့တွေးခေါ်မှုတို့နဲ့ ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်ကိုသာမစဉ်းစားပဲ မိုးကုပ်စက်ဝိုင်းကိုကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုပါ လို့ပြောတဲ့ ယူဆတွေးခေါ်မှုဖြစ်ပါတယ်။ စကားမစပ်၊ ဒီဂိုဏ်းက အသုဘနှင့်အောက်မေ့ဖွယ်ဝန်ဆောင်မှုတို့ကို မလုပ်ပါဘူး။
ဒီဂိုဏ်းရဲ့ထူးခြားချက်ကတော့ သင်္ချိုင်းမရှိပါဘူး။
ဒီဂိုဏ်းကိုယုံကြည်သူကိုးကွယ်သူတစ်ဦး ကွယ်လွန်သွားတယ်ဆိုရင် အသုဘအခမ်းအနားကျင်းပဖို့၊ ဒါမှမဟုတ် သင်္ချိုင်းတစ်ခုတည်ဆောက်ဖို့အတွက် အခြားဂိုဏ်းတစ်ဂိုဏ်းကိုတောင်းဆိုတာမျိုးရှိတယ်လို့ ဆိုပါတယ်။

 

法相宗 ( Hossou ဂိုဏ်း )
ဤဂိုဏ်းရဲ့ ယူဆမှုကတော့ “ ကမ္ဘာ၏ရှုထောင့်အားလုံးကိုရှင်းလင်းပြတ်သားစွာထွန်းလင်းတောက်ပစေပြီး ဉာဏ်အလင်းရစေရန်” ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ထို့အပြင် သင်နေထိုင်သောဤကမ္ဘာသည် သင့်ရဲ့ စိတ်နှလုံးသားကဖန်တီးထားသော ကမ္ဘာကြီးဆိုတဲ့ အတွေးကို စိတ်ထဲထည့်ထားပြီး နှလုံးသားမှာဘုရားတည်ဆိုသလိုမျိုး ကျင့်ကြံတဲ့ဂိုဏ်းဖြစ်ပါတယ်။
ဤအရာကလည်း အခြားဂိုဏ်းများစွာအပေါ်မှာ များစွာသက်ရောက်မှုရှိပါတယ်။ ထို့အပြင် အရာရာတိုင်းကို နားလည်သဘောပေါက်ရန်နှင့် ဉာဏ်အလင်းရရှိရန် အချိန်ယူရပြီး၊ 3阿僧唯識観 (3 Asogikou ) ဆိုတဲ့အရာကိုနားလည်ရန် အချိန်များစွာယူရမည်ဟုဆိုထားပါတယ်။

အချိန်များစွာယူရမည့် နှစ်အရေအတွက်သည် ဂျပန်လူမျိုးများပင်မသိသောယူနစ်တစ်ခုဖြစ်ပါတယ်။
ဒါကဘာလဲဆိုတာကျွန်တော်မသိပါဘူး။ ကျင့်ကြံအားထုတ်ရတဲ့အချိန်ကနှစ်ကာလပေါင်းများစွာကြာပြီး
တွက်ချက်လို့တော့မရပါဘူး၊ ဒါပေမယ့်အချိန်တော်တော်များများကြာတယ်။ = ဆိုလိုတာကတော့အမြဲတမ်းလေ့ကျင့်ဖို့လိုတယ် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

 

律宗 ( Risshuu ဂိုဏ်း )
華厳宗 ( Kegonဂိုဏ်း) ကဲ့သို့ ဤဂိုဏ်းသည်လည်း အသုဘအခမ်းအနားများမကျင်းပပါဘူး။
ဒါဟာဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အရေးအပါဆုံးဖြစ်ပါတယ်။
အကယ်၍ သင်သည်ဤဂိုဏ်း၏ဘုန်းကြီးတစ်ပါးဖြစ်လိုလျှင်၊ အမျိုးသားများအတွက်စည်းမျဉ်း ၂၅၀ နှင့် အမျိုးသမီးများအတွက်စည်းမျဉ်း ၃၄၈ ကိုသင့်အားပေးလိမ့်မည်။ ထို့အပြင်သူတို့အားလုံးလိုက်နာရန်လိုအပ်ပါတယ်။

 

天台宗 (Tendai ဂိုဏ်း)
ဤဂိုဏ်း၏ ကျန်းဂမ် တွင် 法華経 (Hokekyou) ဟုခေါ်တဲ့ ကျန်းဂမ် ရှိပြီး ၎င်းကိုအရေးအပါဆုံးဟုယူမှတ်ထားပါတယ်။
တကယ်ကတော့ ဗုဒ္ဓဘာသာဂိုဏ်းအများအပြားရှိပြီး တော်တော်များများက‌တော့
ဂိုဏ်းတစ်ခုနှင့် တစ်ခု အလွန်ကွာခြားမှုမရှိကြောင်းကတော့ ထင်ရှားပါတယ်။
ဒါဘာကြောင့်လဲလို့ဆိုတော့ Tendai ဂိုဏ်းမှာ လေ့လာခဲ့သံဃာတော်များသည် ဂိုဏ်းသစ်စတင်တည်ထောင်တာကို ပြုလုပ်တာများပြားသောကြောင့်ဖြစ်ပါတယ်။

 

日蓮宗 ( Nichiren ဂိုဏ်း )
တည်ထောင်သူ Nichiren ရေးသားပြုစုသော ကျန်းဂမ် တစ်ခုဖြစ်ပြီး၊
Myohorengekyo ကိုသာအသုံးပြုခြင်းထားတဲ့ ရိုးရှင်းတဲ့ သွင်ပြင်လက္ခဏာရှိပါတယ်။
ကျန်းဂမ် တစ်မျိုးတည်းမှာပဲ အာရုံစူးစိုက်ခြင်းကိုဆိုလိုပါတယ်။

 

臨済宗 ( Rinzai ဂိုဏ်း )
ဒီဂိုဏ်း၏ဝိသေသလက္ခဏာကတော့ Zazen ဖြစ်ပါတယ်။
ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ဖို့အတွက်ဗုဒ္ဓကျန်းဂမ်များနှင့်ရုပ်ပွားတော်များအပေါ်မှီခိုပြီး ဆုတောင်းမည့်အစား
ကိုယ့်ကိုယ်တိုင်ရဲ့ စိတ်ထဲကနေအဖြေကိုရှာပြီး တရားကျင့်ကြံတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။

 

曹洞宗 ( Soutou ဂိုဏ်း )
Rinsai ဂိုဏ်းကဲ့သို့ပင် ၎င်းသည် Zazen ကို ကျင့်ကြံအားထုတ်ရန်အတွက် အသုံးပြုသောဂိုဏ်းတစ်ခုဖြစ်ပါတယ်။ သို့သော်၎င်းတွင်ပါ၀င်သည့်အကြောင်းအရာများမှာ ကွဲပြားခြားနားမှုများရှိပါဝင်ပါတယ်။
“ဘာမှမစဉ်းစားနဲ့။”ဒါက Sotou ဂိုဏ်းရဲ့ Zazen ၏ဝိသေသဖြစ်ပါတယ်။
Rinsai ဂိုဏ်းဝင်သည် ဉာဏ်အလင်းရရှိစေဖို့ စဉ်းစားတွေးခေါ်ရန်ရည်ရွယ်ပါတယ်။
သင်သာ ဆက်လက်ကျင့်ကြံအားထုတ်မယ်ဆိုရင် အဲဒီကနေ ကိုယ်ကိုယ်တိုင်အဓိပ္ပါယ်ကို ရှာဖွေနိုင်ပြီးတော့
ဉာဏ်အလင်းပွင့်စေမယ်ဆိုတဲ့ အယူအဆပဲဖြစ်ပါတယ်။အမေရိကန်ရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ရေပန်းစားသော Zen ဆိုတာက ဒီလိုအယူအဆပဲဖြစ်ပါတယ်။“စိတ်ကိုဖျောက်ခြင်းအားဖြင့် ငါ၏ခံစားချက်များကိုထိန်းချုပ်နိုင်လိမ့်မယ်။”

 

真言宗 ( Shingon ဂိုဏ်း )
တရုတ်နိုင်ငံမှ ပျံ့ပွားလာတဲ့ ထူးခြားနက်နဲသော ဗုဒ္ဓဘာသာကိုလေ့လာသင်ယူခဲ့သော空海 ( Kuukai ) မှဖွင့်လှစ်လိုက်သောဂိုဏ်း။
ဒါဟာ Wakayama စီရင်စုမှာရှိတဲ့ Koyasan မှာအခြေစိုက်တဲ့ ဂိုဏ်းဖြစ်ပါတယ်။
ဒီမှာကတော့ တစ်နည်းအားဖြင့် လျှို့ဝှက်တဲ့သင်ကြားမှုရှိတာကြောင့်
ထိုဂိုဏ်းရဲ့ သင်ကြားမှုများသည် ထိုဂိုဏ်းသို့ ဝင်ရောက်ပူးပေါင်းသူများကို သာတိုက်ရိုက်သင်ကြားတယ်လို့ ဆိုကြပါတယ်။
အတော်လေးစည်းကမ်းတင်းကြပ်စွာ ကျင့်ကြံရတဲ့ ဂိုဏ်းဖြစ်ပါတယ်။
ဗုဒ္ဓသာသနာသည် ဗုဒ္ဓဘာသာကိုးကွယ်သောဘာသာတရားအနေနဲ့ပင် ပြီးသွားပြီဟုကျွန်ုပ်မထင်ပါ၊ ကမ္ဘာကြီးအတွက် အခုအချိန်ထိ ကောင်းမှုတွေနဲ့ ကာကွယ်စောင့်‌ရှောင့်နိုင်အောင် ဆုတောင်းနေဆဲဖြစ်တယ်လို့ ယူဆရပါတယ်။

 

浄土宗 ( Joudo ဂိုဏ်း )
ဤဂိုဏ်းသည် သေပြီးနောက် ကမ္ဘာကြီးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိတယ်ဆိုတာကိုပြောကောင်းပြောနိုင်မယ်ထင်ပါတယ်။
လူသားတွေသေပြီးတဲ့နောက် အရင်ဆုံး သူတို့ဟာ Gokurakujodo လို့ခေါ်တဲ့ ကျင့်သုံးရာနေရာကို ဦး ဆုံးသွားကြရတယ်။
အဲဒီမှာကျင့်သုံးခြင်းအားဖြင့် ဗုဒ္ဓဖြစ်ရန် ကြိုးစားမှုပြုလုပ်တယ်ဆိုတဲ့ အရာပါ။
ရှင်သန်နေစဉ်ကျင့်ကြံအားထုတ်ခြင်းအားဖြင့်နှင့်တော့ ဗုဒ္ဓမဖြစ်နိုင်တဲ့အတွက်ကြောင့် ယခုက 南無阿弥陀仏 ( Namuami Dabutsu ) ဆိုတာကို ရွတ်ဆိုပြီး နိဗ္ဗာန်ကို ရည်မှန်းကာ ရှင်သန်နေထိုင်သွားမယ်ဆိုပြီး ဖြစ်လာပါတယ်။

 

浄土真宗 ( Joudoshin ဂိုဏ်း )
ဒါဟာဂျပန်မှာ အင်အားအများဆုံးဂိုဏ်းဖြစ်ပါတယ်။၎င်းသည် Joudo ဂိုဏ်းကိုတည်ထောင်သူ၏သွန်သင်ချက်များအပေါ် အခြေခံ၍ စာသင်သားများက ဖွင့်လှစ်သောဂိုဏ်းဖြစ်ပါတယ်။ထို့ကြောင့်အခြေခံအယူအဆသည် Joudo ဂိုဏ်းနှင့်ဆင်တူသော်လည်း 平生業成 (Heisei Gojo) ဆိုတဲ့ အတွေးအခေါ်ကိုဗဟိုပြုထားတဲ့ ဂိုဏ်းဖြစ်ပါတယ်။Heisei ဆိုတာက သေပြီးနောက်မဟုတ်ဘဲ ယခုအသက်ရှင်နေတဲ့အရာကိုဆိုလိုတာဖြစ်ပါတယ်။
အယူအဆကတော့ Gokuraku Jodo ကိုသွားပြီးတဲ့နောက်မှာ မင်းကလေ့ကျင့်ခြင်းမခံရဘဲဗုဒ္ဓဖြစ်လာနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ပါ။

 

融通念仏宗 (Yuzuunenbutsushu ဂိုဏ်း)
၎င်းသည်နေ့စဉ်လုပ်ရိုးလုပ်စဉ် 日課念仏( NikkanenButsu) ဆိုတဲ့ အယူအဆပေါ်အခြေခံထားပါတယ်။
နေ့စဉ်အကြိမ် ၁၀၀ ကျန်းဂမ်များကိုရွတ်ဆိုရမယ်လို့ ဆိုထားပါတယ်။ဒီဂိုဏ်းမှာတော့အရာဝတ္ထုတွေနဲ့လူတွေဟာဆက်စပ်မှုရှိတယ်။ လူတစ်ယောက်ဟာ ကျန်းဂမ်ကိုရွတ်ဆိုမယ်ဆိုရင် လူတိုင်းဆီရောက်လိမ့်မယ်လို့ ယူဆထားပါတယ်။ထိုမျှသာမက၊ ဂျပန်တွင်စုစုပေါင်း ဗုဒ္ဓဘာသာဂိုဏ်း ၁၃ ခုရှိပါတယ်။ ထို့အပြင်၎င်းတို့မှ ခွဲထွက်လာတဲ့ ဂိုဏ်းခွဲများလည်းရှိပါတယ် ။ မြန်မာပြည်မှာတော့ တရားဝင်ဗုဒ္ဓဘာသာဂိုဏ်းကြီး ၉ ဂိုဏ်းရှိပါတယ်။
တူညီတဲ့ ဗုဒ္ဓဘာသာဝင်များဖြစ်သော်လည်း ကွဲပြားခြားနားသောအတွေးအခေါ်များရှိကြပါတယ်။

တစ်ခုရှိတာကတော့ ဂျပန်နိုင်ငံဟာ မဟာယာနဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ထေရဝါရဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုနှင့်တော့ အတော်လေးမတူညီတဲ့ ကွဲပြားမှုတွေရှိနေတာကို သိစေချင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: