မောင်းသူမဲ့လျှပ်စစ်(EV)ကား၏သရုပ်ပြစမ်းသပ်မှုကို အိုဆာကာပန်းခြံ၌အောင်မြင်စွာနှင့်ပြုလုပ်ခဲ့

ဂျပန်မှာ ဘတ်စ်ကားအကြီးတွေမှအစ မောင်းသူမဲ့စနစ်ဖြစ်ဖို့ ကြိုးစားနေကြပါတယ်။ အောင်တော့အောင်မြင်နေပါပြီ… လက်တွေ့အသုံးပြုခြင်းတော့မရှိသေးပါဘူး။

Mitsui & Co., Ltd ရယ်၊ Panasonic ၊ Toppan printing ကုမ္ပဏီတို့ဟာ ယနေ့ ၂၁ ရက်နေ့မနက်မှာ အိုဆာကာရှိ Expo ’70 Commemorative Park ပန်းခြံမှာ မောင်းသူမဲ့ကားရဲ့သရုပ်ပြစမ်းသပ်မှုကိုလုပ်ခဲ့ပါတယ်။

 

https://static.tokyo-np.co.jp/image/article/size1/d/3/2/2/d3220f4b8aa0a55af77ad2d3cb63b7f1_1.jpg

မောင်းသူမဲ့ အလိုအလျောက်မောင်းတဲ့စနစ်ပါ။ ဒီ system ကို ၂၃ ရက်နေ့ကနေစတော့မှာဖြစ်ပြီး အိုဆာကာရဲ့ Expo ’70 Commemorative Park ထဲမှာပဲဝန်ဆောင်မှုပေးသွားမယ်ဆိုတော့ …. အိုဆာကာမှာနေထိုင်သူတို့အတွက် သတင်းကောင်းပဲနော်…

 

 

အလိုအလျောက်မောင်းနှင်မယ့် မောင်းသူမဲ့လျှပ်စစ်(EV) ကားကိုလိုက်ပါစီးနှင်းရင်း၊ remote-controlled လုပ်ထားပြီး အတွင်းပိုင်းမှာခရီးသည်တွေကိုရှင်းပြအုံးမှာဖြစ်ပါတယ်။
ကားထဲမှာအကုန်လုံးကခရီးသည်တွေပဲဖြစ်နေလို့ ဒီကားကိုဘယ်လိုထိန်းချုပ်မလဲ? စိုးရိမ်မိမှာပဲနော်…

ဒါပေမဲ့ ဒီလိုစကားပြောပေးနေတဲ့အတွက် အလိုလိုနေရင်းစိတ်ချနေသလိုမျိုးခံစားရမှာပါ။…
ပျော်စရာကြီးပဲနော်….

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: