Kitakyushu မြို့မှာတောင်ယာမီးရှို့ခြင်းကနေ တောမီးလောင်

Kyushu မြောက်ဘက်ခြမ်းဖြစ်တဲ့ Kitakyushu မြို့မှာ ၂၀ ရက်နေ့က တောင်ယာမီးရှို့ဖို့ပြင်ဆင်ရင်း မတော်တဆမီးကူးစက်သွားပြီး တောင်မီးလောင်မှုဖြစ်သွားခဲ့ပါတယ်။

မွန်းလွှဲ ၂ နာရီကျော်၊ Kitakyushu မြို့ရဲ့ Hiraodai အရပ်မှာ “ တောင်ယာမီးရှို့ဖို့ပြင်ဆင်ရင်း မီးကပျံ့နှံ့သွားတယ်” လို့လုပ်ဆောင်သူအမျိုးသားက မီးသတ်ကိုအကြောင်းကြားခဲ့ပါတယ်။
ဖြတ်ထားတဲ့မြက်တွေကိုမီးရှို့မယ်လုပ်တဲ့အချိန် မီးကပြန့်သွားခဲ့ခြင်းဖြစ်ပါတယ်။
မီးသတ်ဌာနရဲ့ပြောပြချက်အရ ယနေ့ ၂၁ ရက်နေ့နံနက် ၇ နာရီခန့်မှာ ငြိမ်းသတ်နိုင်လိုက်ပါတယ်။ အလားတူမီးလောင်မှုကလည်း ယခုနှစ်ဖေဖော်ဝါရီလထဲမှာပဲ Hiraodai မှာဖြစ်ပွားခဲ့ပါတယ်။

source:ANN

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: