ရထားစီးမလား? နပန်းပွဲကြည့်မလား? နဖူးတွေ့ဒူးတွေ့ချကုန်ပြီဟ !

လူတွေအပြည့်ပါလာတဲ့ ခရီးသည်တင်ရထား..
လူတွေဟာစိတ်ဖိစီးမှုများလာတဲ့အခါ ရထားထဲမှာနည်းနည်းလေးဆိုတာတောင် သေးသေးတင်အတင်မခံတော့ဘဲ အငြင်းပွားခိုက်ရန်ဖြစ်ရတာတွေအများကြီးရှိပါတယ်။
အဆင်ပြေတဲ့ရထားဖြစ်ပါစေ ဒီလိုပုံစံဆိုရင်တော့ မစီးချင်ဘူးနော်..

ဒီပုံကိုကြည့်လိုက်ပါအုံး..

https://tadamisenpuroresu.localinfo.jp

အိုး? ရထားထဲမှာနေရာလုနေတာလာ? နပန်းလုံးနေတာလာ?

နိုးနိုး…ဒါက ရထားထဲမှာနပန်းပွဲကျင်းပပေးတာတဲ့…

Niigata စီရင်စုများပြေးဆွဲနေတဲ့ Tadami လိုင်းလို့ခေါ်တဲ့ ဒေသတွင်းရထားလိုင်းကဖြစ်ပါတယ်။
ဒါက ၂၀၁၁ ခုနှစ်မှာမိုးသည်းထန်စွာရွာသွန်းတာကြောင့် ရထားလိုင်းတွေကိုခေတ္တပိတ်လိုက်ရပါတယ်။ ဒါပေမဲ့ဒေသခံများတဲ့ စိတ်အားထက်သန်စွာတောင်းဆိုမှုကြောင့် လိုင်းတစ်ခုလုံးပြန်လည်စတင်လိုက်ပါတယ်။
ဒီလိုအခြေအနေမှာ ပြန်လည်နေရာချထားရေးနဲ့ ကုန်ကျစရိတ်ကိုလည်းစီမံခန့်ခွဲဖို့လိုအပ်သလို လမ်းကြောင်းကလည်းဒေသတွင်းဖြစ်နေတာကြောင့် သုံးစွဲသူအရေအတွက်တိုးလာခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့်ဒေသခံစေတနာ့ဝန်ထမ်းတွေက စတင်ပြီးချပြလိုက်တာကတော့ ဒီပွဲပါပဲ…

“ Tadami ရထားလိုင်းပေါ်က ပရော်ဖက်ရှင်နယ် နပန်းသတ်ပွဲ”

ပရော်ဖက်ရှင်နယ်နပန်းပွဲကို အလျော့အအတင်းနဲ့ ၃ ကြိမ်တိတိ မနိုင်မခံအရှုံးမပေးတဲ့စိတ်နဲ့ တိုက်ခိုက်ကြပါတယ်။
နောက်ပြီးအားလုံးရဲ့ အားပေးမှုကလည်းလိုအပ်ပါသေးတယ်။
ဒါက Tadami ရထားလိုင်းမှမဟုတ်ပါဘူး၊ အခြားဒေသခံလိုင်းများလည်းအတူတူပါပဲ..
ဒါကို ၂၀၁၁ ခုနှစ်ကနေစတင်ပြီ Niigata စီရင်စုမှာအခြေစိုက်တဲ့ Pro နပန်းသမားများနဲ့ ပူးပေါင်းကျင်းပတာပဲဖြစ်ပါတယ်။


ရထားကျဉ်းကျဉ်းထဲမှာ လိုက်ပါစီးနှင်းတဲ့ခရီးသည်တွေ နပန်းသမားတွေနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ကုန်ပြီလေ..
ဟင် ! အဲ့ဒါရယ်နေတာလား? အော်နေတာလား? ဘေးနားမှာပဲထိုင်ကြည့်နေရတော့ စိတ်လှုပ်ရှားဖို့ကောင်းသလို သေချာပေါက် ပျော်ဖို့လည်းကောင်းမှာပဲနော်..
ပထမဆုံးပြိုင်ပွဲက ဒီလိုမျိုးရထားထဲမှာပါ..
ဒုတိယပြိုင်ပွဲကတော့ အထူးစင်မြင့်ထက်မှာ ကြိုးဝိုင်းတွေနဲ့လုပ်ပြီးကျင်းပပါတယ်။
ကဲ ရထားထဲမှာ ဘယ်လိုနပန်းလုံးကြလဲ ဒီမှာပဲကြည့်လိုက်ပါတော့

ချကုန်ပြီးဟ ! ! ဟဟဟ
ကစားသမားတွေ အမျိုးသားအမျိုးသမီးစုစုပေါင်း ၁၀ ယောက်ရှိပါတယ်။
ပိုက်ကုလားထိုင်ကိုအသုံးပြုတဲ့ Pro နပန်းအတွက်သတ်မှတ်ထားတဲ့ကစားပုံမျိုးကလည်း တော်တော်လေးဆွဲဆောင်မှုရှိပြီး ပရိသတ်တွေနဲ့‌တောင်သိပ်ပြီးမဝေးတော့ဘူး..
အင်း… ထိခိုက်မိကုန်တော့မယ်နော်,,,

ရထားလမ်းကြောင်းပိုင်ကုမ္ပဏီရော၊ ပရော်ဖက်ရှင်နယ်နပန်းသမားအဖွဲ့အစည်းရော လူတေကိုပြန်ပြီးစည်းရုံးချင်ကြတယ်။
တကယ်က ရထားတွေပြန်လည်လူစည်ကားလာဖို့နဲ့ နပန်းလောကဟာ ဘာမှမသက်ဆိုင်ဘူးလို့ထင်ရပေမဲ့၊ လုပ်ကြည့်လိုက်တော့လည်း တကယ်ကြီးကိုအလုပ်ဖြစ်တာကိုတွေ့ရတယ်။ အံ့သြစရာကောင်းတဲ့ ဥပမာပါပဲ…

ကံကောင်းပါစေပရော်ဖက်ရှင်နယ်နပန်း !, ကံကောင်းပါစေဒေသခံလိုင်း !

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: