ဦးခေါင်းပြတ်ကို အလှပြင်ပေးရတဲ့ အမျိုးသမီးတွေရဲ့အလုပ်က?

တိုက်နေခိုက်နေရတာကပဲ ဆာမူရိုင်းတို့ရဲ့အဓိကအလုပ်ပါ…
သူတို့ကိုဘယ်နည်းနဲ့အရည်အချင်းသတ်မှတ်လဲဆိုရင် အင်အားကြီးတဲ့ရန်သူတွေနဲ့ဘယ်လောက်များများတိုက်ခိုက်နိုင်သလဲ? ဆိုတာပါပဲ…
ထိုတန်ဖိုးကိုမြင့်တင်ဖို့အတွက် သက်သေကိုပြန်ယူလာပြဖို့တော့လိုအပ်ပါတယ်. ဒါကြောင့် တစ်ဖက်လူရဲ့ခေါင်းကိုဖြတ်ပြီး တိုက်ပွဲအပြီးမှာ ပြန်ယူလာလေ့ရှိပါတယ်။

https://intojapanwaraku.com/culture/122634/

ဒီအချက်နဲ့တင် သရဲကြောက်တတ်တဲ့လူတွေအဖို့တော့ မျက်စိမှိတ်ထားကြမှာပဲမဟုတ်လား?
ဒါပေမဲ့ ဒီထက်ပိုအံ့သြစရာရှိပါတယ်။ အဲ့ဒါကတော့ ပြန်ယူလာတဲ့ခေါင်းပြတ်ကြီးကို မိတ်ကပ်လိမ်းပေးရတာတဲ့…
ဒီလိုမိတ်ကပ်လိမ်းပြင်ဆင်ပေးဖို့ကို အိမ်မှာစောင့်နေတဲ့အမျိုးသမီးက လုပ်ပေးရပါတယ်။..
မိတ်ကပ်ခြယ်သတာနဲ့ပတ်သတ်ပြီး မိန်းကလေးတွေကပိုကျွမ်းကျင်ကြတယ်နော်…
တစ်ခုစဥ်းစားရမှာက မိန်းကလေးတွေက ဘာကြောင့်ဦးခေါင်းပြတ်ကို မိတ်ကပ်လိမ်းပေးရတာလဲ?

အကြောင်းကတော့ ငွေပါ..
ဗီဒီယိုကင်မရာတွေမရှိသေးတဲ့ခေတ်…မိမိကြိုးစားခဲ့တဲ့ အောင်မြင်မှုကိုအထက်လူကြီးထံပြန်ပြီးအစီရင်ခံဖို့အတွက်တော့ သက်သေပစ္စည်းဆိုတာ လိုအပ်ခဲ့ပါတယ်။
အဲ့ဒီသက်သေကတော့ ဦးခေါင်းပါ..
အသက်ရှင်နေတဲ့လူကနေယူလို့မရတဲ့အရာ.. အဲ့ဒီကတော့ ဒီဦးခေါင်းကလွဲပြီးမရှိပါဘူး။
တစ်ဦးတစ်ယောက်ကို ကိုယ်စားပြုနိုင်တဲ့အရာအနေနဲ့ ဦးခေါင်းကိုအသုံးပြုခဲ့ပါတယ်။

ဒါနဲ့ ဘာကြောင့်မိတ်ကပ်လိမ်းပေးရသလဲဆိုရင်တော့ အထက်လူကြီးကိုပြသမှာပဲမို့လို့ပါ။
ဖြတ်လာခဲ့တဲ့ခေါင်းတူရင်တောင်မှာ ထိုပုဂ္ဂိုလ်ရဲ့နေရာအဆင့်အတန်းအလိုက်တန်ဖိုးတော့ မတူပါဘူး။
စစ်သား ၁ ယောက်ထက် ဗိုလ်ချုပ်ကပိုပြီးအဆင့်မြင့်ပေမဲ့၊ စစ်ပွဲထဲမှာဖြတ်ပြီးယူလာတဲ့ခေါင်းက သွေးထွက်သံယိုတွေနဲ့ ဘယ်သူဘယ်ဝါမှန်း မသိရပါဘူး။

အဲ့ဒီအချိန် သေသေချာချာသန့်ရှင်းရေးတွေပြန်လုပ်ပြီးသွားတော့မှ ထိုခေါင်းပိုင်ရှင်ကဘယ်သူဖြစ်တယ်ဆိုတာ သိရတာကြောင့်၊ မိတ်ကပ်တွေနဲ့ပြင်ဆင်ထားတာထက် မိမိကတော့ ဘယ်သူ့ခေါင်းကိုယူလာနိုင်ပြီဆိုတာပြသနိုင်တာကြောင့် ချီးမြှင့်ငွေလည်းရပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းခြယ်ပေးခြင်းကအစပြုလာခဲ့ပါတယ်။

တော်တော်လေးသွေးပျက်စရာကောင်းတဲ့အလုပ်ဖြစ်ပေမဲ့၊ ဒီဦးခေါင်းကငွေနဲ့လည်းပတ်သက်နေတာကြောင့် မလုပ်ချင်တာကိုမလုပ်ချင်ဘူးလို့လည်း မပြောရဲခဲ့ကြပါဘူး။
ဒီကဏ္ဍမှာတော့ အမျိုးသမီးတွေရဲ့လှုပ်ရှားမှု အတော်တော်များများပါဝင်ပါတယ်.

“ ဟေ့… ခေါင်း ၃ လုံးတောင်ယူလာခဲ့တယ်
ဝါးးး ဟုတ်လား ဒါကိုနည်းနည်းလေးဒီလိုလုပ်လိုက်ရင်.. လူချမ်းသာမျက်နှာနဲ့တူသွားမယ်လေ..
အော် အေအေ ကောင်းသားပဲနော်….”

မိတ်ကပ်ပြင်ပေးရတဲ့အမျိုးသမီးတွေ ဒီလိုပြောချင်မှလည်းပြောမှာပါ..ဒါပေမဲ့ ဒီဘက်ခေတ်စကားနဲ့ပြောကြည့်တာ‌ပေါ့..
ကိုယ်တိုင်ထိုမိန်းကလေးတွေနေရာမှာရောက်သွားရင်တော့ တကယ်ကြောက်စရာကောင်းမှာပါ…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: