ဂျပန်နိုင်ငံရဲ့ အနိမ့်ဆုံးတောင် ? (သို့မဟုတ်) “ သုည” မီတာတောင် ?

စာဖတ်သူတို့ ဂျပန်ရဲ့အမြင့်ဆုံးနေရာကိုသိပါသလား?
အားလုံးသိကြတဲ့အတိုင်း အမြင့်ဆုံးလို့ပြောရင်ဖူဂျီတောင်ပဲပေါ့။

https://gendai.ismedia.jp/articles/-/76528

အမြင့်ကိုပြောရရင် 3,776m ရှိတာကြောင့် ကမ္ဘာတစ်ဝှမ်းအနေနဲ့ကြည့်မယ်ဆိုရင် အဲ့ဒီလောက်အထိမြင့်တယ်လို့တော့မဟုတ်ပါဘူး။
ဟိမဝန္တာတောင်တန်းများ၏အောက်ခြေတွင်ရှိတဲ့ နီပေါနိုင်ငံမှာ အမြင့်ပေ 3,000m ရှိတဲ့တောင်ကို တောင်လို့မခေါ်ဘဲ၊ တောင်ကုန်းလို့ပဲသတ်မှတ်တာကြောင့် နာမည်လည်းမရှိဘူးလို့ ပြောနေကြပါတယ်။ သိပ်ပြီးမမြင့်ကြဘူးလို့ ယူဆနေကြခြင်းဖြစ်ပါတယ်။
ဒါပေမဲ့ ပုံစံကလှတဲ့အတွက် နာမည်တော့ကြီးပါတယ်။

ဒါဆို သူတို့ရဲ့ပြောင်းပြန်စံချိန်ကရော ဘယ်လိုလဲ?
ဂျပန်ရဲ့အနိမ့်ဆုံးနေရာ..
အဲ့ဒါကတော့ Akita စီရင်စုမှာရှိတဲ့ 八郎潟(はちろうがた)Hachirogata အရပ်ပါပဲ..
ထိုအရပ်ကပင်လယ်ရေမျက်နှာပြင်အထက် -၄ မီတာရှိပါတယ်..(အနုတ် ၄ မီတာ)။ ပင်လယ်ရေမျက်နှာပြင်အောက် နိမ့်နေတာကြောင့် ဂျပန့်အနိမ့်ဆုံးကုန်းပြေမြင့်ပဲဖြစ်ပါတယ်။
အဲ့ဒီမှာ လူတွေဖန်တီးထားတဲ့တောင်ကတော့ ဒီမှာပါ..

https://questblog.tokyo/ogatafuji

တောင်ထိပ်အမြင့်က ပင်လယ်ရေမျက်နှာပြင်အထက်ကွက်တိ သုည မီတာ !!
အမြင့်ပေ သုည မီတာရှိတဲ့တောင်ပါပဲ..
အမြင့်ပေမရှိလို့ တောင်လို့မခေါ်နိုင်ပေမဲ့၊ တောင်ခြေက (အနုတ်)ဖြစ်တာကြောင့် သုည မီတာတောင်လို့အမည်တွင်သွားတဲ့ ထူးဆန်းတဲ့နေရာပဲဖြစ်ပါတယ်။

သို့သော် ပိုပြီးထိန့်လန့်စရာနေရာရှိပါသေးတယ်။
အဲ့ဒါကတော့ ဒီမှာပါ။

 

Aomori စီရင်စု Hachinohe မြို့မှာရှိတဲ့ Hachinohe ထုံးသတ္တုတွင်း
အရှေ့မှအနောက် မီတာ ၁၀၀၀ ရှိ၊ မြောက်မှတောင်ဘက်မီတာ ၁၈၀၀ ရှိတဲ့ကျယ်ပြန့်ကြီးမားတဲ့ သတ္တုမိုင်းတွင်းဖြစ်ပြီး၊ နာမည်အတိုင်း ထုံးကျောက်တွေကိုတူးလျှက်ရှိပါတယ်။
ထုံးကျောက်တူးဖို့ တစ်ဖြည်းဖြည်းတူးရင်းနဲ့ လက်ရှိဆိုခန့်မှန်းချေ အနုတ် ၁၇၀ မီတာတောင်ရှိနေပါပြီ…
အမြင့်ကိုခန့်မှန်းဖို့ခက်ခဲတဲ့အတွက်, ဒီမှာပဲကြည့်လိုက်ပါ..

https://skyskysky.net/003-101-150.html

Tokyo, Chiyoda ရပ်ကွက်မှာရှိတဲ့ Kioi Tower
မြေပြင်အထက် ၃၆ လွှာရှိတဲ့အဆောက်အအုံဖြစ်ပြီး အမြင့် ၁၇၇.၆၅ မီတာရှိပါတယ်။
ထိုသတ္တုတွင်းက ဒီတိုက်အမြင့်လောက်နီးနီးရှိနေပါတယ်။
ဒါဆို တော်တော်ကိုနက်မှာပဲနော်…

စကားမစပ် ကမ္ဘာမှာအနက်ဆုံးတွင်းကတော့ ဒီမှာပါ..


https://zatsugaku-mystery.com/deepest-hole/

သရဲကားတွေလိုကြောက်စရာကြီးလို့မြင်ရပေမဲ့၊ ဒါက ရုရှားရဲ့ Kola ကျွန်းဆွယ်မှာရှိတဲ့ တူးထားတဲ့တွင်းနက်ကြီးပဲဖြစ်ပါတယ်။ အနက်ပေ ၁၂ ကီလိုမီတာပါ။
ယူနစ်တွေတောင် ပြောင်းလဲလာခဲ့ပါတယ်။

လူသားတွေဟာ ဒီလောက်အနက်ထိတူးနိုင်လာတာပဲနော်..

ကမ္ဘာ့အမြင့်ဆုံးလို့ပြောရင် လူတွေစိတ်ဝင်စားကြပေမဲ့၊ ပြောင်းပြန်အနေနဲ့ အနိမ့်ဆုံးကိုထုတ်ကြွားရင်တော့ လူတွေဟာသိပ်ပြီးစိတ်မဝင်စားခဲ့ကြပါဘူး။
Hachinohe ထုံးသတ္တုတွင်းအကြောင်းကိုတော့မပြောဖူးပေမဲ့၊ အရမ်းစွမ်းအားကြီးတယ်လို့ခံစားရပါတယ်။
တောင်အမြင့်ကြီးကပဲ ဂုဏ်ယူစရာမဟုတ်ပါဘူး။ သေချာပေါက် တောင်အနိမ့်လေးကလည်းနိုင်ငံရဲ့ ထုတ်ကြွားစရာတစ်ခုပါပဲ…

ဒါကြောင့် Akita စီရင်စုကိုရောက်ဖြစ်ခဲ့ရင် Hachirogata အရပ်ရှိပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ သုည မီတာရှိတဲ့တောင်ကိုလည်း တက်ကြည့်ခဲ့ပါအုံးနော်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: