ဘိုထိုင်နဲ့ ခပ်တည်တည်ပဲအိမ်သာတက်နေတဲ့ကြောင်

ကြောင်လေးတွေရဲ့သဘာဝက လူတွေနဲ့အတူပူးပူးကပ်ကပ်နေရတာကိုသဘောကျပါတယ်။ အစာစားမယ်၊ အိပ်မယ်၊ ဆော့ကစားမယ်၊ ပြီးရင်တော့ သခင်ကိုချွဲမယ်။ ဒါဟာ သူတို့ရဲ့နေ့တဓူဝ လုပ်နေတဲ့အလုပ်ပါ။ နောက်ပြီးသူတို့ရဲ့ထူးခြားချက်ကတော့ မြေကြီးပေါ်မှာအလေးသွားမယ်ဆိုရင်တော့ သူတို့ရဲ့မစင်ကိုမမြင်ရအောင် မြေကြီးတွေနဲ့ပြန်ပြီးဖုံးအုပ်တတ်ပါသေးတယ်။ တိုက်ခန်းမှာ မွေးတဲ့ပိုင်ရှင်တွေဆိုရင်တော့ သူတို့အတွက် အလေးသွားတဲ့ခွက်လုပ်ပေးထားရပါတယ်။

https://grapee.jp/wp-content/uploads/65284_main1.jpg

ဒါပေမဲ့ အခုပြောပြမယ့်ကြောင်လေးကတော့ မကြာခင်အသက် ၁ နှစ်ပြည့်တော့မယ် Mochimaru-kun လေးပဲဖြစ်ပါတယ်။ scottish straight မျိုး မျက်လုံးအဝိုင်းသားနဲ့အလှမွေးကြောင်လေးပါ။
သူဟာ သခင်ဖြစ်သူနဲ့အတူနေထိုင်လျှက်ရှိပြီး တစ်နေ့ သူ့ရဲ့လုပ်ရပ်ကသခင်ကိုအံ့သြမှင်သက်သွားစေပါတယ်။
အဲ့ဒါကတော့ လူတွေလိုဘိုထိုင်နဲ့ကို အိမ်သာတက်နေတာပါ။ Mochimaru-kun လေးကကြောင်ရော ဟုတ်ရဲ့လားလို့တွေးမိလောက်တဲ့အထိ သခင်ကိုယ်တိုင်အံ့သြနေသလို၊ သူ့ရဲ့ဗီဒီယိုကို Twitter မှာတင်လိုက်တဲ့အခါ ကြည့်ရှုသူအပေါင်းကို ထပ်မံအံ့အားသင့်စေပြီး လူအများရဲ့ချစ်ခင်ချီးကျူးမှုကိုပါ ရရှိခဲ့ပါတယ်။

သူ့ရဲ့ဗီဒီယိုလေးကတော့ …

 

Mochimaru-kun လေးဒီလို ဘိုထိုင်နဲ့အလေးသွားရခြင်းအဓိကတရားခံကတော့ ကြောင်အိမ်သာခွက်ထဲကသဲကို toilet ထဲလောင်းချတာကိုမြင်နေခဲ့တာရယ်၊ အဲ့ဒီနေ့သူ့ရဲ့အိမ်သာခွက်ကို ဆေးလိုက်တာကြောင့် ဒီလိုဖြစ်သွားတာဖြစ်မယ်လို့ ပိုင်ရှင်ကပြောပါတယ်။ စကားမစပ် toilet ထဲလောင်းချပြီးရေဆွဲချလို့ရတဲ့ သဲအမျိုးအစားရှိပါတယ်။
ဒီပုံနဲ့ပတ်သက်ပြီး အချို့လူတွေက toilet ကိုဘယ်လိုသုံးရမလဲသိတဲ့ ဥာဏ်ကြီးရှင်လေးပဲ၊ သူတို့အိမ်ကကြောင်ကိုလည်း ဒီလိုလေ့ကျင့်ပေးမယ်လို့ မှတ်ချက်တွေပေးကြပါတယ်….
ကဲ စာဖတ်သူတို့ရော ဒီကြောင်နဲ့ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲ?

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: